အပိုင်း(၁၇)
1.1K 114 6
Sofa ရှည်ပေါ် ပက်လက်အိပ်ရင်း phကိုလက်က ကိုင်မြှောက်ထားကာ fishing gameလေးဆော့နေသော Gun။
Gameဆို သူများတွေဆော့နေတဲ့ MLတို့ ဘာတို့ တစ်ကယ်ကို မဆော့တက်တာမို့ ကလေးတွေ ဆော့တဲ့gameမျိုးသာ တစ်ခါတစ်ရံ အပျင်းပြေ ဆော့တက်သည်။
ငါးမြှားတံကို အချိန်အဆ လွဲသွားတာကြောင့် ငါးမမိပဲဖြစ်ကာ game over ဖြစ်သွားရပြန်သည်။
Arr...S_ _t!!!
ကလေးရဲ့ စိတ်ညစ်ငြူးတဲ့ အသံကြောင့် အလုပ်လုပ်နေရာ စားပွဲကနေ လှမ်းကြည့်လိုက်တော့ မျက်မှောင်က ကျုံ့သေး၊ နှုတ်ခမ်းကလည်း စူနေသေး၊ အို အို...ဘယ်လို ပုံလေးလဲ ဂျပုလေးက၊ ဘယ်ချိန်ကြည့်ကြည့် ချစ်ဖို့ကောင်းနေတာပဲ။
"အစ်ကိုOff...အစ်ကို...အစ်ကိုOff!!!"
"ဟင် အမ်!!!"
"Gunခေါ်နေတာ ကြာလှပြီ"
"အဟမ်း...ပြောလေ Gun...ဘာလိုချင်လို့လဲ"
သတိလက်လွတ် ငေးမောနေရာမှ ကိုယ်ဟန်ကို ပြင်ရင်း မရှိမဲ့ ရှိမဲ့ ချောင်းခြောက်ကို ဟန့်ရသည်။
ငမ်းတာကလဲ အဲ ကြည့်တာကလဲကြည့်ပေါ့၊ ဟန်ကလေး ပန်ကလေးနဲ့ ကြည့်ရမှာကိုလည်း ကလေးဆီ အပြုံးတွေ ခြေစုံပစ်ဝင်ပြီး ကြွေကျနေကာ ဖြီးနေတာများ မြင်မကောင်း ရှူမကောင်း၊ တော်ကြာ ကလေးက ငါ့ကို ဝက်ရူးပြန်ရောဂါ ရှိနေတယ် ထင်သွားမှဖြင့် ငါးပါးမကဘူး အပါးတစ်ရာလောက် မှောက်သွားမယ်။
"Gun တို့ ဒီရောက်တာ (၃)ရက်ရှိပြီ ၊ စားစရာတွေကလည်း ဒါတွေကြီးပဲ၊ အောက်ဆင်းပြီး ဈေးဝယ်ရအောင်"
"ဟမ် ဒါတော့မဖြစ်ဘူး၊ ကိုယ်တို့ကို မိသွားရင် ဘယ်လိုလုပ်မလဲ"
"မမိပါဘူးနော်...အောက်နဲ့ အပေါ်နဲ့ ဘာဝေးလို့လဲ Maskတပ်သွားမယ် နော် နော် ရေခဲမုန့် အရမ်းစားချင်နေပြီ၊ မာလာရှမ်းကော စပ်စပ်လေးနဲ့"
မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ် လုပ်နေတာက ချစ်စဖွယ် အားကြီးကောင်းတာမို့ နှစ်ခါမပြောလိုက်ရ၊ ခေါင်းက အော်တိုညိတ်ပြီးသား ဖြစ်သွားရသည်။
"Okပါဗျာ Ok...လာ သွားမယ်"
ကျွန်တော်တို့ နေတဲ့ Condoရဲ့ မြေညီထပ်နဲ့ ပထမထပ်မှာတော့ Shopping Mallရှိတာမို့ အပြင်လည်း သီးသန့် မသွားရပါဘူးလေဆိုတဲ့ စိတ်နဲ့ သဘောတူကာ အတူတူထွက်ခဲ့လိုက်တယ်။