Dark side of angle

1.6K 138 4
                                    

Dark side of angle
အပိုင်း (၁၆)

အစ်မပေးထားခဲ့သည့် စာရွက်စာတမ်းတွေအား တစ်ရွက်ချင်းစီစေ့စေ့စပ်စပ်လှန်ကြည့်နေမိသည်။ အစ်မနဲ့လက်တွဲပြီးအလုပ်လုပ်လာခဲ့သည်မှာ ​ခုနှနှစ်ကျော်ရှစ်နှစ်ထဲပင်ရှိနေပြီဖြစ်၏။ အစ်မကြိုးစားရုန်းကန်ခဲ့သမျှ အရာတွေအားလုံး သူ့ရှေ့ကစာရွက်တွေထဲတွင်ရှိနေသည်။ ဒါတွေအားလုံး သူ့အား ဒီလိုလွယ်လွယ်ပေးပြစ်မည့်သူတော့ မဖြစ်နိုင်ပါ။  ဖုန်းတွေလူတိုင်းနီးပါးကိုင်လာခါစ အစ်မ အလုပ်လုပ်သည့်ဖုန်းဆိုင်လေး၌ သီဟက ဝန်ထမ်းအသစ်အဖြစ်ရောက်လာသည့်အချိန်။ ဝန်ထမ်းဘဝမှာကတည်းက အစ်မက အလုပ်ကြိုးစားသည် အနေအထိုင်လည်းသိုသိုသိပ်သိပ်ရှိ၏။ အလုပ်ဆင်းတိုင်း တစ်နေ့လုံးစာ အသုတ်တစ်ပွဲစား၍ အဆောင်ပြန်တတ်သည်(ဒါတွေ နောက်မှ အစ်မပြန်ပြောပြခြင်းဖြစ်သည်) ။

တစ်ရက်တွင်တော့ ဆိုင်ရှင်ထံမှ အစ်မအလုပ်ထွက်သွားကြောင်းသိရ၏။ သီဟ မလိမ်တန်းဝန်ခံရလျှင် ထိုစဥ်က သင်းမြတ်ချယ်ဆိုသော မိန်းကလေးကို စိတ်ဝင်စားခဲ့ဖူးပါသည်။ ထို့ကြောင့် သူနေသည့်အဆောင်ထိလိုက်ကာ အလုပ်ထွက်သွားသည့်အကြောင်းအရင်းအား လိုက်မေးရန်စဥ်းစားခဲ့သည်။ သို့ပေမယ့် မမေးဖြစ်ခဲ့။

တစ်ခုသော အလုပ်နားရက်တွင် သီဟတို့သားအမိ ယုဇနပလာဇာ၌စျေးဝယ်နေရင်း လူသွားလမ်းဘေးပလပ်ဖောင်း၌ အစ်မကိုတွေ့လိုက်ရသည်။ သူလူမမှားခဲ့ပါဘူး။ တက်ကြွဖျပ်လတ်တဲ့ ခြေလှမ်းတွေနဲ့ အရာရာအားစူးစမ်းလိုသည့် မျက်လုံးတောက်တောက်လေးများပိုင်ရှင် သင်းမြတ်ချယ်။
အစ်မ ဘာလုပ်နေတာလည်း။ သီဟ ရုတ်တရပ်မြင်ရ၍ အံ့သြသည်ထက် အစ်မ လုပ်နေသည့် အလုပ်ကိုကြည့်၍ ပိုအံ့သြရသည်။

ဘေးလွယ်အိတ်တစ်လုံးက်ိုလွယ်ထားကြီး သူ့ရှေ့ရှိပလတ်ဖောင်းကွက်၌ စားပွဲလေးတစ်ခုခင်းကာ Handset(second) ဆယ့်လေးငါးလုံးအား ခင်းထား၏။ အမျိုးသားတစ်ဦးက ထိုဟန်းစက်များကို ရပ်ကြည့်တော့ သူက စိတ်ရှည်စွာရှင်းပြနေ၏။ အပြုံးချိုချိုနှင့် ထိုမျှတက်ကြွနေသည့် မိန်းကလေးထဲမှ ဘယ်အမျိုးသားကများ မဝယ်ပဲပြန်ပါ့မည်နည်း။

Dark side of angleWhere stories live. Discover now