ဇာတ်သိမ်း
6.1K 231 18
အုတ်ဂူလေးပေါ်မှာ ဖေးတင်ထားတဲ့ နှင်းဆီနီနီအချို့ နှင့်အတူ စားသောက်ဖွယ်ရာနဲ့ သေရည်အိုးလေးပါ ရှိနေလေသည်။
လေတစ်ဝှူးဝှူး တိုက်ခတ်နေတဲ့အလျောက် တစ်ဖျပ်ဖျပ် လွင့်နေတဲ့ Long coatရှည်အနားစက လေထဲလွင့်လို့။
တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေပြီး ဂါဝရပြုနေတဲ့ အမျိုးသား(၂)ယောက်နဲ့ ကောင်လေးတစ်ယောက်တို့ တူတူရှိနေလေသည်။
ထူဆန်းတာလေးက တစ်ခုပါပဲ၊ အုတ်ဂူထက် ဘောင်သွင်းထည့်ထားတဲ့ ဓါတ်ပုံနဲ့ အပြင်မှာ ရပ်နေတဲ့ ကောင်လေးတို့မှာ ချွတ်စွတ်တူနေခြင်းပင်။
ဟုတ်ပါတယ် ယနေ့ ကိုကို့ကို ကျွန်တော်လာတွေ့တာပါ။
ကိုကို့ကို လာတွေ့ရင်း ကျွန်တော်ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေနဲ့ ကိုကိုဖြစ်စေချင်ခဲ့တဲ့ ဆန္ဒအချို့ကို အကောင်အထည်ဖော်ပေးမယ်ဆိုတာပါ ကတိပြုရင်း။
Shin...ငါ ဒီနှစ်ထဲ နောက်တစ်ကြိမ် လာလည်တယ်နော်၊ ငါမင်းကိုသတိရနေတယ်၊ မင်းဆီ ခဏခဏ လာလည်လို့ စိတ်မဆိုးဘူး မှတ်လား၊ ငါလေ ငါ ရှေ့ရက်တွေမှာ စိတ်ဖိစီးနေခဲ့တာ၊ ညီ့ကို မကယ်လိုက်နိုင်တော့ဘူးတောင် ထင်နေခဲ့တာ၊ ငါ ညီကို ခုကစပြီး သေချာစောင့်ရှောက်ပါ့်မယ်၊ ငါညီကို တဖြေးဖြေးနဲ့ လက်မလွှတ်နိုင်တော့ဘူး၊ ညီ့ကို ငါနဲ့ စိတ်ချမယ် မှတ်လား၊ ငါ့ဘဝမှာ အရေးကြီးတဲ့ ပုဂ္ဂိုလ် နောက်တစ်ယောက်ကို အထိခိုက်ထပ်ခံတဲ့ သူအဖြစ် ငါမရှင်သန်တော့ဘူး၊ ငါ့မြတ်နိုးရာကို ငါကာကွယ်နိုင်တဲ့ လူသားအဖြစ် ငါရှင်သန်မယ်လို့ ကတိပေးတယ် Shin၊ ငါ့ကို ညီနဲ့ ခွင့်ပြုပါ။
တိုးတိတ်တဲ့ ဆုတောင်းနှစ်ခု ပြီးတဲ့နောက် ခပ်ဝေးဝေးက လွင့်ပျံ့လာတဲ့ ဘုရားကျောင်းရဲ့ ခေါင်းလောင်းသံက လူသားနှစ်ဦးကို ကောင်းချီးပေးနေသလို။
တောင်ကုန်းလေးပေါ်က အရင်ဆင်းသွားတဲ့ အစ်ကို Binကိုကြည့်ရင်း...
"ကိုကို""ညီ"
တစ်ပြိုင်တည်း ထွက်လာတဲ့ အသံနှစ်ခုက ရှေ့ဆက်ရမယ့် စကားတွေကို ခဏတာ ဆွံအသွားစေသည်။
🎉 Du har läst färdigt လွမ်း၍မတည် အပြုံး၌မွေ့လျော်သော(လွမ်း၍မတည် အပြုံး၌မွေ့လျော်သော) 🎉