Part 6

2.8K 155 1
                                    

ဒီနေ့ ကျောင်းသွားရမှာ ကျွန်တော်ပျော်နေတယ်လေ အကြောင်းရင်းကတော့ ကျွန်တော့ရဲ့ရိပေါ်လေးကို ကျောင်းသွားဖို့ဝင်ခေါ်ရမယ်လေ
ရိပေါ်အိမ်နဲ့ကျွန်တော့အိမ်က လမ်းကြောင်းသင့်နေတာကြောင့် ရိပေါ်သေချာနေပြန်ကောင်းချိန်ထိ ကျောင်းကိုကျွန်တော်နဲ့လိုက်ဖို့ ပြောလိုက်သည်
သူကလည်းလိုက်ခဲ့မယ်တဲ့
ကျွန်တော် ပျော်ရုံတင်မဟုတ် ရင်တွေပါခုန်နေတာ

ရိပေါ်အိမ်ရှေ့ရောက်တာနဲ့ ဟွန်းတီးလိုက်သည်
ခဏကြာတော့ ထွက်လာပါပြီ ကျွန်တော့ကလေးလေး
"ရိပေါ်သက်သာလား အဆင်ပြေလား"

"သက်သာပါတယ် Geရ ဒီလောက်ကတော့အေးဆေးပါ"

"အေးပါကွာ ဟုတ်ပါပီ"
ရှောင်းကျန့်တို့လည်း ကျောင်းသို့ထွက်လာခဲ့သည်
သူတို့ကျောင်းထဲရောက်တော့ ဟိုကောင်တွေက ကန်တင်းမှာဆိုလို့ထွက်လာခဲ့ကြသည်

"ဟျောင့်တွေ မင်းတို့အတန်းမတက်ကြဘူးလား"

"ဟာ ရှောင်းကျန့် မင်းUniကျောင်းသားမလား stateကျောင်းသားမှမဟုတ်တာပဲကွာ ဘာလို့အာ့လောက်ကျောင်းတက်ချင်နေတာလဲ"

"ဟုတ်သားပဲ Geကလည်း အေးဆေးပေါ့"

"မင်းတို့၂ကောင် ကလေးတွေကိုအတက်ကောင်းတွေသင်ပေးနေတာပဲ"

"ဒီကလေးတွေကြောင့် ငါတို့အတန်းမတက်ရတာ ၃ကောက်လုံးအတန်းမတက်ဘူးလုပ်နေလို့ တစ်ခုခုဖြစ်မှာစိုးလို့ ငါတို့ပါအတန်းမတက်တာ"

"ရိပေါ် မင်းအတန်းတက်မှာလား" ရှောင်းကျန့်မေးလိုက်ခြင်းဖြစ်သည်

"ဟာ မေးစရာလိုသေးလို့လား Geရာ ဟိုဟာလေးတွေမရှိဘဲ ကျွန်တော်ကအတန်းထဲဘာသွားလုပ်ရမှာလဲ"

"အေးအေး ကောင်းတယ်"

"အာ့ဆို ရှောင်းကျန့် မင်းကအတန်းတက်မလို့လား"

"ငါကလည်း ဘာလို့အတန်းသွားတက်ရမှာတုန်း"
ရှောင်းကျန့်အဖြေကိုကြားတော့ အကုန်လုံးဝိုင်းရယ်လိုက်ကြသည်

ခဏကြာတော့ စစ်ကျွေးက
"ပျင်းလာပြီကွာ တစ်နေရာရာသွားကြရအောင်"

ထိုအခါက ရှောင်းကျန့်က
"ငါတို့တွေ ရေသွားကူးရအောင်"

"မဖြစ်ဘူး"ဟု စစ်ကျွေးတို့၃ယောက်လုံး ပြိုင်တူထအော်လိုက်ကြသည်

ရှေ့ဆက်တိုးခွင့်(ZawGyi/Unicode)Where stories live. Discover now