အပိုင်း(၁၇)
2.5K 152 2
မီးလောင်မှုကလည်း အစ်ကိုLu Nyanကြောင့် အစစ အရာရာ အဆင်ပြေသွားလေပြီ၊ Yiboကြီးကြီးကိုတော့ မီးလောင်တဲ့အိမ်ထဲကနေ ထိခိုက်ဒဏ်ရာမရှိပဲ ကယ်ထုတ်နိုင်ခဲ့တယ်၊ ဒါကိုမသိပဲ Yiboက ဝင်သွားတာမို့ ကျွန်တော်က လိုက်ဝင်ကယ်ရတဲ့ အခြေအနေထိ ရောက်သွားရတာ၊ Yibo ပါးးးကိုလည်း အကြောင်းကြားလိုက်တာမို့ ချက်ချင်းရောက်လာတယ်၊ တရားခံကိုဖမ်းမိပြီး ဆောင်ရွက်စရာရှိသည်တို့ကို လုပ်ဆောင်ပေးခဲ့ကာ အစ်မဖြစ်သူကို စိတ်ပြေလက်ပျောက် အလည်ခေါ်သွားလေသည်၊ လေးလေး Xiao Weiက အစ/အဆုံး သူစေခိုင်းတာပါလို့ ဝင်ခံတာမို့ အမှုကမြန်မြန်ပြီးသွားလေသည်၊ ဒါပေမဲ့လည်း နောက်ဆက်တွဲ ရုံးချိန်းတွေက အစ်ကိုLu Nyanအမည်နဲ့ တရားလိုလုပ် တိုင်ကြားထားတာမို့ အစ်ကိုကပဲ အစစ အရာရာ ဆောင်ရွက်နေသည်၊ ကျွန်တော်လား???ကျွန်တော်က မအားပါဘူးဗျ၊ Wang Yiboလို့ခေါ်တဲ့ ကျွန်တော်ရဲ့ မြတ်နိုးရာလေးကို ပြုစုစောင့်ရှောက်နေတာမို့။
တစ်ဖက်ခန်းကို ကူးလာလေတော့ ကုတင်ထက် အိပ်မောကျနေတဲ့ ညီ။
ဖြူစင်တဲ့မျက်နှာထားနဲ့ ခန့်ငြားလွန်းတဲ့ရုပ်သွင်ကို ခဏတာငေးကနဲ ဖြစ်သွားလေသည်။
အတွေးတွေ ဘယ်လိုပြောင်းပြောင်း ဒီကလေးရဲ့ မျက်နှာလေးကိုပဲ မော်ဖူးချင်နေတော့တာပဲ။
အကြည့်က ဘယ်လိုလွှဲလွှဲ မျက်နှာကို ပြန်ရောက် သွားပြန်တော့ နှုတ်ခမ်းလှလှလေးတွေဆီ၊ မျက်နှာနှစ်ခု နီးသွားကြတယ်။
"သိပ်ချစ်တယ်ညီ ၊ ညီကိုဆုံးရှုံးရပြီထင်တာ၊ ညီကို မဆုံးရှုံးရလို့ ကိုယ်ကံကောင်းလိုက်တာ"
ကျွန်တော်တို့ အရမ်းနီးကပ်နေကြပြီ၊ ထိုအချိန်မှာပဲ မှေးမှိတ်နေတဲ့ မျက်ဝန်းအစုံဟာ ပွင့်လာခဲ့တယ်။
"ကိုကို"
"အင်း!!!"
"ဗိုက်ဆာတယ်!!!"
ခန္ဓကိုယ်က ခပ်ကိုင်းကိုင်းပုံ အုပ်မိုးရပ်နေရာမှ ပြန်မတ်လိုက်ကာ ကျွန်တော်ပါ ခပ်တည်တည်ဖြစ်သွားသည်၊ ညီများ ကြားသွားလေမလား???
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
ကိုကို အခန်းထဲကထွက်သွားတော့မှ အသက်အောင့်ထားသည်ကို ရှူသွင်းဖို့ သတိရလေသည်၊ Wang Yibo...Yibo ...သေနတ်မှန်တော့လဲမသေ၊ မီးလောင်တွင်းထဲလည်းမသေပဲ၊ ဒီစကားကြားမှ သေမလိုဖြစ်သွားတယ်မပြောနဲ့နော်၊ မဟုတ်ဘူး မဟုတ်ဘူး၊ ထူးဆန်းလွန်းလို့ ဆွံ့အသွားတာ၊ သွေးတွေအကုန်လုံးအေးခဲသွားတာ၊ ကိုကိုက ကျွန်တော်ကို ချစ်နေတယ်။