Part-10(Unicode)

3.4K 333 2
                                    

"Yibo? Yibo . . . . "

သနားစရာရှောင်ကျန့်တစ်ယောက် ပြန်ပေးဆွဲတဲ့သူပြောတဲ့အတိုင်း ဆွဲကြိုးကိုယူလာကာ လိပ်စာအတိူင်းလျှောက်လာခဲ့လေ၏။

ထိုလိပ်စာက တကယ်တော့ အဆောက်ဦးအဟောင်းကြီးတစ်ခုဖြစ်ပြီး လူသူပျက်နေတဲ့နေရာဖြစ်တဲ့အတွက် ညလမ်းမီးတိုင်မှိတ်တုတ်တုတ်တို့ကလွဲ၍ တခြားမရှိပေ။ ထို့အပြင် တဖွဲဖွဲကျနေတဲ့နှင်းစက်တို့က အရာအားလုံးကိုအေးစက်စေလျှက်။

ရှောင်ကျန့်ကတော့ ထိုသို့ရောက်လာပြီးအထဲကိုဝင်လာခဲ့၏။ပိတ်ထားတဲ့တံခါးကိုဖွင့်ရင်း Yiboနာမည်ကိုသူအော်ခေါ်မိသည်။

"ရောက်လာပြီပဲ ! "

ထိုစဉ် ပဲ့တင်ထပ်သံလိုယောကျာ်းတစ်ယောက်ရဲ့အသံကြောင့် ရှောင်ကျန့် အသံလာရာကို ပြေးသွားလိုက်မိရာ -

. . . . . . . . Imm . . . . Imm ~  . . . . . . . . . . .

Maskအနက်တပ်ထားတဲ့လူတစ်ယောက်နဲ့ဘေးကအဖွဲ့သားတွေကိုတွေ့ရသည်။ ထို့နောက် လေပေါ်မှာ ထိုင်ခုံတစ်လုံးနှင့်အတူ Yiboကိုတွဲလျှက်ချိတ်ဆွဲထားပြီး အောက်တည့်တည့်မှာ အနက်၇ပေလောက်ရှိတဲ့ရေကူးကန်တစ်ခုရှိနေခဲ့သည်။ Yiboမှာ ထိုထိုင်ခုံနဲ့ကြိုးတွေတုတ်ထားခြင်းခံရပြီး ပါးစပ်ကိုလည်းတိပ်ကပ်ခံထားရသည်။

ရှောင်ကျန့်ကိုမြင်တော့ သူ့နာမည်ကိုအော်ခေါ်ပြီး သူကြောက်လန့်နေကြောင်းပြောချင်ပေမယ့် ပါးစပ်မှာပိတ်ထားခြင်းခံရ၍  အော်ဟစ်သံတို့ကလည်ချောင်းဝမှာပဲပိတ်ပြီး မြည်နေခဲ့သည်။

"ခင်ဗျားတို့ ဘာလို့ သူ့ကိုအဲ့ဒီလိုလုပ်ရတာလဲ ? ခင်ဗျားတို့လိုချင်တာ ဒါမလား . . . ကျွန်တော်အခုပေးမယ် သူ့ကိုလွှတ်ပေး ! "

ချစ်ရသူကို အသက်ခြိမ်းခြောက်ခံထားရတော့ ရှောင်ကျန့်စိတ်ပူတကြီးနဲ့ဆွဲကြိုးကိုထုတ်ပြလာသည်။ ထိုလူကလည်း ဆွဲကြိုးကိုမြင်တော့ ရှောင်ကျန့်အနားသို့ကပ်လာခဲ့၏။

"ပေး ! "

"ခင်ဗျားက အိမ်ထိန်းဖန် မလား "

ထိုလူ ဆွဲကြိုးကိုလက်ခံဖို့လာစဉ် ရှောင်ကျန့်မေးလိုက်တဲ့စကားကြောင့် ရပ်တန့်သွားခဲ့သည်။ ထို့နောက်ရှောင်ကျန့်ကိုစူးစိုက်ကြည့်ကာ Maskကိုချွတ်ပြခဲ့သည်။

Snow Kiss(Completed)Where stories live. Discover now