Dark side of angle part (7)

1.6K 119 4
                                    


Dark side of angle
အပိုင်း (၇)
Zawgyi

မနက်အိပ်ယာမှနိုးတော့ သူ့စိတ်ကတက်ကြွဖျပ်လပ်နေပြန်သည်။ လုပ်နေကြမနက်ခင်းပိုင်းတာဝန်တွေပြီး၍  စိတ်လိုလက်ရနာရီဝက်ခန့် အလှလေးပင်ပြင်လိုက်သေး၏။ တနင်္ဂနွေနေ့ဖြစ်၍ သားကိုကျောင်းပို့စရာမရှိပေမယ့် သုသုက အစောကြီးထကာ မအေနှင့်ဆိုင်လိုက်ဖို့အသင့်ပြင်ပြီးနေပြီ။

'မေမေ ဒီနေ့ဆိုင်မှာအလုပ်ရှုပ်မှာလား'

'မပြောတတ်သေးဘူး။ သားက ဘာလုပ်ချင်လို့လဲ'

တစ်ခုခုပူဆာစရာလေးများရှိရင် သူလုပ်နေကြဖြစ်သည့် နိုင့်၏လည်ပင်ကိုသိုင်းဖက်လိုက်ပြီး

'ကစားကွင်းသွားချင်လို့။ '

'ဆိုင်ကိုအရင်သွားကြည့်ကြမယ်လေနော်။ အလုပ်မရှိတာသေချာရင် လိုက်ပို့ပေးမယ်'

သားက သူ့ပါးကိုနမ်းကာ ကျေးဇူးတင်ပါတယ်ခင်ဗျာဟုပြောသွားသည်။ ထို့နောက် ထိုင်ခုံခါးပတ်ကိုပတ်လိုက်ပြီး

'သားတို့သွားရင် တီချယ့်ကိုရော ခေါ်လို့ရမလား'

'တီချယ်က စာသင်နေမှာပေါ့ သားရဲ့ ။ မခေါ်ပါနဲ့ အားနာဖို့ကောင်းတယ်'

'တီချယ်က တနင်္ဂနွေဆိုနားတယ်တဲ့ သားမေးထားပြီးပါပြီ။ အားနာရင် မေမေက တီချယ့်ကိုမုန့်ဝယ်ကျွေးလိုက်လေ။ နော် မေမေ ..တီချယ့်ကိုပါခေါ်မယ်နော်'

'ပြီးရောလေ။ မေမေ ဖုန်းဆက်ပြီးမေးကြည့်လိုက်မယ်။ သားက တီချယ်နဲ့တော်တော်ရင်းနှီးနေပြီပေါ့ ဟုတ်လား'

'ဟုတ်။ တီချယ်က ချစ်ဖို့ကောင်းတယ် မေမေရဲ့။ မေမေ ကားမောင်းတုန်း ဖုန်းခဏသုံးလို့ရမလား'

'မသုံးရဘူး ။ ဘောက်စ်ထဲမှာ ပုံပြင်စာအုပ်ရှိတယ် ပျင်းရင် အဲ့ဒါပဲယူဖတ်နေ'

သူအသံမာမာဖြင့်ငြင်းလိုက်တော့ သားက နှုတ်ခမ်းလေးစူလျှက်

'တော်ပါပြီ မပျင်းတော့ပါဘူး'

ထိုသို့ပြောပြီး ကားအပြင်ဘက်ကိုကြည့်ရင်းသာလိုက်လာတော့သည်။ သုသုမှာမွေးရာပါလို့ပြောရမည်ထင်၏ သူလုပ်ချင်တာတစ်ခုကို ဘယ်တော့မှဇွတ်တရွတ် မတောင်းဆိုတတ်။ မလုပ်သင့်လို့ နလုပ်ရဘူးဟုပြောလျှင်လည်း ထပ်တွန့်မတတ်ပဲ ငြိမ်သွားတတ်သည်သာ။

Dark side of angleWhere stories live. Discover now