Part-8(Unicode)

3.4K 327 5
                                    

နေရာအားလုံးလှည့်ပတ်ရှာပေမယ့် ပျောက်သွားတာဖြစ်၍ ရှောင်ကျန့်စိတ်ညစ်စွာနဲ့ အိမ်သို့ပြန်လာခဲ့၏။

"Hik! Hik ! "

အိမ်အပြန်လမ်းနဲ့နီးလာလေလေ ရှိုက်ကြီးတငင်ငိုနေတဲ့အသံတသဲ့သဲ့ကြားရ၍ ရှောင်ကျန့်ခြေလှမ်းတွေမြန်မြန်လျှောက်လာခဲ့၏။

"Yibo ? "

သူထင်ထားတဲ့အတိုင်း အဲ့ဒီငိုသံပိုင်ရှင်လေးကYiboဖြစ်နေခဲ့ပါသည်။ တိုက်ခန်းရှေ့ လမ်းဘေးမှာ ငုတ်တုတ်လေးထိုင်ငိုနေတာမြင်ရတော့ ရှောင်ကျန့်စိတ်မကောင်းဖြစ်ပြီး အပြေးသွားလိုက်၏။ သို့သော် ထိုကောင်လေးက သူ့ကိုမြင်တော့ တစ်ဖက်ကိုထပြေးဖို့ကြံလိုက်သည်။

"မသွားပါနဲ့ . . . ငါမှားပါတယ် ငါတောင်းပန်ပါတယ် . . . မင်းမကျေနပ်ရင် ငါ့ကိုရိုက်လိုက်ပါ "

သူထွက်ပြေးမှာစိုး၍ ရှောင်ကျန့် အနောက်ကနေ သူ့ကိုရင်ခွင်ထဲသိမ်းသွင်းပြီးဖက်ထားလိုက်၏။

"တော်ပြီ ခင်ဗျားကိုမယုံတော့ဘူး ဒီကဖြင့်အနှစ်တစ်ထောင်ရည်းစားမို့ သေအောင်ချစ်ရပါတယ် . . . သူကတော့ လူနာတစ်ယောက်ထက်မပိုဘူးတဲ့ ကျွန်တော်ကရူးနေလို့လား . . . ဘယ်နေရာကရူးနေလို့လဲ အရူးလည်းခံစားတတ်တာပဲ . . လွှတ် . . . "

Yiboလည်း ရှောင်ကျန့်လုပ်ရက်ကို မုန်းသွားသည့်ပုံပါ ငိုသံရောယှက်ကာပြောရင်း သူ့ကိုဖက်ထားတဲ့ရှောင်ကျန့်လက်ကိုအတင်းဆွဲဖယ်လေ၏။ အအေးထဲထိုင်ငိုထားတော့ သူ့ရဲ့မျက်နှာလေးမှာလည်း မျက်ရည်တွေနဲ့စိုရွှဲပြီး ပါးမို့မို့နဲ့နှာဖျားလေးတွေမှာနီရဲစုတ်နေခဲ့သည်။

"မင်းမရူးပါဘူး. . . ငါရူးခဲ့တာ ငါရူးပြီး မင်းကိုငေါက်ခဲ့တာပါ . . . ထွက်တော့မသွားပါနဲ့ မကျေနပ်ရင်ငါ့ကိုရိုက်လိုက်ပါကွာ . . . . "

"တော်ပြီ . . . ဦးဦးအိမ်ထိန်းကိုဖုန်းဆက်ပေး ပြန်မယ် ပြန်မယ် . . . . . . "

လူကစိတ်မမှန်သော်လည်း အငြိုးတော့ကြီးတတ်သား။ သို့သော်လည်း‌အငြိုးထားတဲ့အဲ့ဒီကောင်လေးကို ရှောင်ကျန့်ကအလွတ်မပေးပဲသိုင်းဖက်ထားနေဆဲ။

Snow Kiss(Completed)Onde histórias criam vida. Descubra agora