အပိုင်း(၂၄)
1.1K 97 2
အိမ်ထဲမှာ နှစ်ပိုင်းခွဲထားသလိုပင်။ Kitchenဘက်မှာက ဆူညံနေသလောက်၊ Living room ဘက် အပ်ကျသံပါ ကြားရမတက် တိတ်လို့ဆိတ်လို့ နေပါတော့သည်။
စိုးနိုင်တစ်ယောက် ရောက်ကတည်းက ငမ်း အဲလေ ငေးနေရတာ ရေသောက်ဖို့ မေ့နေတဲ့အထိ။ ကြည့်နေရင်းမှ ဒီကလေးနဲ့ အငယ်လေးက သူငယ်ချင်းဖြစ်ပြီး ရိုးနောင်တစ်ယောက် သူ့ကလေးနား ကပ်နေတဲ့ ဟိုကလေးကို ခွာချင်တာမို့ သူ့လှမ်းခေါ်မှန်း ရိပ်စားမိတော့သည်။
"ကဲ ဟိုအကောင်သေးလေးကြောင့် ကျွန်တော်မျိုးကြီးကို ခေါ်တော်မူတာလား"
"ဟုတ်တယ် အစ်ကိုရာ၊ မပူဘူးလားမသိဘူး ကပ်နေတာများ ကျွန်တော်ရောက်တာတောင် (၂)နာရီကြာပြီ"
"ပူမလားကွ AC ကြီး on ထားပြီးတော့"
ဒါလည်း ဟုတ်သားပင်။ ကျွန်တော်မှာ ထိုင်ပြီး Jဝင်နေတာနဲ့ ပေါက်ကရအတွေးတွေ တွေးမိလို့ တွေးမိမှန်းမသိ။
"အစ်ကိုစိုးနိုင် သူတို့ဘာလုပ်နေတယ် ထင်လဲ"
"ရိုးနောင်၊ ဒီနေ့ဘာနေ့လဲ"
"December 31လေ"
"အော် ဒါတော့ သိသေးတာပဲ၊ နှစ်ကူးညလေကွာ ၊ နောက်တစ်နှစ်ကို ကြိုရမှာပေါ့၊ နေအုံး ဒီတိုင်းထိုင်နေလို့တော့ မဖြစ်ဘူး"
ပြောပြောဆိုဆိုနဲ့ ထသွားသော အစ်ကိုစိုးနိုင်။ Kitchenဘက်ကို လျောက်သွားကာ ကလေးကို တစ်ခုခု မေးနေပုံ ရလေသည်။ ထို့နောက် ကလေးက ကျွန်တော်ကို လှမ်းကြည့်ကာ တစ်ခုခုကို တားမြစ်နေတဲ့ပုံ ဖြစ်နေလေသည်။ ဒါပေမဲ့ အစ်ကိုစိုးနိုင်က လက်ညှိုးနဲ့ လက်မကို ဝိုင်းပြကာ ကျွန်တော်ကိုပါ လှမ်းရယ်ပြရင်း အောက်ထပ်ကို လက်ညှိုးထိုးပြလေသည်။ အောက်မှာ ဘာသွားဝယ်မလို့ပါလိမ့်။
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
စပျစ်ဝိုင်။ ရီဝေဝေလေးနဲ့ နေလို့ကောင်းနေရောပဲ။ ကျွန်တော်က ဒီလောက်နဲ့မဖြုံ။ ဟိုမှာ နေခဲ့တဲ့ တစ်လျောက်လုံး သူငယ်ချင်း BDတွေ၊ ကျောင်း partyတွေ တက်တိုင်း နည်းနည်းတော့ သောက်ဖူးနေကြလေ။ ကလေးပဲ၊ သူသောက်နိုင်ပါ့မလား၊ ဒါပေမဲ့ ဒီကောင်လေးက ရှမ်းကောင်လေးဆိုတာ မေ့ထားလို့မှ မရဘဲ၊ ရိုးရာ ဆန်အရက်တော့ သောက်ဖူးတယ် ပြောတယ်၊ စပျစ်ဝိုင်ပြင်းတွေတော့ အိမ်က သောက်ခိုင်းမယ် မထင်၊ ဒါကြောင့် နည်းနည်း စိတ်ပူမိတယ်။