Part 8

2.5K 149 3
                                    

တဖြေးဖြေးနဲ့ သူတို့ကြားထဲက သံယောဇဉ်တွေအချစ်တွေ ခိုင်မာလာခဲ့သည်

"ရှောင်းကျန့် ရှင်းချန် ငါမင်းတို့ကိုပြောစရာရှိတယ် မင်းတို့ငါ့ကိုအထင်သေးချင်လည်း သေးနိုင်ပါတယ် မင်းတို့စိတ်ကြိုက်ဆုံးဖြတ်ပါ"

"ဟာ မင်းကလည်း ပြောစမ်းပါကွာ"

"ငါ ငါ ကျန်းချန်ကိုချစ်တယ်"

"ဘာ" ရှောင်းကျန့်ရော ရှင်းချန်ရော အံ့သြစွာထအော်လိုက်လေသည်
ဟုတ်သည်လေ သူတို့၂ယောက်လည်း ကလေး၂ယောက်ကို ချစ်နေမိသည်လေ သူတို့၂ယောက်လုံး ဖွင့်ပြောဖို့ကြောက်နေခဲ့တာဖြစ်သည်
ခုတော့ ရှီးချန်က အာ့လိုပြောပြတော့ သူတို့ပျော်လည်းပျော်သည် အားလည်းရှိသွားပြီဖြစ်သည်

"မင်းတို့ ငါ့ကိုအထင်သေးသွားလား"

"လူတစ်ယောက်က အခြားလူတစ်ယောက်ကို ချစ်တာပဲ ဒါအထင်သေးစရာမဟုတ်တာ ကမ္ဘာကြီးပေါ်မှာအချစ်တွေများလာတာ မကောင်းဘူးလား"

"ဒါပေမဲ့ ငါကြောက်နေတယ် သူလက်ခံပါ့မလား"

"မင်းကြိုးစားကြည့်ရမှာပဲ ပြီးတော့ ငါလည်းကြိုးစားကြည့်တော့မယ်"

"အမ် ရှင်းချန် မင်းကရောဘယ်သူ့ကိုလဲ"

"ငါကလား ငါကရွှယ်ယမ်ကိုချစ်နေတာ သူ့ရဲ့အထီးကျန်နေတဲ့ဘဝကို ငါမေတ္တာတွေ ဂရုစိုက်မှုတွေပေးချင်တယ် သူငယ်ငယ်ကမရဖူးတဲ့ အရာတွေကို ငါသူ့ကိုပေးချင်တယ်"

"ဟာ မင်းတို့တွေက အာ့လိုတွေပါလား"

"ရှောင်းကျန့် မင်းရော ချစ်နေတဲ့သူမရှိဘူးလား"

"ငါကလား"

"အေးလေ ငါထင်တာတော့ မင်းလည်းရိပေါ်အပေါ်မှာ မရိုးသားဘူးထင်တယ်"

"အမ် ငါအာ့လောက်သိသာနေလား"

"ဒါဆို မင်းသူ့ကိုချစ်နေတာပေါ့"

"ငါလည်း ဘယ်လိုမှမျှော်လင့်မထားဘူးကွ ငါဘယ်လိုချစ်သွားတာလဲမသိဘူး ဒါမဲ့ငါသိလိုက်ရတဲ့အချိန်မှာ ငါသူ့ကိုဘယ်လိုမှအဆုံးရှုံးမခံနိုင်တော့ဘူး"

"မင်းတကယ်ကြီးလား"

"ငါသူ့ကိုဖွင့်ပြောဖို့ ကြိုးစားတယ် ဒါမဲ့ဖွင့်ပြောလိုက်မှ အခြေအနေတွေပိုဆိုးသွားရင် သူ့အနားမှာတောင် နေခွင့်မရတော့ရင် ငါသေသွားလိမ့်မယ်ထင်တယ် အာ့ကြောင့်သူ့ကိုမြင်နေခွင့်လေးရရင်ပဲကျေနပ်တယ် သူ့အနားမှာအစ်ကိုတစ်ယောက်လို ဂရုစိုက်ပေးနေရရင် ငါ့အတွက်အဆင်ပြေတယ် ငါ့အချစ်ကသူ့အတွက်အရာရာ အဆင်ပြေဖို့ပဲမျှော်လင့်တယ်"

ရှေ့ဆက်တိုးခွင့်(ZawGyi/Unicode)Where stories live. Discover now