Part-7(Unicode)

3.4K 335 2
                                    

. . . . . . . . Ti Ti Ti . . . . . . . . . . . . . . . . .

အိပ်စက်အနားယူနေချိန် နာရီနှိုးစက်သံကြောင့် ရှောင်ကျန့်မျက်လုံးတွေပွင့်ဟလာခဲ့သည်။ လက်ကလည်းအလိုလိုစားပွဲကနာရီကိုပိတ်ရင်း ?

"ဟင် ! "

သူ့ရင်ဘတ်ထဲအတင်းတိုးဝှေ့ပြီး အိပ်နေတဲ့Yiboကိုတွေ့လိုက်ရသည်။ ရုတ်တရက်ဆိုတော့ ဘယ်သူနဲ့မှအတူမအိပ်ဖူးတဲ့ရှောင်ကျန့်အတွက် လန့်စရာဖြစ်သွားခဲ့သည်။

"ဟင့်အင်း . . . မပြန်ဘူးနော် မပြန်ချင်ဘူး . . . ရှောင်ကျန့်နဲ့ပဲအတူနေမယ် "

ညက အိမ်မပြန်ချင်လို့ တဆာဆာလုပ်နေတဲ့Yiboရဲ့ပုံရိပ်လေးကို သူပြန်မြင်ယောင်ရင်း တစ်ချက်ပြုံးလိုက်မိသည်။ သူ့ရင်ခွင်ထဲကထိုကောင်လေးက နှင်းဥလေးလိုဖြူဖွေးပြီး အိပ်နေတာလေးက ကလေးတစ်ယောက်လိုချစ်စရာကောင်းနေလေတော့ သူရူးပြီပေါ့။

*တကယ်ချစ်စရာကောင်းတဲ့ကောင်စုတ်လေးပဲ ! နေပါဦး မင်းဘာတွေလျှောက်လုပ်နေတာပါလိမ့် ? *

ရှောင်ကျန့်ရဲ့နှလုံးသားနဲ့ဦးနှောက်စစ်ဖြစ်နေစဉ်မှာ Yiboရဲ့မျက်လုံးအစုံပွင့်လာပြီး ပြူးကြောင်ကြောင်လေးသူ့ကိုမော့ကြည့်လာသည်။

"ဘယ်အချိန်ကတည်းက ကျွန်တော့်ကို စိုက်ကြည့်နေတာတုန်း ? "

အိပ်ပျော်နေတဲ့ Yiboရဲ့ပုံစံလေးကိုကြည့်ပြီး ရှောင်ကျန့်အတွေးလွန်နေရာက သူ့ကိုစိုက်ကြည့်နေသလိုဖြစ်သွားရသည်။

"ဟင် . . . မကြည့်ပါဘူး . . . မျက်နှာသွားသစ်ဦးမယ် "

ရှောင်ကျန့်လည်း ထိုကောင်လေးနဲ့အတူအိပ်ဖြစ်သွားတာကိုတွေးရင်း ရှက်သလိုဖြစ်သွား၍ ကုတင်ကနေအမြန်ထလိုက်လေသည်။

"ရှောင်ကျန့်! "

ထိုစဉ် Yiboက အတင်းကုန်းထပြီး သူ့ခါးကိုအနောက်ကနေ သိုင်းဖက်လိုက်သည်။ ပြီးတော့ သူ့ခေါင်းလေးနဲ့ရှောင်ကျန့်ကျောပြင်ကို ကြောင်တစ်ကောင်လိုပွတ်သပ်ရင်း -

"မသွားပါနဲ့ဦး . . . . နွေးနေတာပဲ . . .  "

ဆောင်းဦးရဲ့ဒုတိယကာလထဲဝင်လာတော့ အချမ်းဓါတ်ကအကဲပိုလာသော်လည်း Yiboကတော့ ရှောင်ကျန့်ရှိနေရင် ဘယ်လိုအချမ်းဒဏ်လာလာနွေးထွေးနေသည့်ပုံပင်။ သူ့ရဲ့နူးညံ့တဲ့ပွတ်သပ်မှုကြောင့် ရှောင်ကျန့်နှစ်သက်မိသလိုဖြစ်ပြီး သူ့လက်လေးကိုလက်နှစ်ဖက်နဲ့အုပ်မိုးပေးလိုက်မိသည်။

Snow Kiss(Completed)Where stories live. Discover now