Chapter 8

10.7K 2K 101
                                    

"ZawGyi"

What to Do, My Roommate and I Are Trapped on the Rooftop

သူ၏ပါးလွှာသော ဘောင်းဘီလေးမှာ အအေးဒဏ်ကို အံတုဖို့ရန်မဖြစ်နိုင်လေရာ ဝေ့ရူစုန့်မှာ သူ၏ဟဝှာ(balls)များတောင် ကျုံ့သွားသည်ဟု ခံစားလာရသည်။ အဝေးမှ ခေါင်းလောင်းသံတစ်ချက် ကြားလိုက်ရသည်, ချမ်ရွှမ်ရွှမ်၏မျက်ရည်များကတော့ ပုလဲလုံးလေးများကဲ့သို့ တလက်လက်နှင့် ဖြစ်လာတော့၏။

တဟူးဟူးတိုက်နေသော လေတွေရယ်, မျက်ရည်တွေနဲ့ အလှပဂေးလေး တစ်ယောက်ရယ်, ဝမ်းနည်းစရာကောင်းလှသည့် ပြကွက်လေးမှာတော့ ကိုရီးယား ဒရမ်မာများမှ ခိုးချထားသည့် မြင်ကွင်းတစ်ခုလိုပင် ဖြစ်နေပြီး ပိုပြီးအသက်ဝင်စေဖို့ရန် နောက်ခံသီချင်းလေး မပါတာတစ်ခုသာ ရှိမည်။ အဲဒီနောက်မှာတော့ ဝေ့ရူစုန့်က နွေးထွေးမှုအပြည့်ဖြင့် ချမ်ရွှမ်ရွှမ်ကို ပွေ့ဖက်လိုက်မည်။ ပြင်းထန်လှသည့် နှလုံးခုန်သံစည်းချက်များနှင့်အတူ နှစ်ဦးသား၏နှလုံးသားထဲတွင်တော့ နူးညံ့စွာနဲ့ပဲ တစ်ယောက်နှင့်တစ်ယောက်ပျော်ဝင်ကြမည်ပေါ့ ­_အင်း ဟုတ်ပြီလေ။ ဝေ့ရူစုန့်က ဟာသဉာဏ်ရွှင်သူဖြစ်သော်ငြား သူ၏ပါးစပ်လေးကတော့ သိပ်ပြီးမလိမ္မာလေဘူး။ ရလဒ်ကတော့ နားလည်မှုလွဲမှားခြင်းများစွာပဲ ရလာတာများသည်။ ဝေ့ရူစုန့်က ချမ်ရွှမ်ရွှမ်၏ရှေ့တွင် ရပ်ရင်း ကို့ယို့ကားယားဖြင့် ဟိုကုတ်ဒီကုတ်လုပ်နေပြီး မည်ကဲ့သို့ ပြန်ပြောရမည်ကို စဉ်းစားနေလေသည်။အဲဒီအချိန်မှာပဲ ဝေ့ရူစုန့်တစ်ယောက် စီးကရက်သောက်ချင်စိတ်က အနည်းငယ်ဖြစ်လာတော့သည်။ ချမ်ရွှမ်ရွှမ်နှင့် တွဲခဲ့ပြီးနောက် သူက စီးကရတ်ကို ဖြတ်ခဲ့တာမို့ သူ၏အာသီသကတော့ သိပ်ပြီးမပြင်းထန်ပေ။ ဝေ့ရူစုန့်သည် သူသဘောကျနှစ်သက်သူအတွက်ဆို ဘာမဆို စွန့်လွှတ်အနစ်နာခံနိုင်သူတစ်ယောက်အနေနှင့် စံထားရမည့်သူတစ်ယောက် ဖြစ်သည်။ သူတို့နှစ်ယောက်တွဲနေသည့် အချိန်တုန်းကဆိုလျှင် ဝေ့ရူစုန့်မှာ ချမ်ရွှမ်ရွှမ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် သူ၏ဂိမ်းထဲမှ အချိန်မရွေးထွက်သွားတတ်သူအဖြစ် နာမည်ကြီးလေသည်။

Love Stops Rumours {Completed}Dove le storie prendono vita. Scoprilo ora