Chapter 26

11.3K 1.6K 106
                                    

[ZawGyi]

What to Do, My Roommate Says He Wants to Do Me Now!!!

မေလ ၁ ရက်, အလုပ်သမားနေ့၏ မှောင်မဲပြီး လေထန်သည့်ညမှာတော့ ရှောင်းနျန်ဟာ ကံဆိုးစွာပဲ သူ့ကလပ်မှစီစဉ်သည့် ခရီးအတွက် အသင်းခေါင်းဆောင်အဖြစ် တွန်းအားပေးခံလိုက်ရတော့သည်။ အဲ့ဒီခရီးမှာ ၁ ညအိပ် ၂ ရက် ခရီးဖြစ်သောကြောင့် အဆောင်သို့ ညပြန်မအိပ်နိုင်တော့ပေ။ ဝေ့ရူစုန့်ကတော့ ကြိုဆိုရေးတာဝန်ခံအဖြစ် ဆွဲခေါ်ခံလိုက်ရသည့် ရှောင်းနျန်ကို မညှာမတာ ဟားတိုက်မိလိုက်ရာ ရှောင်းနျန်၏ သေလောက်အောင် နမ်းတာ ခံရလုနီးနီးတောင် ဖြစ်သွားခဲ့သည်။ ဝေ့ရူစုန့်ခမျာ ရွေးချယ်စရာမရှိပဲ ရှောင်းနျန်သူ့ကို မလွှတ်ပေးမချင်း သူ့အား ယောက်ျားဟုချွဲနွဲ့ခေါ်လို့ အန်ချင်စရာကောင်းလောက်အောင် ချစ်စရာကောင်းလှသည့် အပြုအမူမျိုးကို လုပ်ရလေတော့၏။ ဒါက ဘာလဲ, ရှောင်းနျန်က အကျင့်မကောင်းသူကြီးဆိုတာကို ဖုံးကွယ်ထားတဲ့အကြောင်း ငါဘာလို့ မသိခဲ့ရတာလဲ? သို့ပေသည့်, ဝေ့ရူစုန့် နားလည်သည်ကတော့ သူလည်းပဲ အရင်ချိန်တွေတုန်းကတော့ သူ့ရဲ့ ချစ်စရာကောင်းပြီး ဖျတ်လတ်တက်ကြွလှတဲ့ လိမ္မာသောချစ်သူလေးက သူ့ကို ချိုချိုမြိန်မြိန်လေး ယောက်ျားလို့ ခေါ်တာကို လိုချင်ခဲ့တယ် ဆိုတာပဲ။ သို့သော်ငြား ဝေ့ရူစုန့်မှာ တခြားသူများဆီမှ ယောက်ျားဆိုသော ခေါ်သံကို ကြားရမည့်အစား သူကပဲ တခြားတစ်ယောက်ကို ယောက်ျားဟု ခေါ်ရတော့မည် ဆိုသည်ကိုတော့ ဘယ်သူများ သိလိမ့်မတုန်း။ ဘုရားသခင်က သူ့ကို တကယ်ကြီး ကျီစားလိုက်တာနော်.....

သူ၏ ပင်ကိုယ်စရိုက်ကြောင့်လား မသိပေမယ့် တခြားစုံတွဲများနှင့်မတူဘဲ, ဝေ့ရူစုန့်မှာ ရှောင်းနျန်ကို ၂၄ နာရီ ၇ ရက် တွယ်ကပ်လိုစိတ် မရှိပေ။ သူက ဒီအကြောင်းကို ဟွမ်းဖန်အား ပြောပြချိန်တွင်တော့ ဟွမ်းဖန်က သူ့ကို ပြောလွှတ်လေတော့၏: "ငါ့ချီးပဲ, မင်းနဲ့ရှောင်းနျန်က အခန်းဖော်တွေလေ, မင်းတို့က နှစ်ယောက်တည်း အချိန်တိုင်း တွေ့နေရတာကို, မင်းတို့တွေ မမောမပန်းလုပ်ပြီး သေသွားလည်း ဘယ်သူကမှ မင်းတို့ကောင်တွေကို ရှာတွေ့မှာ မဟုတ်ဘူး။"

Love Stops Rumours {Completed}Onde as histórias ganham vida. Descobre agora