Part-11(Final)(Unicode)

5.6K 459 32
                                    

မကြာခင်မှာပဲ အတိတ်ပြန်ဖော်တဲ့ကုထုံးတွေ‌ ဆေးမျိုးစုံနဲ့Yiboကိုကုသပေးရင်း သူစိတ်ပုံမှန်ပြန်ဖြစ်ခဲ့ရပါသည်။

"သခင်လေး ကျုပ်ကိုမှတ်မိလား! "

"သိတာပေါ့ . . . ကျွန်တော်ရှာသမျှပြဿနာတွေလိုက်ရှင်းပေးရတဲ့ အိမ်ထိန်းချန်လေ "

"အဲ့ဒါဆို ကျွန်မမုန်လာဥနီမှားထည့်ခဲ့လို့ အဲ့ဒီဟင်းစားပြီး သခင်လေးပြန်အန်ခဲ့တာလေ အဲ့တုန်းကဒီရုပ်ကိုအသေဆူခဲ့တာလေ "

"မှတ်မိတာပေါ့ ငါ့ကိုဒုက္ခရောက်အောင်လုပ်ခဲ့တဲ့ မိန့်မိန့် . . . "

Yiboပြန်သက်သာသွားပြီဖြစ်တဲ့အတွက် အိမ်ထိန်းတွေမှာပျော်ရွှင်နေကြပြီး တစ်ယောက်ပြီးတစ်ယောက်မေးနေကြလေသည်။

"ကျွန်တော် ဝင်လာခဲ့လို့ရမလား ! "

ထိုစဉ် တံခါးတစ်ဖက်ကနေ မရဲတရဲလှမ်းမေးလာတဲ့ရှောင်ကျန့်ကြောင့် အားလုံးသူ့ဆီမျက်စိရောက်ခဲ့ရသည်။

"ဟာ . . . ဆရာလာတယ် ဆရာ အထဲဝင် "

အိမ်ထိန်းတွေကတော့ တရင်းတနှီးနဲ့ရှောင်ကျန့်ကိုအထဲခေါ်ခဲ့ပေမယ့် Yiboက သူ့ကို တည်ငြိမ်စွာစိုက်ကြည့်နေခဲ့သည်။

"အိမ်ထိန်းချန် သူကဘယ်သူလဲ ? "

*မင်းငါ့ကိုမမှတ်မိတော့ဘူးလား Yibo? *

Yiboရဲ့သူစိမ်းဆန်တဲ့မေးခွန်းဟာ ရှောင်ကျန့်ရင်ထဲဓါးနဲ့ထိုးမွှေလိုက်ခဲ့သလိုပါပင်။

"သူက သခင်လေးရဲ့ဆရာဝန်ဖြစ်ခဲ့ဖူးတယ်လေ အိမ်ထိန်းဖန်လက်ထဲကနေကယ်ခဲ့တာလည်းသူပဲ ဆရာက & €^¢^€°€°€^¢°£^£€¢°£^. . . "

သူ့ကိုမမှတ်မိတော့လို့ အိမ်ထိန်းချန်က ရှင်းပြနေရတာကိုသိရတော့ ရှောင်ကျန့်ရင်ထဲကနှလုံးသားကြေမွပျက်စီးမတတ် ဖြစ်ခဲ့ရပါသည်။ သတိရလာရင် သူ့ကိုတမ်းတဦးမယ် သူ့ကိုချစ်နေဦးမယ်ထင်ခဲ့ပေမယ့် ဒါတွေဟာအခုတော့အလကားပါပဲလား။

အိမ်ထိန်းချန်စကားကြောင့်Yiboခေါင်းတငြိမ့်ငြိမ့်နဲ့ထလာပြီး ရှောင်ကျန့်ကိုလက်ကမ်းလာခဲ့၏။

"ကျွန်တော့်ကိုကူညီခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ရှောင်ကျန့် . . . ရင်းနှီးခွင့်ရတာဝမ်းသာပါတယ် "

Snow Kiss(Completed)Where stories live. Discover now