အပိုင်း(၁၆)
2.4K 152 0
"ဘာ"
ကြီးကြီး၊ ကြီးမေ ရှိနေတာ ဘယ်လိုလုပ်မလဲ၊ ကြီးမေ။
မပြန်ဖြစ်ခဲ့တာ ကြာပြီဖြစ်တဲ့ အိမ်ကြီးဆီကို ဦးတည်ကာ သွားလိုက်သည်။
ကျွန်တော် နောက်ကျတော့မှာလား ကြီးမေ၊ မေမေမရှိတဲ့ ကျွန်တော်ကို မိခင်မေတ္တာ ပေးခဲ့တဲ့ ကြီးမေ၊ မွေးရပ်မြေနဲ့ ကင်းကွာနေခဲ့တဲ့ ကျွန်တော်ကို ဓလေ့ထုံးတမ်းတွေ သင်ကြားပေးတဲ့ ကြီးမေ၊ ကျွန်တော်ချစ်ရတဲ့ ကြီးမေ။
"မြန်မြန်"
ကားမောင်းသူကို လောလိုက်တော့ နဂိုရှိန်နှုန်းမြင့်ကားလေးက လမ်းမကြီးထက် အရိပ်လောက်သာ မြင်ရတော့သည်အထိ။
ခြံဝန်းကျယ်တွေပဲရှိတဲ့ ရပ်ကွက်ကိုဦးတည်လိုက်တော့ ခပ်လှမ်းလှမ်းက ကြားနေရတဲ့ မီးသတ်ကားသံတွေ၊ ကောင်းကင်ယံထိ လွင့်ပျံနေတဲ့ မီးခိုးညိုမှိုင်းတွေက အဲ့အနီးနား ပတ်ဝန်းကျင်မှာ ရုန်းရင်းဆံခတ်ဖြစ်နေမှန်း သိသာစေသည်။
ခြံဝန်းနဲ့ မလှမ်းမကမ်းမှာ ကားကိုရပ်လိုက်ကာ လူစုလူဝေးတို့ကို တွန်းတိုက်တိုးဝှေ့ပြီး Police Lineနားအထိတိုးကာ အခြေအနေကြည့်လိုက်သည်။
"အေးဟယ်...ညနေစောင်းကြီး မီးရှော့ဖြစ်တယ် ကြားတာပဲ"
"ဘယ်သူတွေရှိလဲ အိမ်ထဲမှာ"
"အဲ့ဒါတော့ မသိပါဘူး တစ်ယောက်မှ ထွက်မလာသေးတာတော့ သေချာတယ်၊ မီးကတဖြည်းဖြည်း ကြီးလာပြီ လွတ်ပါစေ ဘုရား ဘုရား"
ဘေးပတ်ဝန်းကျင်က လူတွေရဲ့ တစ်ယောက် တစ်ပေါက်အသံတွေကြောင့် အိမ်ထဲက ဘယ်သူမှ ထွက်မလာသေးဘူးပေါ့။
ခြံရှေ့ဘက်ကပိတ်ထားပေမဲ့ အနောက်ဘက် မလွယ်ပေါက်က ဝင်လွယ်တာမို့ လမ်းမဘက်ကပတ်ကာ ခြံနောက်ဘက်ကနေ အိမ်ထဲ ဝင်လိုက်သည်။
အိမ်အနေအထားအရ တစ်ဝက်လောက် မီးစွဲနေလေပြီမို့ အမြန်ပင် အိမ်နောက်ဘက် တံခါးမကြီးက ဝင်လိုက်သည်။
"ကြီးမေ ကြီးမေ "
မရပ်မနား အော်ခေါ်ပေမဲ့ ဘာတုံ့ပြန်သံမှ မကြားချေ၊ မီးခိုးတွေ နေရာ အနှံ့မို့ သွားနေကျ အိမ်ခန်းနေရာတွေကလည်း မသဲမကွဲ၊ အဆက်မပြတ် အော်ရလွန်းလို့ အသံတွေပါတိမ်လာသည်။