Chapter 27

12K 1.6K 150
                                    

[Unicode]

I Knew Asking You GuysWas Useless! I'm Getting Screwed By My Roommate Now!!!

Warning: [NSFW]

ဒီတစ်ကြိမ်မှာတော့ ရှောင်းနျန်၏အနမ်းများက နူးနူးညံ့ညံ့လေးပင်။ ဝေ့ရူစုန့်ကတော့ ခေါင်းထဲတွင် ချာချာလည်သည်ထိ အနမ်းခံနေရလေ၏။ သူ၏ခြေထောက်များမှာ အားနည်းနေပြီး ခြေချောင်းလေးများကလည်း ယိုင်နဲ့နေတော့သည်။ အကယ်၍ ရှောင်းနျန်၏ ခြေထောက်များကသာ ထောက်ပံ့မပေးထားဘူးဆိုလျှင် ဝေ့ရူစုန့်ကတော့ ကြမ်းပြင်ပေါ်တွင် အနမ်းခံနေရလောက်ပြီ။

ထကြွနေသော အမျိုးသားများအားလုံးကတော့ ကြမ်းကြုတ်ရက်စက်တတ်သည်မှာ သိသာထင်ရှားလှသည်။ ဝေ့ရူစုန့်တစ်ယောက် ဒီအနမ်းထဲတွင် သူ့လျှာလေး အရည်ပျော်ကျသွားခြင်းမှ ကာကွယ်နိုင်ရန် ထိုလျှာမှာ သူ့ကိုယ်ပိုင်လျှာလေးပါ ဆိုသည်ကို ပြောပြဖို့ အပြင်းအထန် ကြိုးပမ်းနေ‌ရလေ၏။

"သွား, ရေအရင် သွားချိုးချေ," ဝေ့ရူစုန့်က, ခွေးလေးကို မောင်းထုတ်လိုက်သလိုပြောလိုက်ပြီး, ရှောင်းနျန်၏ ကိုယ်ပေါ်မှ ဆင်းသွားတော့သည်။ သူက အသက်ကို ပြတ်တောင်းပြတ်တောင်း ရှုရှိုက်ရင်း ရှောင်းနျန်အား ရေချိုးခန်းထဲသို့ တွန်းလွှတ်တော့သည်။ သူ၏စိုစွတ်နေသော မျက်ဝန်းများကို တဖျတ်ဖျတ်ခတ်လို့, "မဖြစ်ခင်မှာ ရေအရင်ချိုးသင့်တယ်"

ရှောင်းနျန် ရေချိုးခန်းထဲသို့ ဝင်သွားသည်နှင့်တပြိုင်နက် ဝေ့ရူစုန့်တစ်ယောက် ကွန်ပျူတာရှေ့သို့ အပြေးအလွှားသွားပြီး Baidu ကို သွားဖွင့်တော့သည်။ ပြီးတာနဲ့ ရိုက်ထည့်တော့သည်မှာ "ငါ့ချစ်သူနဲ့ ချစ်ကြဖို့အတွက် ငါ ဘာလုပ်ရမလဲ," "အတွေ့အကြုံမရှိတဲ့ လူပျိုလေးငါ့အတွက် ပထမဆုံးအကြိမ် ချစ်ကြတာ," "ငါ့ကောင်လေးရဲ့ ညီလေးက ကြီးလွန်းနေတာကို ငါ ဘာလုပ်ရမလဲ," ပြီးတော့ "ဂေး sex အတွက် အဆင့်များ"။ ဝေ့ရူစုန့်၏ လက်ချောင်းလေးများမှာ ကီးဘုတ်ပေါ်တွင် ပြေးလွှားနေပြီး ရိုက်လိုက် ပြန်ဖျက်လိုက်,ဖျက်လိုက် ပြန်ရိုက်လိုက်ဖြင့်ပင် ကွန်ပျူတာမျက်နှာပြင်ကို စိုက်ကြည့်နေပြီးနောက် စိတ်တိုင်းကျ တွေ့သွားတော့သည်။ ရေချိုးခန်းထဲမှ ရေကျသံကို ကြားလိုက်ချိန်တွင်တော့ သူက တည်တည်ငြိမ်ငြိမ်ဖြင့် ရိုက်တော့သည်မှာ

Love Stops Rumours {Completed}Where stories live. Discover now