အပိုင်း(၃၂)
1K 92 4
"ရိုးနောင် ရိုးနောင်...!!!"
"......."
ဒီအမျိုးကောင်းသားလေး ဒီအတိုင်းဆို ပျက်စီးခြင်းငါးပါး ဆိုက်တော့မည်။
တစ်လုံးထောင် တစ်လုံးလဲ ဖြစ်နေသည့် နိုင်ငံခြားတံဆိပ် အရက်ပုလင်းတွေ၊ လူကလည်း ဖရိုဖရဲနဲ့မို့ အရင်က သန့်ပြန့်နေခဲ့တဲ့ လူငယ်လုပ်ငန်းရှင်လေးရဲ့ ကြည်သန့်မှုက အတိတ် ဖြစ်လို့သွားသည်။
အလုပ်ကိုလည်း ရက်ရှည်ခွင့်တင်ရာကနေ ခုဆို လနဲ့ချီကြာနေလေသည်အထိ ပေါ်မလာဖြစ်နေလေသည်။
အိမ်အထိ လာရှာရင်လည်း အိမ်မှာမရှိ၊ ဘယ်မှာ လိုက်ဖမ်းလို့ ဖမ်းရမှန်းလည်း မသိတာမို့ အိမ်ထဲပဲ ဝင်စောင့်နေရတဲ့ နေ့တွေလည်း ရှိခဲ့သည်။
ယနေ့တော့ မနက်စောစော အလုပ်မသွားခင်လေး သူဌေးဖြစ်သူ ရိုးနောင်ကို အုပ်မိစေရန် ဝင်လာခဲ့ရာမှ အခုလို မူးကွဲနေတဲ့ ရိုးနောင်ကို တွေ့လိုက်ရခြင်း ဖြစ်လေသည်။
ဘဲလ်ဘယ်လောက်တီးတီး မပွင့်လာတဲ့တံခါးကြောင့် ကိုယ်တိုင်ပဲ လျှို့ဝှက်နံပါတ်ကို နှိပ်ကာ ဝင်ခဲ့ရသည်။
အဲ့ဒီနောက်မှာတော့ ခေါ်မကြား အော်မကြား ဖြစ်နေသည့် ရိုးနောင်ကို တွေ့လိုက်ရခြင်း ဖြစ်သည်။
"ရိုးနောင်...ထ... ဒီမှာအိပ်နေတော့ အအေးမိမှာပေါ့၊ အခန်းထဲ သွားအိပ်"
"အင် ဟင်... အစ် အစ်ကိုစိုးနိုင်... ဘယ်တုန်းကရောက်လဲ"
Sofaပေါ် လှဲနေရာမှ ထလိုက်ကာ မျက်နှာတစ်ခုလုံးကို လက်ဖဝါးနှစ်ဖက်ဖြင့် ပွတ်လိုက်ကာ ဝဲကျနေတဲ့ ဆံသားအချို့ကို လှန်တင်လိုက်သည်။
"အခုပဲ ရောက်တယ်၊ ပြန်မအိပ်တော့ရင် ရေထချိုး၊ အစ်ကို မနက်စာ ဝယ်လာတယ်၊ ပြီးရင် အစ်ကိုတို့ စကားနည်းနည်း ပြောရအောင်"
"ဟုတ်ကဲ့ အစ်ကိုစိုးနောင်"
ရေမိုးချိုး အဝတ်စားလဲလိုက်ကာ သန့်သန့်ရှင်းရှင်း ထွက်လာလေတော့ အရင်က ရှင်းသန့်နေခဲ့တဲ့ ရိုးနောင်ရဲ့ပုံစံ ပြန်ရောက်လို့ လာပါသည်။
ဒါပေမဲ့ အရယ်အပြုံးမဲ့ မျက်နှာက အရင် ရိုးနောင်ပုံစံကို အပြည့်အဝ မရောက်သလို၊ စိတ်သေနေတဲ့ လူတစ်ယောက်ဖြစ်ကြောင်း အပြည့်အဝ ထောက်ခံနေလေသည်။