Part 2

4.6K 229 2
                                    

"ညကျ ငါတို့clubကိုဘယ်အချိန်လောက် သွားကြမလဲ"ဟု ကျန်းချန်ကမေးလိုက်သည်

"ဟိုကောင်တွေနဲ့ 12:00ချိန်းထားတာလေ 11:30လောက်အရောက်သွားကြတာပေါ့ ဒါမဲ့စစ်ကျွေးမသိစေနဲ့ သူလိုက်လာရင်ထိခိုက်မိနေဦးမယ် ဒီညတော့ အာ့ကောင်တွေကို မှတ်လောက်အောင်ဆုံးမပေးလိုက်မယ်"

ထိုအချိန်တွင် စစ်ကျွေးရောက်လာသည်
"မင်းကလည်း ဘာလုပ်နေလို့       
အာ့လောက်ကြာနေတာလဲ"

"လာတဲ့လမ်းမှာ ဆရာနဲ့တွေ့နေလို့ကွ မင်းတို့3ကောင်ကို အတန်းတက်ဖို့နဲ့ ရန်မဖြစ်ဖို့ ပြောခိုင်းနေလို့
ငါကြာနေတာ မင်းတို့3ကောင်ကြောင့်"
သူတို့3ယောက်က ဒေါသအိုးလေးတွေဖြစ်ပေမယ့် စစ်ကျွေးကိုတော့ အလိုလိုက်ပြီးချစ်ကြသည်

"ဒါနဲ့ငါမေးပါဦးမယ် မင်းတို့ဒီည clubမှာ ဟိုကောင်တွေနဲ့ချိန်းထားတယ်ဆို"

"မဟုတ်ပါဘူးကွာ မင်းဘယ်ကကြားလာတာလဲ"

"အေးလေကွာ မင်းကလည်း မဟုတ်ပါဘူး"

"မဟုတ်လည်းပြီးတာပဲ"

ရွှယ်ယမ်ဖုန်းလေး ထမြည်လာသည်
"Ge ပြော ဘာကိစ္စ"

"ခုည Geသွားစရာရှိလို့ မလာဖြစ်တော့ဘူး"

"ဒါပဲမလား ဖုန်းချလိုက်ပြီ"
ရွှယ်ယမ်ဖုန်းချပြီး သူတို့4ယောက် ကန်တင်းမှထွက်လာပြီး အိမ်ပြန်လာခဲ့ကြသည်

clubသွားဖို့ ရှောင်းကျန့်စောင့်နေစဉ် ရှင်းချန်ဆီမှာဖုန်းဝင်လာသည်
"ရှောင်းကျန့် ငါနည်းနည်းနောက်ကျမယ် မင်းကိုရှီးချန်လာခေါ်လိမ့်မယ်"

"အေးအေး ပြီးရောလေ ငါအဆင်သင့်ဖြစ်နေပီ"

At club,
ရှောင်းကျန့်တို့3ယောက် ဘီယာသောက်နေကြသည်
ထိုစဉ် ရွှယ်ယမ့်ကို ရှောင်းကျန့်လှမ်းမြင်လိုက်သည်

"ရှင်းချန် ဟိုမှာမင်းစာသင်ပေးနေတဲ့ ကောင်လေးမလား"
"ဟုတ်တယ် ဒီကလေးတွေ တော်တော်ဆိုးတာပဲ ဟာ ဟိုမှာ သူတို့နဲ့မနက်ကရန်ဖြစ်တဲ့ကောင်တွေ သူတို့ရန်ထပ်ဖြစ်ဖို့ ချိန်းထားကြတာလားမသိဘူး"

ရှောင်းကျန့်တစ်ယောက် ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးကိုကြည့်ပြီး စိတ်ပူသွားသည်

ရှေ့ဆက်တိုးခွင့်(ZawGyi/Unicode)Where stories live. Discover now