Part-2(Unicode)

6K 392 0
                                    

"ပြန်ရောက်လာပါပြီ . . . . "

အနက်အဖွဲ့ရဲ့ခေါင်းဆောင်ဟုထင်ရတဲ့လူတစ်‌ယောက်ဟာ အခန်းတစ်ခုဆီဝင်လာပြီး သူ့ကိုကျောပေးရပ်နေတဲ့လူတစ်ယောက်ကို အလေးပြုလာသည်။

"သူ့ကိုယ်ပေါ်မှာ ရှာတွေ့လား ? "

တစ်ဖက်လူဟာ လုံးဝလှည့်မလာပဲကျောပေးလျှက်ပင်မေးနေခဲ့သည်။ သူလည်း မေးခွန်းကိုဖြေရမှာကြောက်နေသည့်ပုံပင်။

"မ မတွေ့မိဘူး ! သူ့တစ်ကိုယ်လုံးကိုရှာပြီးပြီ ! မတွေ့ဘူးဖြစ်နေတယ် . . . . "

"Hak ! "

သူပြောစဉ် ထိုလူကဟစ်ခနဲရယ်လိုက်လေ၏။

"ငါတို့က အရူးလုပ်တာခံရမယ့်အရူးတွေလည်းမဟုတ်ဘူး . . . သေချာတွေ့အောင်ရှာပါ ဒီနေ့သူသွားခဲ့တဲ့နေရာတွေမှန်သမျှပြန်စစ်ဆေး !မင်း ဘာသံသယဖြစ်စရာတွေ့ခဲ့မိသေးလဲ ? "

ထိုလူမေးတော့ အဖွဲ့ခေါင်းဆောင်လည်း စဉ်းစားရင်း ရှောင်ကျန့်ကိုသတိရမိလိုက်သည်။

"ဟို !! တစ်ယောက်တော့ မသင်္ကာဖြစ်မိတယ် ? "

"မင်းယုံကြည်ရာကိုလုပ်ပါ ! Yiboကအခြေအနေဘယ်လိုနေသေးလဲ? "

"စိတ်ငြိမ်ဆေးကြောင့် အိပ်ပျော်နေပါပြီ! "

"ကောင်းပြီ အဲ့ဒီဆွဲကြိုးကိစ္စကို ဖြစ်နိုင်သမျှမြန်မြန်ငါ့ကိုပြန်အစီရင်ခံပါ . . . သွားတော့ "

သူ့စကားအပြီး မကြာခင် အဖွဲ့ခေါင်းဆောင်လည်း ထွက်သွားခဲ့လေသည်။ ထိုလူကတော့ မျက်မှောင်ကိုကျုံ့ရင်း တစ်ဖက်ကိုစိုက်ကြည့်နေခဲ့လေသည်။

❣️
. . . . . .ခလွမ် . .အမယ်လေး. . . . . . . . . . .
. . .ဟင့် . . . စားချင်ဘူး . . . . . .

"ရှောင်ကျန့် အဆင်ပြေရဲ့လား . . . . "

သနားစရာရှောင်ကျန့်တစ်ယောက်မှာ တနေ့ကမှရောက်လာတဲ့ စိတ္တဇဝေဒနာရှင်တစ်ယောက်ကို ဆေးတိုက်ဖို့ကြိုးစားနေခြင်းဖြစ်သည်။ သူ့အခြေအနေကတော်တော်ဆိုးတာမို့ အခုဆို‌ထိန်းချုပ်ရခက်နေသည်။ ရှောင်ကျန့်က အလုပ်သင်ဆိုတော့လည်း ကြောက်ရှာတာပေါ့။

အလုပ်သင်ကာလ တစ်နှစ်ပြီးရင်တော့ သူဒါတွေမလုပ်ရတော့ပါဘူးလေလို့တွေးပြီး ထိုလူကိုခပ်ကြောက်ကြောက်နဲ့ဆေးတိုက်နေခဲ့သည်။

Snow Kiss(Completed)Where stories live. Discover now