Part 10

2.6K 141 3
                                    

ရွှယ်ယမ်လည်း ရှင်းချန်ကိုဖွင့်ပြောဖို့ စဉ်းစားလိုက်သည်
သူ့ပါးပါးရဲ့အသိတစ်ယောက် ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး အကြံပေးတယ်ဆိုလို့ ထိုသူနဲ့တွေ့ဖို့ ချိန်းလိုက်သည်
ချိန်းတဲ့နေရာက သူတို့သွားနေကျ Romantic Bar

သူရောက်တော့ ရှီးချန်နဲ့ကျန်းချန်ကိုလည်း တွေ့လိုက်သည် သူတို့၂ယောက်က Dateလာလုပ်နေခြင်းဖြစ်သည်
ရှီးချန်လည်း ရှင်းချန်ဆီကို ဖုန်းဆက်လိုက်သည်

"ဝေ ရှင်းချန် မင်းကလေးရွှယ်ယမ်လေ Barက ကောင်လေးတစ်ယောက်နဲံ ၂ယောက်တည်းသောက်နေတယ်"

"ဘာ ငါခုလာမယ်"
ရှင်းချန်လည်း ကားမောင်းလာစဉ်
"ကိုယ်မင်းကိုအဆုံးရှုံးမခံနိုင်ဘူး ဘာလို့မှန်းမသိပေမယ့် အရင်တုန်းက ကိုယ်မင်းကိုထားသွားဖူးတယ်လို့ ခံစားနေရတယ် ခုတစ်ခါတော့ ကိုယ်ထားမသွားဘူး မင်းကိုကိုယ့်အနားမှာ မရရအောင်ခေါ်ထားမှာ"

ရှင်းချန်လည်း Barကိုရောက်တော့ တွေ့လိုက်ရပါပြီ သူ့ရဲ့လူဆိုးလေးကို
ရွှယ်ယမ့်လက်ကို အတင်းဆွဲလာခဲ့ပြီး waiterလေးကို private roomပေးရန်ပြောလိုက်သည်
Private Roomထဲရောက်တော့ ရွှယ်ယမ်ကိုဆိုဖာပေါ်သို့ ပစ်ချလိုက်သည်
ပြီးတော့ အနားကပ်ပြီး ပြောလိုက်တဲ့စကားက

"ကိုယ်မင်းကိုချစ်တယ်"

"ဘာ ခင်ဗျားဘာပြောလိုက်တယ်"

"ကျစ် မင်းမကြားလိုက်ဘူးလားကွာ ငါမင်းကိုသေလောက်အောင်ကိုချစ်တယ်လို့ ဘယ်လိုမှကိုအဆုံးရှုံးမခံနိုင်ဘူးကွာ မင်းကြားလား"

"ခင်ဗျားက ရည်းစားစကားပြောနေတာလား ဆူနေတာလား"

"ငါစိတ်မကြည်ဘူးနော် မင်းဟိုကောင်နဲ့Barကို ၂ယောက်တည်း ဘာလာလုပ်တာလဲ အာ့ဒါကို သိသိချင်း ငါအသက်ရှုဖို့တောင်မေ့သွားတာ မင်းသိရဲ့လား"

"အေး အာ့ဆိုလည်း ခင်ဗျားသေချာနားထောင် အာ့လူကိုလာတွေ့တာက ခင်ဗျားကိုရည်းစားစကားပြောဖို့ ဘယ်လိုပြောရမှန်းမသိလို့ သူနဲ့လာတိုင်ပင်တာ ရှင်းပြီလား ခင်ဗျားကြောင့် Roဆန်ဆန်လေး ရည်းစားစကားမပြောရဘူး ပြီးတော့ရည်းစားစကားအပြောခံရတာလည်း ဘယ်လိုမှfeelမလာဘူး"
ရှင်းချန်လည်း ရွှယ်ယမ်စကားသံဆုံးသွားပြီးနောက် သူတို့၂ယောက်ရဲ့နှုတ်ခမ်းတွေကို ထပ်တူကျစေလိုက်သည်

ရှေ့ဆက်တိုးခွင့်(ZawGyi/Unicode)Where stories live. Discover now