Chapter 7

11K 2K 252
                                    

"ZawGyi"

What to Do, My Ex-Girlfriend Wants to Reconcile With Me

ထိုကဲ့သို့ ယခင်အဖြစ်အပျက်များကနေ ရုတ်ချည်းပြောင်းလဲသွားမှုကြီးနှင့်အတူ ဝေ့ရူစုန့်၏စိတ်များကလည်း လွင့်ပျံသွားတော့၏။_ Chapter 4 အဆုံးမှာ ငါမင်းကို ထိုးခဲ့တယ်လေ။ ငါမင်းကို ဖြတ်လျှောက်တစ်ယောက်လို့ပဲ ထင်ခဲ့တာ။(ဖြတ်လျှောက်-ဇာတ်လမ်းတွင် မထင်မရှားပါဝင်ရသူ) မင်းက ငါ့ကို ဖွင့်ပြောဖို့အတွက် စောင့်ကြည့်နေခဲ့မယ်လို့တော့ လုံးဝမထင်ခဲ့ဘူးလေ။ အကိုရေ မင်းက နာကျင်ရတာကို သာယာတဲ့သူ(masochist)တစ်ယောက် များလားဟင်? ဒါမှမဟုတ် truth or dare ဂိမ်းမှာ ရှုံးသွားတဲ့သူအတွက် အပြစ်ဒဏ်က အရမ်းဆိုးနေလို့ပဲဖြစ်မယ် ဟုတ်တယ်နော်? ငါတို့က အချစ်ပြိုင်ဘက်ဟောင်းတွေလေကွာ!

ဝေ့ရူစုန့်က သူ့ကိုယ်သူတောင်မသိလိုက်ပဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိ၏။ သူ့အတွက် ဒီလိုဖွင့်ပြောခံရတာမျိုးကို အတွေ့အကြုံမရှိခဲ့တာတော့ မဟုတ်ပေမယ့် တစ်ဖက်လူက ယောက်ျားလေးတစ်ယောက် ဖြစ်နေတာတော့ ဒါက ပထမဆုံးအကြိမ်ပဲ ဖြစ်လေသည်။

အားလုံးလည်း သိကြသည့်အတိုင်း ဝေ့ရူစုန့်ဆိုသည်မှာ အပြင်ပိုင်းက ကြွက်သားအပြည့်ဆိုသော်ငြား အတွင်းထဲမှာတော့ နူးညံ့သည့် နှလုံးသားပိုင်ရှင်လေး ဆိုသည်ကိုပေါ့။ လင်းခိုင်ကျဲ့၏ ဖွင့်ဟဝန်ခံမှုက ဘယ်လိုအကြောင်းရင်းကြောင့်ပဲဖြစ်စေ ဒီအချိန်ပိုင်းလေးမှာတော့ သူ့ကို ကြည့်ရသည်မှာ တလက်လက် တောက်ပနေသော နှလုံးသားလေးနှင့်အတူ ပတ်ဝန်းကျင်မှာတော့ အချစ်၏သင်္ကေတ ပန်းရောင်ဘောလုံးလေးများက ပျံဝဲနေပြီး အလွန်တရာ နူးညံ့သိမ်မွေ့စွာဖြင့် ရှက်ရွံ့နေပုံပေါက်နေလေသည်။ ဘာမှန်းမသိရသည့် အကြောင်းပြချက်တစ်ချို့ဖြင့် ဝေ့ရူစုန့်ကတော့ <One Plum Blossom> သီချင်းအား လင်းခိုင်ကျဲ့အတွက် ပြေးမြင်မိလေသည်။

(T/N: One Plum Blossom က အချစ်သီချင်းဖြစ်ပြီး အချစ်စစ်မှန်ရင် ဘယ်အရာမှ တားဆီးမရဘူးဆိုတာမျိုး ရေးဖွဲ့ထားတာပါ)

"အာ မဟုတ်ဘူး မင်းကဘာလို့ ငါနဲ့တွဲချင်ရတာလဲ....." ဝေ့ရူစုန့်သည် သူ၏ ပုံမှန်သမာရိုးကျလိင်စိတ်နှင့် ပတ်သက်သည့် လွန်ခဲ့သည့်အချိန်က အတွေးများကို တွေးမိလိုက်သည့်အခါ သူ၏ပါးစပ်မှ "တွဲသည်" ဆိုသောစကားလုံး ထွက်လာချိန်တွင်တော့ ကြက်သီးဖြန်းဖြန်း ထသွားတော့၏။

Love Stops Rumours {Completed}Where stories live. Discover now