Chapter 13

11.1K 1.8K 120
                                    

[Unicode]

What to Do, I'm in a Hotel Room With My Roommate

အခုတော့ ဝေ့ရူစုန့်မှာ အနေရခက်စရာ အခြေအနေကြီး ဖြစ်နေပြီလေ။ အမူးပြေသွားပြီးနောက် သူက သူ့သတ္တိများကို စုစည်းကော်ထုတ်မည်ဆိုရင်တောင် ဒီကိစ္စကိုသဘောမတူဝံ့ပါဘူး‌နော်။ သို့သော် သဘောမတူဘူးပြောပြန်ရင်လည်း သူ့ကို စိတ်ပျက်သွားစေလိမ့်မည်။(စုန့်စုန့်ရဲ့ အတွေးတွေကတော့)။ စဉ်းစားဆုံးဖြတ်ပြီးသည့်နောက် ဝေ့ရူစုန့်က ဆိတ်ဆိတ်နေဖို့ရန်ပဲ ဆုံးဖြတ်လိုက်တော့သည်။ ဆိတ်ဆိတ်နေခြင်းဟာ အကောင်းဆုံးပဲတဲ့။ သူကတော့ ရှောင်းနျန်ရဲ့ကုတင်ပေါ်ကို တက်သွားဖို့အတွက် အရက်ထဲမှာ အဆိပ်ခတ်ခံလိုက်ရတာပဲ ဖြစ်မည်။ လွတ်မြောက်ချိန်တန်ပြီ.....

ဝေ့ရူစုန့်ကတော့ ဘာမှမဖြစ်ခဲ့ပုံဖြင့် လစ်ထွက်သွားဖို့ရန် ကြံလိုက်သည်။ သို့သော်လည်း ရှောင်းနျန်က နောက်မှနေ၍ အားဖြင့်ပြန်ဆွဲထားခြင်းကို ခံလိုက်ရလေ၏။ သူက ကြောက်လန့်တကြားနှင့် သူ၏နောက်ပိုင်းကို ဆုပ်ကိုင်ထားလိုက်‌တော့သည်။

"ရူးချင်ယောင်ဆောင်မနေနဲ့ ကျွန်တော် အော်မိတော့မယ်နော်!"

"ရှုး, အိပ်တော့"

ရှောင်းနျန်က အရက်နံ့ဖြင့် နံဟောင်နေသော ဝေ့ရူစုန့်အား ဖက်လိုက်လေ၏။ သူ၏ဝင်လေထွက်လေများက ဝေ့ရူစုန့်၏ လည်ပင်းကိုတောင် ရိုက်ခတ်နေပြီး အသွေးအသားထဲထိ ဝင်ရောက်သွားသလိုပင်။ ဝေ့ရူစုန့်ကတော့ အမှောင်ထဲတွင် မူးနောက်၍နေလေပြီ။ သူ၏ခေါင်းထဲတွင်တော့ ပူပေါင်းတွေ တစ်လုံးပြီးတစ်လုံးတက်လာပြီး မရပ်မနား ပေါက်ကွဲထွက်နေသည့်အလား ဖြစ်နေချေပြီ။

"ဘာလဲဟင်!"

ဝေ့ရူစုန့်တစ်ယောက် အခုလို အကြောက်လွန်နေသည့် အခြေအနေတွင် ရှောင်းနျန်ဆီမှ ထွက်လာသည့် စကားတစ်ခွန်းက သူ့ကို ချက်ချင်းကြီး ကို့ယို့ကားရား ဖြစ်သွားစေတော့၏။

"ခင်ဗျား အရက်နံ့တွေ နံနေတယ်, သန့်ရှင်းရေး မြန်မြန်သွားလုပ်။"

"မင်းက ငါ့ကို အပြစ်ရှာနေတာလား?!" ဝေ့ရူစုန့်က အခုတော့ အသိတရားမရှိသည့် ခပ်သွက်သွက်စော်လေးပုံစံကို ပြုမူနေလေ၏။ "မင်းက တကယ်ပဲ ငါ့ကို အပြစ်ရှာနေတယ်, ငါ မင်းကို နံပြီးသေသွားအောင် လုပ်ပစ်မယ်။"

Love Stops Rumours {Completed}Where stories live. Discover now