Dark side of angle

1.6K 131 3
                                    

Dark side of angle
အပိုင်း (၁၇)

ညက စီစဥ်ထားသည့်အတိုင်း ဘုရားသွားရန် မနက်စောစောထ၍ ပြင်ဆင်နေမိသည်။ အားလုံးအဆင်သင့်ပြင်ပြီးချိန်ထိ သင်းမြတ်မှာ အိပ်ပျော်နေဆဲ။ ထို့ကြောင့် မနက်စောစော ဘုရားဝတ်ပြုရန် မမှီမှာဆိုး၍ သင်းမြတ်အား နှိုးရတော့သည်။

'သင်းမြတ် '

ပုခုံးအား အသာအယာလှုပ်နှိုးလိုက်သည်။ အပူချိန် တစ်ဆယ်စယ်စီးရပ်သာရှိသည့် မနက်ခင်း၌ သူ့ကိုယ်မှ တစ်ငွေ့ငွေ့ပူနေ၏။ မြတ်စွာဘုရား...သူ ဖျားနေပြီလား။ ညက အအေးမိသွားလို့များလား။

'သင်းမြတ်...။ သင်းမြတ်'

နောက်တစ်ခေါက်ထပ်နှိုးပေမယ့် သင်းမြတ်ချယ်ကတော့ အိပ်ပျော်နေဆဲသာ။ နှဖူးအား စမ်းကြည့်လိုက်မိတော့

'ဘုရားရေ...ပူကျစ်နေပါလား'

ဆရာဝန်ခေါ်လိုက်ရမလား။ သူ ကြာကြာစဥ်းစားမနေပဲ စာပွဲပေါ်က ဖုန်းဖြင့် ဧည့်ကြိုကောင်တာသို့ဖှန်းခေါ်ကာ ဆရာဝန်လွှတ်ပေးရန် ပြောလိုက်ရသည်။ ဆရာဝန် မလာခင် ကိုယ်ပူကျသွားအောင် ရေဝတ်တင်ပေးမှဖြစ်လိမ့်မည်။ ရေခဲနှင့် ရေဇလားတစ်ခု လှမ်းတောင်းလိုက်ပြီး မကြာခင် ဟိုတယ်ဝန်ထမ်းလေးက ယူလာပေး၏ ။ သူတို့ရောက်သည့် သုံးရက်အတွင်း သင်းမြတ် ဘာကိုမှလည်း ဟုတ်တိပတ်တိစားသည် မရှိ။ တစ်ချိန်လုံး ရေသာ ခဏခဏသောက်နေခဲ့သည်။  ဆောင်ကိုဖယ်၍ ချွေးဆေးများဆိုနေသည့် အဝတ်အစားများအား ချွတ်ပေးလိုက်ပြီး အသစ်တစ်ဆုံလည်းပေးလိုက်သည်။
အဝတ်များမရှိတော့၍ သင်းမြတ်တစ်ယောက် အတော်လေးပိန်သွားမှန်း ပို၍ပင်သ်ိသာပါသည်။

ရေဇလားတွင်းမှ ရေခဲလေးများသည် မိနစ်အနည်းငယ်အတွင်း အရည်ပျော်သွားချိန်၌ ကိုယ်အပူချိန်လည်း အနည်းငယ်ကျသွားပြီဖြစ်၏။ သို့သော်လည်း နိုးမလာသေးပါ။ သူ နောက်တစ်ခေါက်ကြိုးစား၍ နှိုးကြည့်လိုက်သည်။

'သင်းမြတ် ။ သင်းမြတ် '

မျက်ခွန်လေးများ လှုပ်လာမှ ဟင်းခနဲသက်ပျင်းချနိုင်တော့သည်။ သင်းမြတ်တစ်ယောက် သူ့အားဇဝေဇဝါဖြင့် ကြည့်နေရင်းမှ

Dark side of angleWhere stories live. Discover now