အပိုင်း(၂၂)
1.1K 103 3
ယနေ့နဲ့ဆို (၁၀)ရက်ရှိလေပြီ။ ကလေးပေါက်က ကျွန်တော်ကို လိုအပ်သည်ထက် ပိုပြီး ဘာမှ အပိုအလို မပြော၊ ချက်စရာရှိချက်သည်၊ သွားစရာရှိသွားသည်၊ အဲ တစ်ခုပဲ ဈေးဖိုးတွေ သင်တန်းကြေးတွေ မုန့်ဖိုးတွေက ကျွန်တော်က အလိုက်သိသိနဲ့ လာမတောင်းတော့သော ကလေးပေါက်ကို ထမင်းစားပွဲပေါ်တွင် လည်းကောင်း၊ ဧည့်ခန်းထဲတွင်လည်းကောင်း ထားထားပေးခဲ့ရတာပေါ့လေ။
ကလေးက ကျွန်တော်ကို အနားမကပ်နဲ့ ဘာညာလည်း မပြောခဲ့ပေမဲ့ ကလေးရဲ့ စက်ရုပ်ကို သံပတ်ပေးထားသလို အရယ်ပြုံးမဲ့ မျက်နှာကြောင့် အနားမကပ်တာဆို ပိုမှန်လိမ့်မယ်။
ကလေး ကျောင်းကပြန်လာလည်း မမြင်ကွယ်ရာ စာအုပ်စင် ထောင့်လေးက ကွယ်ချောင်း၊ ကလေးက မီးဖိုချောင်ဆို အလုပ်စားပွဲက မသိမသာ လှမ်းငေး၊ ကလေးက ဧည့်ခန်းဆို ကျွန်တော်က မီးဖိုချောင်ထဲ ရေသောက်သလိုလို ဘာလိုလိုလုပ်ရင်း ချောင်းနေရသည့် အဖြစ်။
Hall type လေးအတိုင်းမို့ ကလေးရဲ့ အိပ်ခန်းထဲမှလွဲ ဘယ်မှာနေနေ မြင်နေရတဲ့ အိမ်လေး၊ အတော်ကို ကြိုက်ပါတယ်နော်၊ ကိုယ့်ကိုယ်ကိုယ်လဲ ကျေးဇူးတင်တယ်၊ ငါလေးအတော် အမြင်ရှိလာတာပဲ၊ ကလေးကို အခုလိုလေး လေးးး....
"အဟွတ် ဟွတ် ဟွတ်!!!!"
သောက်လက်စ ရေတွေ အသားကုန် အသားကမ်း သီးသွားရသည်။ ဘယ်နှယ့် ကလေးမျက်နှာ တစ်ရွာထင်နေတဲ့ ငါလည်း ဘယ်လိုတောင် သတိလက်လွတ် ငမ်းနေတာ၊ အပုက မျက်ထောင့်နီကြီးနဲ့ အပုလည်ပြန် ကြည့်နေတာများ၊ လန့်လိုက်တာ။
"အဟမ်း... ရေကလည်း လာမှောက်နေသေးတယ်"
အင်္ကျီရင်ဘတ်တွေပါ စိုသွားတာမို့ လက်ဖဝါးနဲ့ ရင်ဘတ်ကို ဖိပွတ်ရင်း ဟန်ကိုယ်ဖို့ ဆိုမိသည်။
ဟုတ်တယ် Gun ဘယ်လိုကြည့်ကြည့် အစ်ကိုOff ကို နားမလည်တော့၊ Gun ကဘယ်နားမှာ ကြည့်စရာကောင်းတာတွေ ဘယ်လောက် ရှိနေလို့လဲ၊ မျက်တောင်မခတ်စတမ်း နေ့တဓူဝ ကြည့်နေတာများ လူကနေရခက်သည်အထိ ဖြစ်လာရသည်၊ ဘယ်လိုနေမှ Gunတို့ အရင်လို ရယ်ရယ်မောမော အချိန်ကို ပြန်ရောက်မှာလဲ။