Chapter 9

11K 2K 43
                                    

"ZawGyi"

What To Do, My Roommate and I Exchanged Hand Jobs on the Rooftop{NSFW}

"အမ်?"

"ဒီကိုလာ"

ဝေ့ရူစုန့်တစ်ယောက် အလွန်အေးနေသည်ကို ရှောင်းနျန်က မြင်တော့ သူကပဲစပြီး ဝေ့ရူစုန့်၏လက်ကောက်ဝတ်ကိုဆွဲလို့ သူ့လက်မောင်းများ ကြားထဲသို့ ဆွဲခေါ်လိုက်တော့သည်။ ဒီလိုလုပ်လိုက်ခြင်းဖြင့် ဝေ့ရူစုန့်မှာ ရှောင်းနျန်၏ခါးပေါ်သို့ အလိုအလျောက် ရောက်သွားလေရာ သူက စစ်စိမ်းရောင် ဂျာကင်ဖြင့် ဝေ့ရူစုန့်၏ပခုံးများပေါ်သို့ ဖုံးအုပ်လိုက်လေတော့သည်။ သူတို့နှစ်ယောက်၏ အေးစက်နေသော ခန္ဓာကိုယ်များကတော့ တင်းတင်းကျပ်ကျပ်ဖြင့် ပူးကပ်သွားလေတော့၏။

"ကျွန်တော့ကို ခပ်တင်းတင်းဖက်ထား။" ဒါက မလိုအပ်ဘူးဟု ခံစားမိသောကြောင့် ဝေ့ရူစုန့်က အနည်းငယ် ရုန်းကန်လိုက်သော်လည်း နောက်ဆုံးမှာတော့ ရှောင်းနျန်၏ရင်ခွင်ထဲသို့ ကျရောက်သွားတော့သည်။ သူ၏လက်ချောင်းများက အမှတ်တမဲ့နှင့် ရှောင်းနျန်၏ သေးသွယ်သောလည်တိုင်လေးကို ပွတ်သပ်မိလိုက်လေရာ ရေခဲတမျှအေးစက်နေသည်ကို တွေ့လိုက်ရတော့သည်။ ရှောင်းနျန်သည်လည်း ချမ်းနေသည်ကို ဝေ့ရူစုန့်တစ်ယောက် သဘောပေါက်သွားတော့၏။ သူက ဒါကို မပြောပြတာပဲ ရှိမည်။ သေချာပေါက် သူကစီနီယာတစ်ယောက် ဖြစ်သော်ငြား ဘာကြောင့်များ ဒီကလေးက တည်ငြိမ်နေပုံ လုပ်နေရတာလဲ? ထို့ကြောင့် ဝေ့ရူစုန့်က ရှောင်းနျန်ကို ခပ်တင်းတင်းဖက်လိုက်လေတော့၏။ ရှောင်းနျန်၏ လက်မောင်းများမှာလည်း ဝေ့ရူစုန့်၏ အတော်အတန် ဆွဲဆောင်မှုရှိလှသောခါးလေးပေါ်သို့ ရောက်သွားလေတော့သည်။ ဒီလိုနည်းနှင့် သူတို့ခန္ဓာကိုယ်များ၏ အနွေးဓာတ်ကို မျှဝေကြရင်း ညတာရှည်ကြီးကို ဖြတ်သန်းနိုင်ရန် စောင့်ဆိုင်းကြလေတော့သည်။

"ရှောင်းနျန်"

ဝေ့ရူစုန့်က ရှောင်းနျန်၏ နာမည်ကို ခေါ်လိုက်သည်။ သူတို့နှစ်ဦး၏ ရင်ဘတ်များမှာ တစ်ဦးနှင့်တစ်ဦး မှီကပ်နေသောကြောင့် နှစ်ဦးလုံး၏နှလုံးခုန်သံများမှာ ပြင်းပြင်းထန်ထန်ဖြင့် ​ကျယ်လောင်နေပြီး ပေါက်ကွဲထွက်တော့မလိုပင် ဖြစ်နေသော်ငြား ဘာမှမဖြစ်သကဲ့သို့ပင် အသည်းအသန် ဟန်ဆောင်လျှက် ရှိနေကြသေးသည်။

Love Stops Rumours {Completed}Where stories live. Discover now