Dark side of angle အပိုင်း (၁)

9.7K 238 2
                                    

Dark side of angle
အပိုင်း (၁)
unicode

'နိုင်တို့ သားအမိ နေကောင်းကြရဲ့လား။ ဒီနေ့ ပင်လယ်ထဲမှာ မုန်တိုင်းတစ်ခုဝင်သွားတယ်။ ဘာမှပေတာ့ ထွေထွေထူးထူးမဖြစ်လိုက်ပေမယ့် သင်္ဘောပေါ် က ကိုကိုတို့အလုပ်သမားတွေတော့ တော်တော်လေး ပင်ပန်းသွားတယ်။ ဒီတစ်ခေါက် သင်္ဘောတက်မှ နိုင်နဲ့ သုသုကို ပိုလွမ်းနေတယ်။ ဆိုင်ပိတ်ပြီးလို့ နိုင်တို့ သားအမိအားရင် စာပြန်ပို့ထားပါအုံး။ အလုပ်ပြန်ဝင်ရတော့မယ်။ ချစ်တယ်နော် နိုင်'

messengerမှ ထိုစာလေးကို သမန်ကာလျံကာဖတ်လိုက်ပေမယ့် ရင်ထဲတော့ အလွမ်းတို့ဝင်လာတာအမှန်ပင်။ ထိုင်လွမ်းလို့သည့်ရသည့် အချိန်အခါမဟုတ်တော့ ကွန်ပျူတာကိုပိတ်လိုက်ပြီး ရေချိုးနေသည့် သားထံသို့ပြေးရတော့သည်။

'သုသုလေး ရေချိုးတာတော်ပြီလေ။ မေမေ  ကုတင်ပေါ်မှာ အင်္ကျီထုတ်ထားတယ်'

'ဟုတ်ကဲ့။  မေမေ ဒီနေ့ဘာဟင်းချက်ထားလဲ။ နေ့ခင်းက သားအတွက် ထည့်ပေးလိုက်တဲ့ ထမင်းချိုင့်ကို သူငယ်ချင်းကိုကျွေးလိုက်တယ် မေမေ။ အခု သားဗိုက်ဆာနေပြီ'

'ဝေသံသရာ လက်သစ်လေးက ဘယ်သူ့ကိုပေးလိုက်ပြန်တာလဲ'

မဝတ်တတ်ဝတ်တတ်ဖြင့် ဝတ်ထား၍ ခါးတွင်လိပ်တင်နေသည့် သားရဲ့ ဘောင်းဘီကိုဆွဲချပေးလိုက်သည်။ ငါးနှစ်ဆိုပေမယ့် သုတနိုင်လေးက သူများကလေးတွေထပ် ပို၍ထွားနေ၏။ စကားလည်း တတ်သလို၊ သူများကိုလည်း သနားတတ် ကျင်နာတတ်သေးသည်။ သုသုလေးကို ကျောင်းစထားပြီဆိုကတည်းက တစ်ပတ်တွင်နှစ်ခါတော့ သူ့ရဲ့နေ့လည်စာဗူးက သူစားလိုက်ရသည်မရှိ။ ဟင်းမကောင်းသည့် သူငယ်ချင်းကို ပေးလိုက်တာတို့၊ ထမင်းချိုင့်မှောက်တဲ့ သူငယ်ချင်းကို ပေးပစ်လိုက်တာတို့ဖြင့် ညနေအိမ်ရောက်မှသာ စားမြဲပင်။

'မေမေသူ့ကိုသိပါတယ်။ သားကိုကျောင်းလိုက်ပို့ရင် သူ့အဖေက ဆိုက်ကားနဲ့ကျောင်းလိုက်ပို့တဲ့ ကောင်လေးလေ။'

'အင်း။ မေမေသိမယ်ထင်တာပဲ။ သူက ဘာဖြစ်လို့လဲ'

'ဒီနေ့ သူ့အိမ်ကထမင်းချိုင့်လာမပို့ဘူးလေ။ ဗိုက်ဆာလို့ ငိုနေတာပေါ့ မေမေရယ်။ သားလည်း သနားလို့ သားထမင်းချိုင့် သူ့ကိုပေးပြီးစားခိုင်းလိုက်တယ်'

Dark side of angleWhere stories live. Discover now