Part-1(Unicode)

16.4K 577 22
                                    

ပူပြင်းတဲ့နွေရာသီကို ဖြတ်သန်းလာခဲ့ပြီးတဲ့နောက် Beijingမြို့လေးမှာ အအေးဓါတ်လေးတွေ ပျံ့လွင့်စပြုလာလေသည်။ လမ်းဘေးတတန်းမှာရှိတဲ့ သစ်ပင်တွေထက်က‌သစ်ရွက်တွေမှာလည်း ဝါကြန့်ကြန့်ဆေးရောင်ဆိုးထားသကဲ့သို့ မကြာခင် မြေပြင်ပေါ်ကြွေကျဖို့အဆင်သင့်ရှိနေဟန်ပါ။

တချို့မှာလည်း ဆောင်းလေအေးတို့နဲ့လွှင့်မြောရင်း မြေသို့ခဆင်းနေကြသည်။ မြေပြင်မှာလည်း သစ်ရွက်ဝါတို့နှင့်သာ ပြည့်နှက်လုနီးပါးပင်။

သဘာဝအလှကိုခံစားတတ်သူတွေအဖို့ ဒီလိုအချိန်ဟာ အရမ်းသာယာတဲ့အခိုက်အတန့်လေးတွေပါပဲ။

တစ်စုံတစ်ယောက်ဟာလည်း မြေပြင်ပေါ်ကသစ်ရွက်တွေအပေါ် ခြေချရင်း သာယာတဲ့ကောင်းကင်ပြင်ကိုမော့ကြည့်နေလျှက် -

*နောက်ထပ် ဆောင်းရာသီကို ထပ်ကျော်ဖြတ်ရတော့မှာပါလား . . . . *

သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့မျက်ဝန်းတွေကိုမှိတ်လိုက်ပြီး အသက်ကိုခပ်ဝဝရှူသွင်းလိုက်ခဲ့သည်။ တဝေ့ဝေ့နဲ့တိုက်ခတ်နေတဲ့လေပြေလေးတို့က ဘယ်ဘက်သို့ပင့်တင်ထားသောသူ့ဆံပင်စတို့ကို တရွေ့ရွေ့လှုပ်ခတ်စေလျှက်။

ရှည်လျားတဲ့အညိုရောင်ကုတ်ရှည်တစ်ထည်နှင့်ဂျင်းပြာဘောင်းဘီရှည်တထည်ကိုဝတ်ဆင်ထားပြီး သပ်ရပ်စွာပြင်ဆင်ထားတဲ့သူ့ပုံစံဟာ ရင့်ကျက်တဲ့လူတစ်ယောက်အသွင်ဆောင်နေသည်။ သို့သော်ပြန်ဖွင့်လာသောသူ့မျက်ဝန်းတို့ကတော့ မရင့်ကျက်သေးတဲ့ကလေးတစ်ယောက်လို တစ်စုံတစ်ယောက်ကိုတမ်းတနေသလို လွမ်းဆွေးမှုအခိုးအငွေ့တွေရစ်ဝဲနေခဲ့၏။

သို့သော် သူ့ဘာသူခေါင်းကိုအနည်းငယ်ရမ်းလိုက်ပြီး အတွေးတွေကိုထုတ်ကာ သစ်ရွက်ဝါတို့ကိုငုံ့ကြည့်ရင်း ထိုအပေါ်သို့ ခြေလှမ်းတွေ ဖြည်းညှင်းစွာထပ်ချနေခဲ့မိ၏။ ထို့နောက် ချိုသာတဲ့အပြုံးတစ်ခုကို ဖန်ဆင်းလိုက်စဉ် သူ့နှုတ်ခမ်းအောက်ကမှဲ့လေးမှာ ပို၍ထင်းလာသလို။

*အရင်နှစ်က ငါ့ခြေလှမ်းတွေက အခုထက်ပိုမြန်နေမလား . . . . . *

🍁🍁🍁🍁🍁

Snow Kiss(Completed)Where stories live. Discover now