dark side of angle part (2)

2.4K 151 1
                                    


Dark side of angle
အပိုင်း (၂)

'ဒီနေ့ရော ဘယ်သူတွေကို ထမင်းကျွေးခဲ့ရသေးလဲ ဘုရားဖြစ်မယ့် အုတ်နီခဲလေး'

ထမင်းခြင်းလေးကို ဆိုင်အတွင်းဘက်ထိသယ်သွားရင်း သားသားကိုမေးရသေးသည်။

'မကျွေးရတော့ပါဘူး မေမေရဲ့။ ဟိုကောင်လေး ဒီနေ့တော့ ထမင်းဗူးပါပါတယ်'

'တော်သေးတာပေါ့။ မေမေ သားဖို့ ဆရာမ ရှာပြီးပြီနော် ခဏနေလာလိမ့်မယ်'

'ဟင် ဒီနေ့သင်ရတော့မှာလား။'

ဆိုင်ပိတ်ပြီးချိန်မှ သားအမိနှစ်ယောက်လုံး အိမ်ပြန်ကြမည်။ ထို့ကြောင့် သားအတွက် အပိုယူလာသည့် အဝတ်တစ်ဆုံကို လည်းခိုင်းရ၏။

'အင်း ဒီနေ့က စသင်ကြမယ်လေ။ အင်္ကျီလည်းလိုက်အုံး '

'မေမေကလည်း သားကိုတောင် မတိုင်ပင်ဘူးနော်။ ဒီနေ့ ကျူရှင်သင်ဖို့ အဆင်သင့်မဖြစ်သေးဘူးလေ'

'ဟော့တော်'

သားက နှုတ်ခမ်းလေးဆူကာ ပြောလိုက်တော့ ဆိုင်တွင်းရှိလူအကုန် ပွဲကျသွားရသည်။ သူကတောင် အဆင်သင့်မဖြစ်သေးဘူးဆိုပဲ။

'မေမေ့ကို ခွင့်လွှတ်ပေးပြီး သင်လိုက်ပါ သားသားရယ်။ ခဏနေရင် ဆရာမလာတော့မယ်။ မုန့်စားလိုက်ဉီး'

'အင်းပါလေ။ သားက တောင်းဆိုထားတဲ့သူဆိုတော့လဲ'

အတော်လေးလည်း တတ်နိုင်သည့်ကလေးပင်။ သုသုလေး အဝတ်စားလည်းပြီး မုန့်စားပြီးချိန်တွင် မနက်ကဆရာမလေးပြန်ရောက်လာ၏။ ခေါက်ထီးကိုပိတ်ကာ ဖြစ်သလိုခေါက်၍ ဆိုင်တွင်းသို့ဝင်လာသည်။

' မင်္ဂလာပါ မမ။'

'မင်္ဂလာပါ ဆရာမရေ။ သုသုရေ တီချယ့်ကိုလာကြိုပါအုံး'

ထိုဆရာမတွေ့ဖူးတာ အခုနှင့်မှ နှစ်ကြိမ်ပဲရှိသေးပေမယ့် သူ့စိတ်ထဲမသိုးမသန့်နှင့် တစ်ခုခုထူးဆန်းနေသလိုပင်။ တစ်ကယ်ဆို ဆရာမ သုံးလေးယောက်လောက်နှင့်တွေ့ပြီးမှ ရွေးချယ်ပြီး ခန့်ဖို့ကောင်းသည် မဟုတ်ဖူးလား။

'good afternoon တီချယ်။'

'good afternoonသားသား။ တီချယ်တို့ စာသင်ကြတော့မလား'

Dark side of angleDonde viven las historias. Descúbrelo ahora