အပိုင်း(၃၅)
1K 97 10
"နင်တို့ သခင်ငယ်လေး တွေ့မိလား"
"ဟုတ်... ရန်ကုန်က လာတဲ့ဧည့်သည်နဲ့ လက္ဖက်ခင်းတွေဘက်ကို လမ်းလျှောက်ထွက်ပါတယ် သခင်မကြီး"
"ဟဲ့ မှောင်နေပြီလေ... ဘယ်သူပါသွားသေးလဲ"
"မတွေ့မိပါဘူးရှင့်"
"အော် ဒီကလေးနှယ်... သွားနေကြ မဟုတ်ဘဲနဲ့ အဘမြကို ခေါ်စမ်း"
"ဟုတ်ကဲ့ပါ ဆရာကတော်"
မျက်စိရှေ့က ပြေးထွက်သွားသော မိနှောင်း က ခဏနေ ပြန်ရောက်လာလေသည်။
"ဆရာကတော်..."
"ဘဘမြ ခွန်းငယ်လေး တောင်ပေါ်သွားတယ်တဲ့ လူလွှတ်ပေးပါအုံး ညနေစောင်းတော့မယ် ကျွန်မစိတ်ပူနေပြီ"
"လွှတ်လိုက်ပြီ ဆရာကတော် ဘဒင်နဲ့ သူ့တပည့်တွေ လိုက်သွားတယ်"
"သားကြီးရော"
"ဈေးဘက်ခဏသွားပါတယ် ဆရာကတော် ဘာလိုသေးလဲ"
"မလိုတော့ပါဘူး ဘဘမြရယ်"
အနီးအနားက လူရှင်းသွားတော့မှ ဒေါ်နန်းမွှေးတင် တစ်ယောက် နဂိုဝတ်ထားတဲ့ ရင်စေ့လက်တိုပေါ် ချည်အထူသား အပေါ်ထပ်အင်္ကျီကို ကောက်စွတ်လိုက်သည်။
လေခပ်ပြေပြေလေး ဆိုပေမဲ့ တောင်ပေါ်ဒေသရဲ့ မိုးအငွေ့အသက်တွေ ပါတာမို့ လူတစ်ကိုယ်လုံး စိမ့်သက်နေလေသည်။
ထိုစဉ်မှာပဲ ပုခုံးပေါ် ကျလာတဲ့ ခြုံပုဝါရှည်တစ်ထည်ကြောင့် နောက်ပါးကို အနည်းငယ်လှည့်ကာ ကြည့်လိုက်တော့ ခင်ပွန်းဖြစ်သူ ဦးစစ်ဝ်မာန်။
"အစ်ကို...!"
"အင်း... မွှေး ဘာတွေတွေးနေတာလဲ"
"___"
"သားငယ်လေးအတွက်ဆို မပူပါနဲ့ ကိုယ့်မှာ အစီစဉ်ရှိတယ်"
"အဆင်ပြေပါ့မလားရှင်... ကြားဖူးနားဝ ရှိပေမဲ့ မမြင်ဖူး မတွေ့ဖူးတဲ့ ဒီလိုကိစ္စကတော့..."
"အဆင်ပြေမှာပါ... သူ့ဆီမှာ အစ်ကိုတွေ့နေရတယ်... သားငယ်ကို ချစ်တဲ့အပြုအမူတွေ"
"ဒါပေမဲ့..."
စကားစလိုက်ပေမဲ့ ခင်ပွန်းဖြစ်သူရဲ့ နောက်ဆက်တွဲစကားကြောင့် ဒေါ်နန်းမွှေးတင်တစ်ယောက်လည်း ရှက်မျက်နှာရဲရဲလေး ဖြစ်သွားရလေသည်။