Part 11

2.8K 189 24
                                    

ကျန်းချန်တို့ clubသွားမယ်ဆိုပြီး ရိပေါ်ကိုခေါ်လာခဲ့ကြသည်
ရိပေါ်သောက်မယ့်ခွက်ထဲကို အိပ်ဆေးထည့်ပြီး အတင်းတိုက်ကြလေသည်
ရိပေါ်လည်းသောက်ပြီး သိပ်မကြာလိုက် ခေါင်းတွေမူးလာပြီး မေ့သွားလေသည်

ကျန်းချန်တို့လည်း ရိပေါ်ကို သူတို့တိုက်ခန်းကိုခေါ်လာကြလေသည်
တိုက်ခန်းရောက်သည်နှင့် ရိပေါ်အင်္ကျီအဖြူပေါ်မှာ အနီရောင်အရည်တွေ လောင်းချလိုက်သည်
ရိပေါ်မျက်နှာမှာလည်း ဒဏ်ရာရတဲ့ပုံစံဖြစ်အောင် ဆေးရောင်ခြယ်လိုက်ကြသည် ပါးစပ်နားတွင်လည်း အနီရောင်ဆေးရည်များသုတ်လိုက်သည်

"ဝေ ရှောင်းကျန့် ရိပေါ်တို့ clubမှာရန်ဖြစ်လို့ ရီပေါ်ဓားထိသွားတယ် အရင်ထိုးမိတဲ့နေရာနားမှာပဲ စိုးရိမ်ရတယ် ငါတို့ခုတိုက်ခန်းကိုသွားနေတာ"
XZဆီကစကားပြန်တောင် မရလိုက်
သူပြေးထွက်လာခဲ့သည်
"ရိပေါ် တောင်ခံထားပေးပါ ကိုယ်မင်းကိုချစ်တယ်လို့တောင် မပြောရသေးဘူး ကိုယ့်အနားကထွက်မသွားပါနဲ့ဦး ကိုယ်ခံနိုင်ရည်ရှိမှာမဟုတ်ဘူး"
XZလည်းစကားပြောရင်း မျက်ရည်များကျနေခဲ့သည်

ရိပေါ်အခန်းထဲရောက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းက သူ့ကိုခွေလဲကျသွားစေသည်
ယွီပင်းကောကပါ လက်လျှော့ထားတဲ့ပုံစံကြီးနဲ့ သူကြိုးစားပြီးထကာ ရိပေါ်ရှိသောကုတင်ဆီသို့ ပြေးသွားလိုက်သည်
ရိပေါ်ကို သူ့ရင်ခွင်ထဲထည့်ပြီး

"တောင်းပန်ပါတယ် ပြန်လာခဲ့ပေးပါ ကိုယ်မင်းမရှိဘဲ အသက်မရှင်နိုင်ဘူး ကိုယ်မင်းကိုချစ်တယ်လည်း မပြောရသေးဘူး ပြန်လာခဲ့ပေးပါ ကိုယ်တောင်းပန်ပါတယ်"

ကျန်းချန်တို့လည်း ရှောင်းကျန့်ကိုကြည့်ပြီး စိတ်မကောင်း
သို့ပေမယ့် သူတို့ဒီလိုမှမလုပ်လည်း ရိပေါ်နဲ့ရှောင်းကျန့်က နီးစပ်တော့မှာမဟုတ်

"ကိုယ်မင်းကိုချစ်တယ် ရိပေါ်ရဲ့ တစ်ခါမမချစ်ဖူးတဲ့ အချစ်နဲ့ကိုချစ်တာ မင်းမရှိရင် ကိုယ့်ဘဝကလည်းအဓိပ္ပာယ်မရှိဘူး ကိုယ်အရမ်းချစ်တာ မင်းမုန်းသွားမှာစိုးလို့ မပြောခဲ့တာ မြင်နေခွင့်လေးရရင် ကျေနပ်တယ်ဆိုပြီး မပြောခဲ့တာ ခုတော့နောက်ကျသွားတာလား ကိုယ်တောင်းပန်ပါတယ် ပြန်လာခဲ့ပေးပါ"

ရှေ့ဆက်တိုးခွင့်(ZawGyi/Unicode)Where stories live. Discover now