Part 9

2.4K 152 4
                                    

ဒီနေ့ ရှီးချန်ဖွင့်ပြောမယ်လို့ စဉ်းစားထားတယ်
"ကျန်းချန် ညနေကျအားလား"

"ဟုတ် အားတယ် Ge ဘာလို့လဲ"

"ပြောစရာရှိလို့ ညနေကျ တစ်နေရာကိုသွားရအောင်လေ"

ကျန်းချန်လည်း ရှီးချန်နဲ့၂ယောက်တည်း သွားရမယ်ဆိုသောကြောင့် ပျော်နေလေသည်

"ဟျောင့် မင်းမျက်နှာဘာဖြစ်နေတာလဲ"

"heee ငါလား ညနေကျရှီးချန်ကောက ပြောစရာရှိတယ်တဲ့"

"မင်းက အာ့လောက်တောင်ပျော်နေလား မင်းရှီးချန်ကောကို ကြွေနေတာလား"

"သောက်ကျိုးနည်းပါလား ရွှယ်ယမ်ရယ် မင်းပါးပါးက အာ့လောက်ပျော်နေမှတော့ ငါသူ့ကိုကြွေနေလို့ပေါ့ကွ ဒါနဲ့မင်းကရော ရှင်းချန်ကောကိုကြွေနေတာမလား"

"မင်းကသိသွားရပြန်ပြီ"

"ဟျောင့် ငါတို့က ငယ်ငယ်လေးတည်းက ပေါင်းလာတဲ့ကောင်တွေပါကွ မသိဘဲနေမလား"

"ရိပေါ် မင်းလည်း ရှောင်းကျန့်ကောကို ကြွေနေတာမလား မင်းဖွင့်ပြောလိုက်လေကွာ"

"ဟင့်အင်း ငါဖွင့်မပြောဘူး ငါသူ့ကိုချစ်တယ် ငါ့ဘဝမှာ သူမရှိရင်မဖြစ်တော့လောက်အောင်ကို ချစ်တာ
ဒါပေမဲ့ ငါကြောက်တယ် ငါဖွင့်ပြောလိုက်လို့ သူငါ့ကိုရွံ့သွားရင် မုန်းသွားရင် ငါခံနိုင်ရည်ရှိမှာမဟုတ်ဘူး သူ့ကိုမြင်နေခွင့်လေးတောင် မရတော့ရင် ငါသေသွားလိမ့်မယ်"

"ရိပေါ်ရာ မင်းအာ့လောက်ချစ်နေရဲ့သားနဲ့ကွာ"

"ခုအခြေအနေလေးနဲ့ ငါအဆင်ပြေတယ် ငါသူ့ဆီက ဂရုစိုက်မှုတွေ မေတ္တာတွေရနေတယ် ဒီအခြေအနေလေး ပျောက်ကွယ်သွားမှာ ငါစိုးရိမ်တယ်"

"ရိပေါ် ခုအခြေအနေက အဆင်ပြေနေတာဟုတ်တယ် ဒါပေမဲ့ ရှောင်းကျန့်ကောချစ်သူတွေဘာတွေ ရသွားခဲ့ရင် မင်းကို အခုလိုဂရုစိုက်နိုင်မှာ မဟုတ်ဘူးကွ မင်းသိလား"

ရှေ့ဆက်တိုးခွင့်(ZawGyi/Unicode)Tempat cerita menjadi hidup. Temukan sekarang