အပိုင်း(၁၀)
2.9K 177 4
"ညီ အစ်ကိုတို့ စကားပြောဖို့လိုပြီ"
လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားသူထံမှ ရုန်းလိုက်ပြီး လက်ဖဝါးကို ဆုပ်ချည် ဖြန့်ချည် လုပ်ရသည်။
"ကျွန်တော် ဆိုင်ကယ်ရှေ့မှာ ပိတ်ရပ်တာ ကိုကိုပါနော် ၊ ကျွန်တော်တို့ ဘာအကြောင်းပြောဖို့ လိုသေးလို့လဲ"
"ဟုတ်ပါတယ် မင်းမှမင်းပါပဲ"
အမ်၊ ကိုကိုက ငါ့မှတ်မိပြီး ကျေးဇူးဆပ်မလို့လား၊ မှတ်မိဖို့လဲ ဘာအကြောင်းမှ မရှိပဲနဲ့။
"အာ ရပါတယ် ကိုကိုရဲ့ ကျွန်တော် အရေးကြီးနေလို့ နောက်မှပဲ"
"နောက်ဆိုကျောပဲရှိတယ် ညီ၊ အလျော်တောင်းဖို့ ကိစ္စက ခုဆိုပိုအဆင်ပြေတာပေါ့"
အလျော်ဆိုမှ ဒီတစ်လော လျော်စရာက ဟိုရက်က ဝင်တိုက်မိတဲ့ ကားတစ်စီးပဲရှိ...အဲ။
"အဲ ကား ဟိုကား"
"ဟုတ်ပါတယ်ဗျာ ခင်ဗျားလေး ဝင်တိုက်သွားတဲ့ ကားပိုင်ရှင်ပါဗျ"
ခပ်ရွဲ့ရွဲ့ ပြောလိုက်တဲ့နောက် လက်ကိုတစ်ပြန် ပြန်ဆွဲလေသည်။
ဘာလဲဟ ဒီလူကြီး ဆွဲလား ရမ်းလားနဲ့။
ဒီကောင်လေး ပမာမခန့်နဲ့ လူကြီးနဲ့ စကားပြောတာတောင် Helmetကိုခုထိ မျက်နှာလေးတောင်မဖော်ပဲ ပိတ်ပြီး ခွန်းတုံ့ပြန်နေတယ်။
"ဟ ဟ ဘာလုပ်တာလဲ"
လက်နှစ်ဖက် Handleကို ကိုင်ထားရတာမို့ ခေါင်းပေါ်က Helmetရှေ့ coverကို ဖက်ကနဲ ဆွဲလှန်လိုက်သည့် မယဉ်ကျေးသည့် ဒီလူကြီးပေါ် ဒေါသက ထောင်းကနဲ။
"မင်းးးး Shin!!! မဟုတ်ဘူး မဟုတ်ဘူး Shinက...!!!ဦးလေး မောင်း!!!"
လူကိုကြည့်ပြီး သွေးပျက်မတက် ဖြူလျော်သွားတဲ့ ကိုကို့မျက်နှာကြောင့် နေမကောင်းဖြစ်သွားတာလား၊ ချက်ချင်းကြီး ကားပေါ်တက်ကာ မောင်းခိုင်းပြီးထွက်သွားလေပြီ။
ဘာလဲဟ...အလျော်တောင်းမယ်လဲဆိုသေး၊ ခုကထွက်ပြေးသွားတာလား၊ အလျော်ဆိုမှ သူတို့ဘက်က ငါ့လည်းPhမဆက်ပါလား၊ လျော်ကြေးက အတော်များမှာလားပဲ၊ Yiboရေ တောင်းတဲ့အခါမှသာ ပေးလိုက်ပါတော့။