Part 5

2.9K 171 6
                                    

"မဖြစ်တော့ဘူး ရိပေါ်ကိုအေးဆေးနေပါစေဆိုပြီး ခဏလွှတ်ပေးထားတာ ခုကြာနေပြီ တစ်ခုခုဖြစ်နေမှဖြင့်"
ကျန်းချန်လည်းပြောပြီ အခန်းသော့အပိုယူပြီး ဖွင့်လိုက်သည် ရှောင်းကျန့်တို့လည်းပါလာခဲ့သည်

အခန်းဖွင့်တော့ ရိပေါ်ကိုမတွေ့ ရေသံကြားလို့ရေချိုးခန်းထဲကိုကြည့်တော့မှ

"ရိပေါ် မင်းဘာထိုင်လုပ်နေတာလဲ တစ်ကိုယ်လုံးလည်းရွှဲလို့ မင်းနေကောင်းသေးတာမဟုတ်ဘူးလေ"

"ကျန်းချန် ငါရင်တွေပူလို့ ပူလွန်းလို့ မီးနဲ့မြှိုက်ခံထားရသလိုပဲ ဟင့် အာ့ကြောင့်ငါရေစိမ်နေတာ အေးချမ်းသွားမလားလို့"
ကျန်းချန်လည်း ရီပေါ်ကိုရင်ခွင်ထဲဆွဲသွင်းပြီး ဖက်ပေးထားလိုက်သည်

ခဏကြာမှ ရိပေါ်ကိုချော့ပြီး ရေချိုခန်းထဲကနေခေါ်လာကြသည် ဒဏ်ရာကသွေးနည်းနည်းပြန်ထွက်နေသောကြောင့် ယွီပင်းကိုဖုန်းဆက်ခေါ်လိုက်ကြသည်

"ရိပေါ်ကို အိပ်ဆေးထိုးပေးထားလို့ သူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပါစေ"

"ဟုတ် ယွီပင်းကော"

"သူ့ကိုသေချာဂရုစိုက်လိုက်ကြပါ သူ့မှာမင်းတို့ပဲရှိတာမလား"
ယွီပင်းလည်းပြောပြီး ပြန်သွားသည်

"Geတို့ပြန်ကြတော့မလား ပင်ပန်းနေကြမှာပေါ့"

"အင်း ပြန်လိုက်မယ် ခဏနေမှပြန်လာခဲ့မယ် ရှင်းချန်ရော"

"ရှင်းချန်ကောက ရွှယ်ယမ်အခန်းထဲမှာ ကျွန်တော်သွားခေါ်ပေးမယ်"
စစ်ကျွေးရောက်သွားတော့ ရှင်းချန်ရင်ခွင်ထဲမှာအိပ်ပျော်နေသာ ရွှယ်ယမ့်ကိုတွေ့လိုက်ရသည်

"စစ်ကျွေး ရွှယ်ယမ့်ကိုအိပ်ယာပေါ်ကူတင်ပေးပါဦး"
ရှင်းချန်ရောက်လာတော့ သုံးယောက်သားပြန်သွားကြသည်

"ကျန်းချန် မင်းဆေးသောက်ပြီး ခဏနားလိုက်ဦး"

"အင်း မင်းလည်းခဏအိပ်လိုက်လေ စစ်ကျွေး
ရိပေါ်နဲ့ရွှယ်ယမ်လည်း ဆေးရှိန်နဲ့တော့မနိုးလောက်သေးပါဘူး"

"အင်းပါ"

ရှောင်းကျန့်အိပ်နေရင်းမှ လန့်နိုးလာခဲ့သည် မနက်ကငိုနေသော ပုံရိပ်လေးက သူ့အိမ်မက်ထဲထိရောက်လာခဲ့သည်
ရှီးခန်နဲ့ရှင်းချန်ဆီ ဖုန်းဆက်ပြီး ကလေးတွေဆီသွားဖို့ပြောလိုက်သည်

ရှေ့ဆက်တိုးခွင့်(ZawGyi/Unicode)Where stories live. Discover now