Part-3(Unicode)

4.2K 365 0
                                    

တစ်ဖက်ကလူကိုမမြင်ရသေးခင် အေးစက်တဲ့ရေတို့က မျက်နှာကိုဖြန်းခနဲလာပက်မိလေတော့ အသက်ရှူတောင်မွန်းကြပ်သွားရသလို နောက်ဆုတ်မိသွားခဲ့ရသည်။

"ဘယ်သူလဲ? အဟွတ် "

ရေနဲ့ဆောင့်လောင်းလိုက်၍မျက်လုံးထဲစပ်ဖျင်းဖျင်းဖြစ်မိတာမို့ မကြည်မလင်နဲ့မနည်းဖွင့်ကြည့်ရာ လက်ထဲမှာ ရေပုံးကိုကိုင်ထားပြီးသူ့ကိုဂြိုလ်ကြည့်ကြည့်နေသူက Wang Yiboပါပဲ။ မျက်ခုံတစ်ဆက်တည်းဖြစ်သည်အထိမျက်မှောင်ကျုံ့ထားပြီး စူပုတ်နေတဲ့မျက်နှာနဲ့မို့ ရှောင်ကျန့်လန့်သွားခဲ့ရသည်။

"အမယ်လေး . . . ရှောင်ကျန့် သူ့ကိုထိန်းလိုက်ပါတော့နော် . . . ပြေးပြီဗျို့ "

အိမ်ထိန်းဖန်ဟာ သူ့သခင်လေးအရမ်းဆိုးတာဆိုတာသိတော့ ပြေးသွားတာတန်းနေရော။

"အယ် နေဦးလေ . . . "

ရှောင်ကျန့်လည်း သူတစ်ယောက်တည်းတော့ မနေရဲ၍ အိမ်ထိန်းဖန်ကိုလှမ်းခေါ်မိ၏။

"ခင်ဗျားကဘယ်သူလဲ ဘာလာလုပ်တာလဲ ကျွန်တော့်အိမ်ထဲ "

ထိုစဉ် မနူးမနပ်အသံနဲ့ သူ့ကိုလှမ်းမေးတဲ့အတွက် ရှောင်ကျန့် မျက်လုံးတဖျက်ဖျက်နဲ့ခတ်ရင်း ပြန်ဖြေလိုက်၏။

" . . အခုကစပြီး ငါကမင်းဆရာဝန်မို့ ငါ့စကားကိုနားထောင်ရမယ် ကြားလား ! "

"ဆရာဝန် ?? "

Yiboမှာအူကြောင်ကြောင်နဲ့ မျက်လုံးကိုအပေါ်မော့ကာ ပါးစပ်ဟောင်းလောင်းနဲ့ ဆရာဝန်ဆိုတာဘာလဲစဉ်းစားနေသည့်ပုံပင်။

"အေး ဟုတ်တယ် ဆရာဝန် . . . ငါ့နာမည်က ရှောင်ကျန့် ဆရာရှောင်လို့ ခေါ် အဟွတ် "

ရုတ်တရက် သူ့နာမည်ကိုကြားတော့ Yiboပျော်သွားတဲ့ပုံနဲ့ ရှောင်ကျန့်လက်ကိုလှမ်းဆွဲလိုက်သည်။

". . ဟို ငါ့ရဲ့နှစ်တစ်ထောင်ရှောင်ကျန့်မလား "

*ဒီကောင်စုတ်က အဲ့ဒါတော့မှတ်ဉာဏ်ကောင်းသားပဲ*

ဝမ်းသာတကြီးဖြစ်ပျက်နေတဲ့Yiboရုပ်ကိုကြည့်ပြီး ရှောင်ကျန့်စိတ်ပျက်မိသွားသည်။

Snow Kiss(Completed)Où les histoires vivent. Découvrez maintenant