Dark Side of Angle

1.8K 142 5
                                    

Dark side of angle
အပိုင်း (၁၁)
Unicode

ညသည် တိတ်ဆိတ်ကာ အမှောင်အတိပြီးနေ၏။ ခေါင်းရင်းဘက်ရှိ ညမွှေးပန်းရုံမှ ပန်းအနံ့သည် ပြူတင်းပေါက်မှတစ်ဆင့် အခန်းထဲထိတိုးဝင်လာသည်။ ညမွှေးနံ့သည် ဆူးဆူးဝါးဝါးပင်မွှေးလွန်း၍ သက်က ထိုအနံ့ရလျှင်ခေါင်းကိုက်တတ်သည်။ ထို့ကြောင့် လေဝင်စေရန်ဖွင့်ထားသည့် ပြူတင်းပေါက်တံခါးကို အိပ်ယာပေါ်မှ မဆင်းတော့ပဲ ပိတ်လိုက်သည်။ ညနှစ်နာရီထိုးနေပြီဖြစ်ပါလျှက် သူအိပ်မပျော်နိုင်သေးပါ။ အတွေးပေါင်းဆုံက သူ့က်ိုအိပ်ခွင့်မပေးဘူးထင်ပါရဲ့။ သက်ကတော့ နှစ်ခြိုက်စွာအိပ်ပျော်နေသည်။ အိပ်မက်ထဲ၌လည်း ပျော်နေပုံရ၏။ သက်က ငယ်ငယ်ကတည်းက အိပ်လျှင် ရင်ဘတ်ပေါ် ခေါင်းအုံးလေးတင်အိပ်တတ်သည်။ ကြောက်လည်း အလွန်ကြောက်တတ်သေး၏။ အခုလည်း ခေါင်းအုံးလေးက်ို ရင်ဘတ်ထဲထည့်ကာ ပွေ့ထားပြန်သည်။

ထိုခေါင်းအုံးလေးပေါ်မှ သက်ရဲ့လက်ကိုအသာမယူကာဖယ်လိုက်ပြီး သူ့ရင်ဘတ်ပေါ်သို့ ထိုလက်လေးများကိုနေရာရွေ့လိုက်သည်။ လက်ဖျားလေးများကနွေးနေသလို၊ သက်၏လက်ချောင်းလေးတွေကလည်း သွယ်၍ပျော့ပြောင်းနေ၏။ ထိုလက်လေးများသည် ဘဝက်ို ဘယ်လိုအခက်ခဲမျိုးနှင့်မျှ ရင်ဆိုင်ဖို့ မဝံ့မရဲဖြစ်နေသည်ကိုပြနေသလိုပင်။ သက်ကို တစ်သက်လုံး စောင့်ရှောက်နိုင်ပါ့မလား...သူကိုယ်သူ မယုံရဲပါ။ မိန်းမသားတစ်ယောက်သည် ဘယ်လောက်ထ်ိများ သတ္တိကောင်းနိုင်ပါမည်နည်း။ သက် ဘဝတစ်လျှောက်လုံး စိတ်ညစ်ရမည့်အရာ၊ စိတ်ပင်ပန်းစေမည့်အရာများအားလုံး သူကသာ ခါးစီး၍ ခံခဲ့သည် ဒါတွေကို ဘယ်အချိန်ထိ သူဆက်၍ ခံနိုင်မည်နည်း။

'အိမ့် ။ ထမင်းချိုင့်ရပြီနော် မပြီးသေးဘူးလား'

ထမင်းချိုင့်ကို နှစ်ယောက်စာပြင်ပြီးသည်အထိ အိမ့်၏ အသံမကြား၍ လှမ်းအော်ကာခေါ်လိုက်ရသည်။

'အင်း လာမယ် လာမယ်'

အိမ့်အသံက ခေါင်းရင်းလမ်းကြားဘက်မှပေါ်လာသည်။သူခေါင်းရင်းမှာ   ဘာသွားလုပ်တာပါလ်ိမ့်။ ထမင်းခြင်းနှစ်လုံးကို ဧည့်ခန်းစာပွဲပေါ်၌ တင်ထားလိုက်ပြီး ပြူတင်းပေါက်မှ ခေါင်းရင်းလမ်းကြားသို့ ငုံ့ကာကြည့်လိုက်မိသည်။.အလုပ်သွားဖို့ မပြင်ပဲ အပင်ရုံတစ်ခု၏ အဖူးအပွင့်တွေကို စိတ်ရှိတိုင်းချိုးနေသည့် အ်ိမ့်။

Dark side of angleМесто, где живут истории. Откройте их для себя