အပိုင်း(၁၅)
1.1K 115 4
တံခါးရွက် နှစ်ခုကို အတွင်းသော့ပိတ်ထားတဲ့ ခြံဝန်းကိုကြည့်ရင်း တစ်နေရာကို Phခေါ်လိုက်သည်။
"သခင် ကျွန်တော် တွေ့ပါပြီ"
"သေ သေချာလား ဘဒင်"
"သေချာပါတယ် ကျွန်တော် စုံစမ်းရသလောက် ဒီရပ်ကွက်ထဲက ခြံကို သခင်ငယ်လေး ရောက်နေတာ (၂)လနီးပါး ရှိနေပါပြီ၊ ပိုသေချာအောင် ကျွန်တော် ပုံရိုက်ပို့ပေးလိုက်ပါ့မယ်"
"မှိုင်းကိုရော ပြောပြီးပြီလား"
"မပြောရသေးပါဘူး သခင် ၊ ကျွန်တော် အရင်ဆုံး သခင့်ကို အကြောင်းကြားလိုက်တာပါ၊လိုအပ်ရင် ကျွန်တော် ပြောလိုက်ပါ့မယ်"
"မင်းတို့ မျက်စိအောက်ကနေ ထပ်ပြီး မပျောက်သွားစေနဲ့"
"ဟုတ်ကဲ့သခင်"
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
သုတ်ကနဲ တိုက်ခတ်သွားတဲ့ လေပြေအေးက မျက်နှာပေါ် ဖြတ်သန်းသွားသည်ကို အရသာခံနေလိုက်သည်။
နောက်နားမှာ လာရပ်တဲ့ ခြေသံကြောင့် ဘဘမြတစ်ယောက် ရောက်နေပြီဆိုတာ သိလိုက်ရသည်။
"ဘဘမြ"
"ပြောပါ သခင်"
"မွှေး ဘာစားလဲ"
"စွပ်ပြုတ်ကို နည်းနည်းလေးပဲ စားတယ်လို့ ပြောပါတယ်"
"မိနှောင်းကိုပြောလိုက် ထမင်းကို ဝင်အောင်ကျွေးလို့ ၊ မဟုတ်ရင် အလုပ်ဖြုတ်ပစ်မယ်လို့ တစ်ခါတည်း ပြောလိုက်"
"ကောင်းပါပြီ"
အနားကနေ ဖြေးဖြေးချင်း ထွက်ခွာသွားတဲ့ အဘမြ၊ မိဘတွေ လက်ထပ်ကတည်းက အလုပ်သမား ဖြစ်သည့်အပြင်၊ မိသားစု အရေးကိစ္စ မှန်သမျှ ဆောင်ရွက်ပေးတဲ့ ပုဂ္ဂိုလ်၊ဒါပေမဲ့ မိမိတွေးမိတဲ့ ကိစ္စရပ်ရဲ့ အဓိကပုဂ္ဂိုလ်က ဘဘမြ မဖြစ်ပါစေနဲ့လို့ဘဲ။
"တင့်ဆွေ ခုတစ်လော ဘဘမြ ဘယ်သူတွေနဲ့ တွေ့တယ် ဘယ်တွေသွားတယ်ဆိုတာ ငါ့ကို သေချာစောင့်ကြည့်ပြီး သတင်းပို့"
"ဟုတ်ကဲ့ပါ သခင်"
ပိတ်ထားတဲ့ တံခါးရွက်ရှေ့ ခြေစုံရပ်ပြီး မိမိကိုယ်ကို ကြည့်ကောင်းအောင် ပြုပြင်လိုက်သည်။