Part-5(Unicode)

3.5K 363 1
                                    

Yiboသတိမေ့သွားတော့မှ ရှောင်ကျန့်က အားဖြည့်စလိုင်းသွင်းပေးထားပြီး ခေါင်းမှာပတ်တီးလေးနဲ့ပြန်သွားခဲ့လေသည်။ အိမ်ထိန်းတွေကလည်း ရှောင်ကျန့်ထိခိုက်သွားရသည်ကိုစိတ်မကောင်းဖြစ်နေခဲ့ကြ‌သည်။

ရှောင်ကျန့်ပြန်သွားပြီး နှစ်နာရီလောက်အကြာမှာ အိမ်ထိန်းဖန်ပြန်ရောက်လာခဲ့လေသည်။ သူကအကြီးဆုံးအိမ်ထိန်းမို့ သူပြန်ရောက်တော့ အားလုံးကအလေးပြုကြ၏။

" အားလုံးအဆင်ပြေကြရဲ့လား "

" ဒီနေ့ ဟိုဆရာတော်တော်ခံလိုက်ရတယ် သခင်လေးက သူ့ကိုဝိုင်ပုလင်းနဲ့ကောက်ထု "

"ဘာ ဝိုင်ပုလင်း ? "

အိမ်ရဲ့အခြေအနေကိုမေးတော့ ခါတိုင်းလို အစေခံမလေးတွေက သူ့ကိုအစီရင်ခံကြတာပေါ့။

"ဟုတ် ဒီနေ့ ထူးထူးဆန်းဆန်း သခင်လေး ဝိုင်ခန်းကိုမှတ်မိသွားတယ် "

ထပ်ပြီးအစေခံမလေးရဲ့ပြောစကားကြောင့် အိမ်ထိန်းဖန်မျက်မှောင်ကျုံ့လိုက်မိပါသည်။

*တစ်ရက်နှစ်ရက်နဲ့ တော်တော်အစွမ်းပြလိုက်တာပဲ ရှောင်ကျန့် ! *

"ဟုတ်လား . . သခင်လေးအခုဘာလုပ်နေလဲ "

"သူအိပ်နေပါတယ် . . ."

*ဒီလိုနဲ့ သူပြန်ကောင်းလာမယ်လို့ မင်းထင်တယ်လား . . . . *

အတွေးတချို့နှင့် အစေခံမလေးကို ချိုသာစွာပြန်ပြုံးပြလိုက်သည်။

"ဟုတ်ပါပြီ . . . လုပ်စရာရှိတာလုပ်တော့ - "

ပြီးနောက်အစေခံမလေးကိုပြန်လွှတ်ပေးလိုက်၏။ သူကိုယ်တိုင်လည်း အတွေးပေါင်းစုံ အကြံပေါင်းစုံထုတ်နေသည့်ပုံနှင့်။

✨✨✨✨✨


# . . . . . . . Yibo . .မင်း အဆင်ပြေရဲ့လား . . . . . . . သတိထားပါဦး . . .Yibo . . . . #

နားထဲမှာ တစ်စုံတစ်ယောက်ရဲ့ခေါ်သံတွေကိုကြားရပြီး သူ့နှုတ်ခမ်းထက်မှာ နူးညံ့တဲ့အထိအတွေ့တစ်ခုစွဲကျန်ရစ်နေတဲ့ခံစားချက်နဲ့အတူ Yiboရဲ့မျက်ဝန်းအစုံပွင့်ဟလာခဲ့လေသည်။

မျက်လုံးထဲမှာ ရှောင်ကျန့်ရဲ့ပုံရိပ်တွေက ဝဲလည်ရစ်နေခဲ့၏။

Snow Kiss(Completed)Where stories live. Discover now