Dark side of angle part (5)

1.8K 147 1
                                    

Dark side of angle
အပိုင်း (၅)
Zawgyi

'မင်္ဂလာပါရှင် TMK mobile storeက ကြိုဆိုပါတယ်။  ဘာများဝန်ဆောင်မှုပေးရမလည်း ရှင့်'

'ကွန်ပျူတာထဲ softwareထည့်ချင်လို့'

'ဟုတ်ကဲ့ရှင့် ရပါတယ်။ အပေါ်ထပ်ကိုကြွပါနော်'

'ရေပူ ရေနွေး ဘာများသုံးဆောင်မလဲရှင်'

'ရပါတယ်'

'အစ်ကို့ရဲ့ဖုန်းက framewareပြန်ရေးမှ ရပါ့မယ်ခဗျာ။ ပြင်မလား အစ်ကို'

'ဟုတ်ကဲ့။ ဘယ်လောက်ကျမလဲဗျာ့'

'တစ်သောင်းလောက်တော့ကျနိုင်ပါတယ်။ အဆင်ပြေရဲ့လားဗျာ'

'ဟုတ် ပြေပါတယ်။ ဒါဆို ထားခဲ့မယ်နော်'

'ဟုတ်ကဲ့ခင်ဗျာ့။ ညီမလေးရေ ဒီကအစ်ကို့ကို frameware ဘောင်ချာလေးရေးပေးလိုက်ပါနော်'

အပေါ်ထပ်အောက်ထပ် တစ်ဆိုင်လုံးကို တက်လိုက်ဆင်းလိုက်ဖြင့် လိုက်ကြည့်နေလိုက်သည်။ တစ်ရက်လောက်သောင်းကြမ်းထားတော့ အပိုးကျိုးနေကြ၏။ ယူနီဖောင်းနှင့် ဝန်ထမ်းကတ်ကို သပ်သပ်ရပ်ရပ်ဝတ်ပြီး ဆိုင်၏ပုံမှန်ဝန်ဆောင်မှုတွေကိုလည်း သေချာလုပ်နေကြသားပဲ။စက်ပြင်သည့် ကောင်တာ၌ စက်ပြင်ဆရာလေးတွေမှာလည်း သူ့ coustamerနှင့်သူ အလုပ်ရှုပ်နေကြ၏။ ကပ်စ်စတန်မာများအတွက် ကော်ဖီ၊ လက်ဖက်ခြောက်နှင့် ချိုချဉ်တို့ကို လိုလေသေ့မရှိအောင်လည်း စီစဉ်ထားသည်။ အပေါ်မှာ ဘာမှအထူးတလည် လုပ်စရာမရှိတော့ အောက်ကိုပြန်ဆင်းလာခဲ့သည်။

လှေကား၌ ကော်ဖီဗန်းကိုကိုင်ကာ အပေါ်တက်မည့် ကောင်မလေးနှင့်ဆုံတော့ သူ့အတွက် ကော်ဖီတစ်ခွက်လမ်းကြုံမှာလိုက်သည်။

'ဟမ်းဆက်ဝယ်ရင် လက်ဆောင်ရှစ်မျိုးနဲ့ ညီမတို့ဆိုင်ကပေးမယ့် discountကတ်လည်း ရဦးမှာပါ။ ဒီကတ်ပါရင် ဒီဆိုင်က ဘယ်ပစ္စည်းမဆို ဆယ့်ငါးရာခိုင်နှုန်းလျှော့ပေးပါတယ်ရှင့်။  စက်တစ်ဆုံတစ်ရာဖြစ်ခဲ့ရင်လည်း တစ်လအတွင်းဆို အသစ်တစ်လုံးပြန်လည်းပေးပါတယ်။ ခြောက်လအထိကတော့ ရေဝင် မှန်ကွဲတာက လွဲရင် ပြင်ဆင်မှုအားလုံး အခမဲ့ပါရှင့်'

Dark side of angleOù les histoires vivent. Découvrez maintenant