အပိုင်း(၇)
2.8K 200 23
ကွန်ကရစ်လမ်းလေးအတိုင်း တောင်ကုန်းလေးပေါ် တရွေ့ရွေ့တက်လာနေတဲ့ လူရွယ်လေး နှစ်ယောက်အနက် Long coatအရှည်နဲ့ အနောက်တိုင်းဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားတဲ့ လူရွယ်လေးက အဖြူရောင်နှင်းဆီပန်းစည်းကို သယ်ဆောင်လာပါတယ်။
နောက်နားကတစ်ယောက်ကတော့ အစားအသောက်ခြင်းကို သယ်လာပြီး လေးပင်တဲ့ ခြေလှမ်းတွေနဲ့ မျက်နှာကလည်း မသာမယာ ဖြစ်နေဟန်ပေါ်နေပါတယ်။
အုတ်ဂူတစ်ခုရှေ့ ရောက်တဲ့အခါ ယူလာတဲ့ အစားအသောက်တွေကို ပြင်ဆင်ရင်း အရက်ကိုငှဲ့ကာ ကောင်လေးတစ်ယောက်က ကျန်တစ်ယောက်ကို ခွက်ကမ်းပေးလိုက်ပြီး နေရာမှ ထကာ ဖယ်ပေးလိုက်သည်။
"Shin ငါနဲ့Bin လာလည်တယ်၊ မင်းခုတစ်လော ပျင်းနေလား၊ ဒီတစ်ခေါက် ငါရက်ကြာကြာ နေဖြစ်မယ်၊ မင်းကိုလွမ်းနေတာ ၊ မင်းရော ငါလာလည်လို့ ပျော်လား၊ မင်းကြိုက်တဲ့နှင်းဆီတွေ ငါယူလာတယ်"
အရက်တစ်ချို့ကို မြေပုံပေါ်လောင်းချကာ နှုတ်ကလည်း တတွတ်တွတ် အဆက်မပျက်ပြောနေတာကို ကြည့်ရင်း Yu Binလည်း မြေပုံကို ဦးညွှတ်လျှက်ရပ်နေသည်။
ခဏနေတော့ အုတ်ဂူအနီးအနားက မြက်ပင်တွေကို နှုတ်ရင်း နှစ်ယောက်စလုံး ငြိမ်သက်နေပြန်လေသည်။
စကားတစ်ခွန်းမှ မဆိုဖြစ်ပဲ တိတ်ဆိတ်ခြင်းသည်ကသာ သေလွန်ပြီးသောလူကို လေးစားသည့် အပြုအမူအဖြစ် သတ်မှတ်ထားသည့်အလား။
"Shin Shinရေ မင်းနဲ့အန်တီဆီ တစ်ယောက်ယောက် လာလည်သွားတာလား၊ ဒီသစ်ခွတွေက မညှိုးသေးဘူးဆိုတော့ ၊ ဘာလဲ ကောင်မလေးလာလည်တာလား၊ ချောရောချောလား၊ ထားပါ ငါ့လောက်ချောမယ်တောင် မထင်ဘူး ဟုတ်တယ်မဟုတ်လား Zhan Zhan"
ရယ်သန်းသွေးဟန်ပြုလိုက်ပြီး မျက်တောင်ကို နှစ်ချက်ခန့် ပုတ်ခတ်လိုက်ကာ ကျခါနီးမျက်ရည်တို့ကို သိမ်းဆည်းလိုက်ပြီး Xiao Zhanကို စကားလှမ်းပြောလိုက်သည်။
မျက်သားဖြူတို့ထိ ရဲနေပြီး ကျလုနီးမျက်ရည်တို့ကို သိမ်းထုတ်ထားပုံက မပြိုခင် အုံ့ဆိုင်းနေတဲ့ မိုးတိမ်မဲတွေလို မာန်တင်းထားပုံက အထင်းသား။