Part-9(Unicode)

3.2K 322 1
                                    

*ဆေးစစ်ချက် ရလဒ်မှာ သူခေါင်းကထိခိုက်မှုလည်းမရှိဘူးပဲ ဒါပေမယ့် မှတ်ဉာဏ်စွမ်းအားတွေပျောက်ဆုံးနေခဲ့တာ? *

သူချစ်ရသူလေးကို ပြန်ကောင်းစေချင်တာမို့ ရှောင်ကျန့် ဆေးစစ်ချက်တွေလုပ်ပေးရာကနေ တစ်ခုခုမူမမှန်တာကိုတွေ့သွားခဲ့သည်။

Yiboရဲ့အသိဉာဏ်ပျက်စီးမှုက ထိခိုက်မှုကြောင့်မဟုတ်ပဲ cocaineဓါတ်ဖြင့်မှတ်ဉာဏ်ဖျက်ဆီးထားတဲ့ပုံစံနဲ့ကိုက်ညီနေတာကိုတွေ့တော့ ရှောင်ကျန့်နားမလည်နိုင်စွာဖြစ်နေခဲ့သည်။

တခြားဖြစ်နိုင်မယ့်အရာတွေရော Laptopထဲမှာ ရိုက်ရှာနေရင်း-

. . . . . . . . အ . . . . . .

သူ့နားထက်၌ ပူနွေးနွေးယားကျိကျိဖြစ်သွားတာရယ် ရုတ်တရက်ဆစ်ခနဲနာသွားတာရယ်ကြောင့် ရှောင်ကျန့်အနောက်ကိုလှည့်ကြည့်လိုက်မိပါသည်။

"ရှောင်ကျန့် ဘာလုပ်နေတာလဲ? "

အနောက်မှာ သူ့ကိုအချစ်စမ်းကာနားထက်ကိုသွားနဲ့လာကိုက်တဲ့Yiboပါ။ သိလည်းမသိ စပ်စပ်စုစုနဲ့ သူlaptopကိုပြူးပြဲကြည့်လာ၏။

"ဘာမဟုတ်ပါဘူး . . စာဖတ်နေတာ "

ရှောင်ကျန့်လည်းပြောပြောဆိုဆို Laptopကိုပိတ်ပြီး သူ့ဘက်ကိုလှည့်လာလိုက်သည်။

"Yibo! "

"အင်း ဘာပြောမလို့လဲ? "

အနားမှာ ကလေးတစ်ယောက်လိုချစ်စရာကောင်းစွာမေးလာတဲ့Yiboရဲ့ဆံပင်တို့ကို ရှောင်ကျန့်လက်နဲ့သွားသပ်လိုက်မိပါသည်။

*မင်းကို ဘယ်သူကဘာတွေလုပ်ခဲ့ကြတာလဲ?? ဘာပဲဖြစ်ဖြစ်မင်းပြန်ကောင်းလာစေဖို့ ငါကြိုးစားပေးချင်တယ် . . *

ရင်ထဲမှာလည်း သူ့အတွက်ဝမ်းနည်းမိ၍ ရှောင်ကျန့်မျက်နှာလေးမှိုင်နေခဲ့သည်။

"ဘာပြောမလို့လဲ ပြောလေ ! "

"မင်းရဲ့ဆွဲကြိုး အခုထိငါ့ဆီမှာရှိသေးတယ် . . . နဂိုကတည်းက မင်းရဲ့ပစ္စည်းမို့ ငါအခုမင်းကိုပြန်ပေးချင်တယ် . . . "

"ဟာ ကျွန်တော်ကခင်ဗျားကိုချစ်လို့ပေးထားတာ . . ပြန်မယူပါဘူး. . ."

Snow Kiss(Completed)Where stories live. Discover now