Part 7

2.7K 158 8
                                    

"အန်တီ မျက်လုံးဖွင့်ပါဦး ဟင့် ကျွန်တော့ကိုကြည့်ပါဦး"
ရိပေါ်လည်း ယောင်ကာအော်နေမိသည်

ရှောင်းကျန့်တို့လည်း ရိပေါ်အနားကိုပြေးသွားလိုက်သည်
"ရိပေါ် ရိပေါ် သတိထားဦး Geတို့ရှိတယ်နော်"
ရှောင်းကျန့်လည်း ရိပေါ်လက်ကလေးကိုကိုင်ပြီး နှိုးလိုက်သည်

ရိပေါ်လည်း နိုးလာတော့ ချွေးတွေစိုရွှဲနေခဲ့သည်
"ကျွန်တော့ကြောင့် အကုန်အလုပ်တွေရှုပ်ရပြန်ပြီ တောင်းပန်ပါတယ်"

"ကဲ ရိပေါ် ဘာမှလျှောက်တွေးမနေနဲ့ မင်းအဆင်ပြေလား"ကျန်းချန်က မေးလိုက်သည်

"အင်း ပြေတယ်"

"အာ့ဆို ငါတို့ပြန်ကြမယ်လေ"
ရှောင်းကျန့်လည်း ရိပေါ်ကိုအိမ်လိုက်ပို့လိုက်သည်
"ရိပေါ် အဆင်ပြေလား ခုညမင်းနဲ့လာနေပေးရမလား"

"ရပါတယ်Geရဲ့ Geအလုပ်ရှုပ်နေပါ့မယ်"

"မင်းအိမ်မှာ ဘယ်သူရှိလဲ"

"အဒေါ်ကြီးနဲ့ခြံစောင့်ဦးလေးကြီးရှိတယ်လေ ဘာလို့လဲ"

"ဒါဆို မင်းနေမကောင်းရင် ပြုစုမယ့်သူမရှိဘူးပဲ ငါခုအိမ်ပြန်ပြီး အဝတ်အစားတွေယူလိုက်ဦးမယ် ပြီးရင်မင်းဆီပြန်လာမယ်"

"Geသဘောပဲ"
ရိပေါ်အမှန်တကယ်ကိုပျော်နေမိတာပါ သူညညဆိုအိမ်မက်ဆိုးအမြဲမက်နေခဲ့တာလေု့သူ့သူငယ်ချင်းတွေကိုပြောလိုက်ရင် သူ့ဆီကိုတစ်ယောက်တစ်လှည့်လာအိပ်ကြမှာသူသိတယ် သူတို့ကိုမစိုးရိမ်စေချင်တာနဲ့ မပြောခဲ့တာ
အိမ်မက်ဆိုးမမက်တော့ဘူးလို့ လိမ်ပြောထားခဲ့သည်

"ရွှယ်ယမ် မင်းရောသက်သာရဲ့လား"

"အင်း သက်သာတယ်"
ရွှယ်ယမ်က ice-creamစားချင်တယ်ဆိုလို့ သူတို့၂ယောက်သွားစားကြခြင်းဖြစ်သည်
ice-creamစားနေသော ထိုကောင်လေးကိုသူငေးကြည့်နေမိသည်
*အာ ငါဘာလို့အာ့လောက်ကိုကြည့်မိနေတာလဲ သူ့ကိုမြင်လိုက်ရင် ငါအရာရာမေ့သွားသလိုပဲ ငါမင်းကိုချစ်မိနေပြီထင်တယ် မင်းလိုကောင်လေးတစ်ယောက်ကို ချစ်မိလိမ့်မယ်လို့ တစ်ခါမှမထင်ခဲ့ဖူးဘူး*

"ရှင်းချန်ကော ဘာကြည့်နေတာလဲ စားလေ"

"အော် အင်းအင်း စားမယ်"

ရှေ့ဆက်တိုးခွင့်(ZawGyi/Unicode)Where stories live. Discover now