Part-6(Unicode)

3.5K 369 5
                                    

"ဗျာ . . .ခြံကြီးကအကျယ်ကြီးကို . . . "

"အေး တစ်ပတ်ပတ်ခဲ့သွား ငါစောင့်နေမယ် စီးနေရင်းတစ်ခုခုရအောင် ခံစားခဲ့ . . . . "

"ဟုတ် "

ကလေးတစ်ယောက်လိုသူ့စကားနားထောင်နေတဲ့အရူးလေးဆိုတော့ ရှောင်ကျန့်တစ်ယောက် ဆရာလေသံနဲ့ ကောင်းကောင်းကြီးအမိန့်ပေးနေနိုင်ခဲ့၏။
Yiboလည်း သူပြောတဲ့အတိုင်း ခြံထဲကို stakeလှည့်ပတ်စီးနေခဲ့သည်။

အစေခံတချို့ကတော့ Yibo stakeစီးနေတာကိုကြည့်ရင်း ပြုံးနေခဲ့ကြသည်။

"Omo . . ကြည့်ပါဦး အရင်ကသခင်လေးပြန်လာတဲ့အတိုင်းပဲ . . . "

"ဆရာအရမ်းတော်တာပဲ . . . အရင်ကတော်တော်ဆိုးခဲ့တာ အခုကြည့်ဦး ဆရာ့စကားကိုနားထောင်နေတယ် "

Yibo stakeစီးနေတာလက်ပိုက်စောင့်ကြည့်နေတဲ့ရှောင်ကျန့်‌ဘေးကို အစေခံတွေချီူးကျူးစကားပြောရင်း အနားကပ်လာကြ၏။ ရှောင်ကျန့်ကလည်း ကျေကျေနပ်နပ်နဲ့စကားပြန်ပြောနေသည်။

*ငါ့ကိုကျအလုပ်ခိုင်းထားပြီး သူကကောင်မလေးတွေနဲ့စကားများနေတယ် ? *

ရှောင်ကျန့်နဲ့အစေခံမလေးတွေက ပုံမှန်စကားပြောနေသော်လည်း အဝေးကYiboတစ်ယောက် စိတ်ထဲမသက်မသာဖြစ်သွားလေသည်။ ဒါနဲ့တစ်ပတ်ပတ်ပြီး သူ့ဆီအမြန်ရောက်အောင် အရှိန်နဲ့စီးလိုက်မိတော့ -

. . . . . . . . . . . . . ဝုန်း. . . . . . . ဘုတ် . . . . . . . . . .

"Yibo! "        "သခင်လေး! "

အမြန်လာ‌ချင်ဇောနဲ့ခြေချော်ပြီး မြေပြင်ပေါ်သို့ ဟက်ထိုးလဲသွားတော့ လက်နဲ့ထောက်လိုက်ရာ ထိုင်လျှက်လေးလဲကျသွားသည်။

သူလဲတာမြင်တော့ ရှောင်ကျန့်‌နဲ့အတူအစေခံမလေး‌‌တွေလည်းအတင်းပြေးလာခဲ့၏။

"Yibo. . .အဆင်ပြေရဲ့လား  . "

ရှောင်ကျန့်က စိတ်ပူတကြီးမေးလာတော့ သူနှုတ်သီးလေးစူပြီး ပုပ်သိုးနေတဲ့မျက်နှာလေးနဲ့ဘာမဖြစ်သလိုပြန်ထလာ၏။

"ဒီတိုင်းလေး ချော်လဲသွားတာ ဘာမဖြစ်ဘူး မင်းတို့ဘာလုပ်နေကြတာလဲ သွားတော့ . . . . "

Snow Kiss(Completed)Where stories live. Discover now