Part 13

5K 189 23
                                    

ရိပေါ်လည်း XZပြန်သွားတည်းက မျက်ရည်များကျနေခဲ့သည် စကားလည်းမပြော

"ကော ကျွန်တော် ရိပေါ်ကိုစိတ်တွေပူလာပြီ စိတ်ပူလေ ရှောင်းကျန့်ကောကို စိတ်တိုလေပဲ သူရိပေါ်ကို အရမ်းချစ်တယ်ထင်ထားတာ"

"ကလေး ကိုယ့်ကိုကြည့် စိတ်လျှော့ပါ ရှောင်းကျန့်က ရိပေါ်ကိုအရမ်းချစ်တာ ကိုယ်သိတယ် သူ့မှာလည်းကိစ္စရှိလို့ဖြစ်မှာပါ"

"ကော ကျွန်တော်နဲ့ရွှယ်ယမ်လေ သူတို့၂ယောက်ကို Shopping Centerမှာတွေ့ခဲ့ပြီးသား
ဒါပေမဲ့ ဒီထိတော့ ခေါ်မလာသင့်ဘူးမလား"
ကျန်းချန်မျက်ရည်ဝဲနေလေသည်

"ရွှယ်ယမ် အသည်း မျက်နှာကြီးတင်းမထားနဲ့လေ"

"ရှင်းကော ကျွန်တော်စိတ်တိုနေတယ်နော်"

"အသည်းကလည်း စိတ်မတိုပါနဲ့ ရှောင်းကျန့်က ရိပေါ်ကိုအရမ်းချစ်တာ"

"တော်ပါ မယုံဘူး ပြီးတော့လေ ရိပေါ်က သူအရမ်းစိတ်ညစ်ပြီး စိတ်ဓာတ်ကျနေမှ ကျွန်တော်တို့ကိုပါ စကားမပြောတော့တာ တော်ရုံတန်ရုံစိတ်ညစ်ရာလေးဆို ကျွန်တော်တို့နဲ့စကားပြောသေးတယ် ခုတော့အစားလည်းမစားဘူး စကားလည်းမပြောဘူး ငိုနေတာလေ သူဘယ်လောက်ခံစားနေရမလဲ
ဒီလိုမှန်းသိ သူတို့ကိုရှေ့ဆက်တိုးဖြစ်အောင် မကူညီခဲ့ဘူး"
ရှင်းချန်လည်း ဘာမှဆက်မပြောတော့
သူက ရှောင်းကျန့်ဘက်က အေုခအနေကိုလည်း ဘာမှမသိရသေးဘူးလေ

ခဏကြာတော့ ရှင်းချန်ဆီကို messageဝင်လာခဲ့သည်
"ရှင်းချန် မင်းအဆင်ပြေရင် ဖုန်းခေါ်ပါဦး"
ရှင်းချန်လည်း အခန်းအပြင်ကိုထွက်လာခဲ့လိုက်သည်

"ဝေ ရှင်းချန် ရိပေါ် ရိပေါ်အခြေအနေ"

"ရိပေါ် အစားလည်းမစားဘူး အခန်းထဲကလည်းမထွက်ဘူး စကားလည်းမပြောဘူး ငိုပဲငိုနေတယ်"

"ငါ့ကြောင့် ငါ့ကြောင့် ဝမ်လေးငိုနေရတာ"

"ရှောင်းကျန့် ဘာတွေဖြစ်တာလဲ ငါ့ကိုရှင်းပြပါဦး"
ရှောင်းကျန့်လည်း ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်လေသည်

"ရှင်းချန် ငါဝမ်လေးနဲ့ခုတွေ့ချင်တယ်"

"ဟာ မဖြစ်နိုင်လောက်ဘူး ကျန်းချန်နဲ့ရွှယ်ယမ်က ခွင့်ပြုမှာမဟုတ်ဘူး"

You've reached the end of published parts.

⏰ Last updated: Nov 07, 2019 ⏰

Add this story to your Library to get notified about new parts!

ရှေ့ဆက်တိုးခွင့်(ZawGyi/Unicode)Where stories live. Discover now