Chapter 6

11.4K 2.1K 174
                                    

"ZawGyi"

What to Do, In Front of My Roommate, My Love Rival Confessed to Me

အပြန်လမ်းမှာတော့ ဖျာ(gym mat)ကို တစ်ယောက်က ရှေ့မှကိုင်ပြီး တစ်ယောက်က နောက်မှကိုင်လို့ ဝေ့ရူစုန့်၏ တင်ပါးနှင့် ရှောင်းနျန်၏ခွကြားကို ဖုံးအုပ်ရင်း သယ်လာကြတော့သည်။ သို့သော်လည်း သူတို့နှစ်ယောက်၏ အရပ်ကွာခြားမှုကြောင့် စောင်းနေသောဖျာကို ကြည့်ရသည်မှာ ထူးဆန်းနေသည်။

Orienteering training မှ အတန်းဖော်တစ်ယောက်သည် ဝေ့ရူစုန့်ထံ ပြေးလာကာ နှုတ်ဆက်လေသည်။

"ဟေး ရူစုန့်, မင်းတို့ ဖျာကို ခိုးလာတာလား?"

"အေး, ဒါကို မွေ့ရာလုပ်ပြီး သုံးမလို့သယ်လာတာ"

အဆောင်ခန်းတိုင်းတွင် ကိုယ်ပိုင်လေသာဆောင်များ ပါသော်လည်း ဖျာမှာ တစ်ဝက်မက နေရာယူထားလေသည်။ ရှောင်းနျန်နှင့် ဝေ့ရူစုန့်တို့နှစ်ယောက် အရင်ဆုံး ဖျာ၏အဖုံးကို ချွတ်လိုက်ကြသည်။

(Gym mat ရဲ့ပုံစံကို ​ရှေ့အခန်းမှာ ထည့်​​ပေးထားလို့ မြင်​ကြည့်​လို့ရမှာပါ​နော်​)

ဒီအချိန်မှာတော့ ရှောင်းနျန်၏ ဖူးဖူးမှုတ်ခံထားရသည့် မင်းသားလေးပုံစံက နောက်ဆုံးမှာ ပေါ်ထွက်လာတော့သည်။ အထင်ကြီးလောက်သည့်နောက်ခံနှင့် ဒီသခင်လေးကတော့ ဖျာကို အသုံးမကျစွာ ဆွဲထုတ်ရုံသာ တတ်နိုင်သည်။ ဝေ့ရူစုန့်စိတ်ထဲ ရှောင်းနျန်ကိုကြည့်ရသည်မှာ တစ်စုံတစ်ယောက်၏ အရေပြားကို အခွံခွာနေသလိုပင်။ အားအင်အပြည့်သုံးနေလေသည်။ ကြည့်ရတာတော့ မတော်တဆတစ်ခုခု ဖြစ်တော့မည်။

"အာ, အားအရမ်း မသုံးနဲ့လေ! မင်း-"

ပြဲသွားသည့် အသံကြီးကို ကြားလိုက်ရတော့၏။

"ဖာ့ခ်!" ဝေ့ရူစုန့်က သွေးအန်မိတော့မလို ဖြစ်သွားလေသည်။ "ပြည်သူပိုင်ပစ္စည်းကို မင်း ဖျက်စီးပစ်လိုက်ပြီ!"

"....."

ရှောင်းနျန်က အစိမ်းပုပ်ရောင်ဖျာကို မပြီးကြည့်လိုက်သည့်အခါ တကယ်ကိုပဲ အကြီးကြီးပြဲသွားလေသည်။ ဝေ့ရူစုန့်က အခန်းထဲသို့ ပြန်ဝင်သွားတော့၏။ သူကတော့ ဒီအမှုအခင်းထဲမှ ထွက်ပြေးသွားပြီဟု ရှောင်းနျန်က ထင်လိုက်လေသည်။ ရှောင်းနျန်၏စိတ်ထဲတွင် သစ္စာဖောက်ခံရသည့် ခံစားချက်ကြီးနှင့်အတူ ဘာလုပ်ရမှန်းမသိ လွတ်ထွက်သွားတော့သည်။ ဘယ်အချိန်ကစ၍များ သူ၏မသိစိတ်ထဲတွင် ဝေ့ရူစုန့်ကို မှီခိုလိုက်မိမှန်း မသိလိုက်လေဘူး။ ထိုကဲ့သို့ သူအတွေးထဲ နစ်မြုပ်နေချိန်မှာပဲ ဝေ့ရူစုန့်၏ ခေါ်သံကို ကြားလိုက်ရတော့သည်။

Love Stops Rumours {Completed}Where stories live. Discover now