Dark side of angle အပိုင်း(၃)

2.1K 145 0
                                    

Dark side of angle
အပိုင်း(3)
'ဖေဖေ။ ဖေဖေ။ ဘယ်နေ့ပြန်လာမှာလဲ'

'နောက်ရက်ပေါင်း တစ်ရာ့ငါးဆယ်နေရင်ပြန်လာမယ်'

'ဟာ။ ဖေဖေကလည်း ကြာလိုက်တာ။ သားသား ကျောင်းကပွဲကျရင် ဖေဖေလာကြည့်စေချင်တာပါဆို'

'ပြန်လာတော့ ကြည့်မှာပေါ့ကွ။ သားမေမေရော ။ မျက်နှာလေးမြင်ချင်လို့ လာပြပါဦးလို့'

'နိုင်ရေ.....ကိုကိုက လွမ်းလို့တွေ့ပါရစေတဲ့'

ဧည့်ခန်းစားပွဲ၌ ဆိုင်မှကောင်မလေးတစ်ယောက်ကု အချိန်ပိုဆင်းခိုင်းပြီး လချုပ်စာရင်းလုပ်နေသည့် မေမေ့ကို အခန်းထဲမှပင် လှမ်းပြောလိုက်သည်။ ဖေဖေ အမြဲတမ်းခေါ်သည့် နိုင် ဟူသော နာမ်စားကိုသုံး၍ ဖေဖေကိုယ်တိုင်ပြောသလို ကိုကိုကလို့သုံးလိုက်သည်။ မေမေက သူ့ကိုမျက်ဆောင်းလေးထိုး၏။ ဝန်ထမ်းအစ်မကြီးကတော့ ကျိတ်ကာရယ်နေသည်။

'နိုင် မအားသေးလို့ သားနဲ့ပဲပြောတော့လို့'

ဖေဖေ့ကို မေမေပြောသည့်အတိုင်းပြန်ပြောပြီး ပုခုံးတွန့်ပြလိုက်သည်။ ဟုတ်သားပဲ မေမေ မလာနိုင်ရင် ကွန်ပျူတာကို မေမေ့နားရွေ့သွားလို့ရသားပဲ။ ကုလားထိုင်ပေါ်မှဆင်းကာ ကွန်ပျူတာကိုပွေ့၍ မေမေ့အလုပ်လုပ်နေသည့်နားသို့ ရွေ့လာခဲ့သည်။ မေမေ စာရင်းလုပ်နေသည့် စာပွဲပေါ်၌ ကွန်ပျူတာကိုတင်လိုက်၏။

'မေမေ မအားရင်နေပါစေ သားရဲ့။'

'sorry ပဲ ကိုကိုရယ်။ ဒီလစာရင်းချုပ်တာ နောက်ကျနေလို့ ဒီမှာ အကူတောင်ခေါ်ထားရတယ်'

'အင်းပါ။ ကျန်းမာရေးဂရုစိုက်ဦးနော်။ ကိုကိုလည်း အလုပ်ပြန်ဝင်ရတော့မယ်'

'သုသုလေး တာ့တာ။ မေမေ့ ကိုဂရုစိုက်ရမယ်နော်'

'ဟုတ်ကဲ့ ဖေဖေ'

ကိုကို့ဘက်မှာ offlineဖြစ်သွားတော့ သားသားက ကွန်ပျူတာကို ပိတ်လိုက်သည်။ ဒီညတော့ အကူကောင်မလေးလည်း အိမ်မှာပဲအိမ်ရလိမ့်မည်ထင်သည်။ သူ နေမကောင်းသည့်အကြောင်း သားသားက သူ့ဖအေကို မပြောပဲနေမည်မဟုတ်။ ဒါကို သူသိသည်။ သူပြန်ပြီး သတိရနေမှာဆိုး၍ တမင်တကာ မမေးမှန်းလည်းသိပါသည်။

Dark side of angleWhere stories live. Discover now