Part 3

3.7K 214 3
                                    

တိုက်ခန်းပေါ်သို့ ရိပေါ်ကို ရှောင်းကျန့်သာပွေ့ချီသွားလိုက်သည်
သူတို့တိုက်ခန်းထဲရောက်ရုံရှိသေး ယွီပင်းလည်းရောက်လာသည်

"ရိပေါ် အရမ်းသွေးထွက်လွန်နေတာပဲ"

"ယွီပင်းကော အရမ်းစိုးရိမ်ရလား"

"အခြေအနေစောင့်ကြည့်ရမှာပဲ ခုလည်းဒီကိုသွေးလာပို့နေပါပီ"

ထိုချိန် bellသံကြားလိုက်ရသည်
ကျန်းချန်အခန်းထဲမှအလျင်အမြန်ပင် ပြေးထွက်သွားသည်
ယွီပင်းလည်း ရိပေါ်ရဲ့ဒဏ်ရာကိုချူပ်ပေးနေစဉ်

"အရမ်းစိုးရိမ်စရာတော့မရှိတော့ပါဘူး ဒါမဲ့သွေးအထွက်လွန်ထားတာဆိုတော့ သူအရမ်းအားနည်းနေတယ် အခြေအနေတော့စောင့်ကြည့်ရမယ်"

ရွှယ်ယမ်ခေါင်းတွေမူးလာသည် ယွီပင်းပြောတာကို ကြားတစ်ချက် မကြားတစ်ချက်ဖြစ်နေသည် အားလုံးကရိပေါ်အတွက် စိုးရိမ်နေကြသောကြောင့် ရွှယ်ယမ်လည်းအားတင်းပြီး လဲကျမသွားအောင် ထိန်းနေလိုက်သည် သူပါလဲကျသွားလို့မဖြစ်ဘူးလေ သူပါတခုခုဖြစ်သွားရင် ကျန်းချန်နဲ့စစ်ကျွေးပါ အရုပ်ကြိုးပြတ်ဖြစ်သွားလိမ့်မည်
*ငါအားတင်းထားရမယ် ငါလဲကျလို့မဖြစ်ဘူး*

သူ့စိတ်ကသာပြောနေပေမယ့် သူ့ခန္ဓာကိုယ်ကအရမ်းအားနည်းနေပြီဖြစ်သည်
ခဏအကြာ ရွှယ်ယမ်ပါလဲကျသွားသည်
ရှင်းချန်လည်း ရွှယ်ယမ်ကိုပွေ့ချီပြီး တခြားအခန်းတစ်ခုထဲသို့ ခေါ်သွားလိုက်သည်
ကျန်းချန်လည်း နောက်မှပြေးလိုက်လာခဲ့သည်
"ရွှယ်ယမ် မင်းကပါ အာ့လိုလုပ်လို့မရဘူးလေကွာ မင်းပါအာ့လိုနေမကောင်းဖြစ်နေရင် ငါနဲ့စစ်ကျွေးနဲ့ဘယ်လိုနေရမလဲ"
ကျန်းချန်ပြောရင်း ငိုကျွေးနေလေသည်
သူ စစ်ကျွေးရှေ့မှာ ထိန်းထားသမျှမျက်ရည်တွေ ခုမှအတိုးချငိုနေတော့သည်
စစ်ကျွေးမှာလည်း ရွှယ်ယမ်နောက်လည်းလိုက်သွားချင်သည် ရိပေါ်ကိုစိတ်မချဖြစ်နေသည်

ယွီပင်းလည်း ရွှယ်ယမ်ရှိသော အခန်းထဲသို့ပြေးဝင်လာခဲ့သည်
"ဒဏ်ရာကို ချူပ်ပေးလိုက်ရင်အဆင်ပြေမှာပါ ကျန်းချန်အရမ်းစိတ်မပူနဲ့ စစ်ကျွေးကိုလည်းအရမ်းစိတ်မပူဖို့ပြောလိုက်ဦး"

ရှေ့ဆက်တိုးခွင့်(ZawGyi/Unicode)Donde viven las historias. Descúbrelo ahora