အပိုင်း(၂၈)
1.1K 90 8
အွန်းးးး  နွေးနေရောပဲ။ ခပ်တင်းတင်း ပွေ့ပိုက်ခံထားရသလိုမျိုး နွေးထွေးနေတဲ့ ခံစားမှု၊ တစ်ကယ်နေလို့ ကောင်းတာပဲ။ နဖူးကို ခပ်ဖွဖွ လာထိတဲ့ တို့တို့ထိထိ ခံစားချက်လေး။ အဲ့ဒီနောက် နှာဖျားလေး၊ ပါးလေး ၊ မျက်ခွံလေး၊ မေးဖျားထိ ခပ်ဖြည်းဖြည်း ပွတ်တိုက်ဆင်းလာတဲ့ အထိအတွေ့။ လက်ချောင်းလေးနဲ့ ထိနေသလိုပါပဲ။ နူးညံ့တယ်၊ နာမှာကျင်မှာ ဆိုးလို့ ဂရုပြု ယုယနေသလိုမျိုး။ Wait......!!! မျက်လုံးအစုံ ပြူးကျယ်သွားရပါတော့သည်။
"ကလေး နိုးပြီလား"
ဗလာကျင်းနေတဲ့ ခံစားမှု၊ ဟုတ်တယ် ကိုယ်ပေါ်မှာ စောင်တစ်ထည်သာ ကပ်နေပြီး ဘာဆိုဘာမှ မရှိတဲ့ ခံစားမှု။ အစ်ကိုOffကို ကြည့်လိုက်တော့ နားထင်ကိုလက်ထောက်ကာ ဘေးတစောင်းလှဲပြီး လူကို ခပ်ပြုံးပြုံး ကြည့်နေလေသည်။ ထို့နည်းတူစွာပဲ အစ်ကိုOffက အပေါ်ပိုင်း ဗလာကျင်းနဲ့ ခါးမှာ တိတိရိရိ ပတ်ထားတဲ့ ရေချိုး မျက်နှာသုတ်ပုဝါကြီး တစ်ထည်သာ ပတ်ထားသည်။
"အ အစ်ကိုOff...ဘာလို့ ဘာမှ မဝတ်ထားတာလဲ"
"အဟား ကိုယ့်ကလေးရာ ရှက်နေတာကြီးက၊ ကိုယ် စောစောကပဲ ရေချိုးပြီးပါပြီကွ၊ ထ မနက်စာ ပြင်ပြီးပြီ၊ ကိုယ့်ကို ရှက်မနေနဲ့၊ ရေချိုးခန်း ပို့ပေးမယ်"
လူကို ဆွဲဖက်ကာ ပိုးတိုးလုံးလို စောင်ပါ ရောထွေးပြီး ထွေးပွေ့ကာ ပေါ့ပေါ့ပါးပါး ဆိုလေသည်။
"ဒါ ဒါ ဆို အစ်ကိုOff အရင် အဝတ်စားလဲပြီး အပြင်ထွက်၊ Gun လိုက် လိုက်လာမယ်"
"ဟုတ်ပါပြီဗျာ၊ တစ်ခုခုဆို ကိုယ့်ကို ခေါ်နော်"
"ဟုတ်"
"လိမ္မာတယ်၊ ပြွတ်စ်!!!!!!!!!!!"
နှုတ်ခမ်းတစ်ခုလုံးလည်း ထုံကျင်သွားရသည်၊ လူဆိုးကြီး။အပြင်ထွက်သည်အထိ စောင့်လိုက်ပြီးမှ စောင်ပုံထဲက ထွက်ဖို့ လုပ်ရသည်။
"အ အား!!!!သေပါပြီ"
"ကလေး ကလေး၊ ရရဲ့လား၊ ကိုယ်ပြောပါတယ်"
ပြောလည်းပြော ဒူးထောက်ပြီး မှောက်ရက်လဲကျနေတဲ့ Gunကို ပွေ့ချီကာ ရေချိုးခန်းထဲရှိ bathtub ထဲချပေးလေသည်။ ရေခပ်နွေးနွေး အနေအထားအရ ဒါတွေအားလုံး အစ်ကိုOff ပြင်ဆင်ထားတာပေါ့။