Dark Side Of Angle

1.5K 148 4
                                    

Dark side of angle
အပိုင်း (၁၃)
Unicode

'မ...။ မ...'

မနက်ဆယ်နာရီ။ သူနာရီကိုကြည့်၍ အိပ်ပျော်နေဆဲဖြစ်သည့် သင်းမြတ်ချယ်အား နောက်တစ်ခေါက်ထပ်၍ နှိုးလိုက်သည်။ ငြိမ်သက်စွာအိပ်ပျော်နေလိုက်သည်မှာ သူဆက်၍ပင် မနှိုးရက်နိုင်။ သို့သော်လည်း မ အလုပ်သွားနေကျအချိန်ထက် နှစ်နာရီပင်နောက်ကျနေပြီမဟုတ်ပါလား။

'မ ....။ ထတော့လေ ဆယ်နာရီထိုးနေပြီ'

ဒီတစ်ခါတော့ မရဲ့လက်မောင်းကို လှုပ်ယမ်း၍ အသံကိုပိုကျယ်လိုက်မိသည်။ သို့ပေမယ့် မကတော့ တုတ်တုတ်လေးမျှပင် မလှုပ်။ သူ့စိတ်ထဲ ထင့်ခနဲဖြစ်သွား၍ နောက်တစ်ခေါက် အားဖြင့်လှုပ်ယမ်းလိုက်ပြီး

' မ....'

'အင်း...။ '

အိပ်မက်ထဲက အသံလို မ အသံက ယောင်နနဖြင့်။ 

'ဆယ်နာရီထိုးပြီ မ အလုပ်သွားမှာမှလား'

'ရေ...။ ကိုယ်ရေသောက်ချင်တယ်'

အိပ်ယာဘေးတွင် အသင့်ဆောင်ထားသည့် ရေခွက်ကို မ အားလှမ်းပေးလိုက်သည်။

'နေကောင်းရဲ့လား'

ရေကို အငမ်းမရသောက်ရင်း မက ခေါင်းသာငြၽမ့်၏။ ထို့နောက် အိပ်ယာပေါ်မှဆင်းကာ ဖုန်းက်ိုဖွင့်ကြည့်လျက်

'ကိုယ်မေ့နေပြန်ပြီ ဒီနေ့ အင်တာဗျူးရှိတာပဲ'

မ မနေ့ကပဲ အင်တာဗျူးရှိတယ်ဆိုပြီး အလုပ်က်ိုအစောကြီးထွက်သွားသည်မဟုတ်ပါလား။

'အင်တာဗျူးက မနေ့က လုပ်ပြီးပြိီ မဟုတ်ဖူးလား'

'မနေ့က....'

နားထင်ကိုလက်မဖြင့်ဖိကာ သူ့အား ဟုတ်ရဲ့လားဟု ထပ်မေးပြန်သည်။ မ ခုရက်ပိုင်းတွေ သတိခဏခဏမေ့တတ်နေသည်။ ပြောပြီးသား လုပ်ပြီးသားတွေကိုပင် နှစ်ခါသုံးခါ ထပ်ပြောတတ် လုပ်တတ်နေသည်။ က်ုယ်မေ့သွားတယ်ဆိုသည့်စကားကလည်း ခဏတိုင်းကြားနေရသည်။

'ကိုယ် ရေချိုးတော့မယ်။ မင်းက ကျောင်းမသွားသေးဘူးလား'

ကဲ မေ့ပြန်ပြီထင်တယ်။ ညကပဲ မနက်ဖြန် စနေနေ့ကျောင်းပိတ်တယ်ပြောလို့ မက အိမ်ပြန်တော့လို့တောင် ပြောနေခဲ့သေးတာက်ို။

Dark side of angleWhere stories live. Discover now