Part-4(Unicode)

3.7K 357 0
                                    

အမှန်တော့Yiboရဲ့မိဘတွေဟာ ကားအက်‌ဆီဒင့်တစ်ခုကြောင့်သေခဲ့ပြီး အဲ့ဒီထဲမှာသူတစ်ယောက်ပဲအသက်ရှင်ကျန်ရစ်တဲ့ကလေးပါ။ တစ်ဦးတည်းသောမြေးလေးမို့ အဖိုးဖြစ်သူကအရမ်းချစ်တဲ့အပြင် သူကလည်းအဖိုးအပေါ်သိတတ်တဲ့ကလေး။

သူ့ရဲ့ဦးလေးက သမီးလေးပဲမွေးနိုင်ခဲ့တဲ့အတွက်အဖိုးကYiboကိုသည်းသည်းလှုပ်။ သူကလည်းချီးကျူးထိုက်တဲ့ထက်မြက်တဲ့လူတော်တစ်ယောက်ဖြစ်ခဲ့တာပါ။

ဒါပေမယ့် အဖိုးကမသေခင် သေတမ်းစာမှာ သူ့အမွေတွေအကုန် Yiboကိုလွှဲခဲ့တာ သူ့ဦးလေးကသိတော့ အိမ်ထိန်းဖန်နဲ့ပေါင်းကြံပြီး သေတမ်းစာဖျောက်ခဲ့ကြတယ်။ ဒါကိုYiboသိတော့ အားလုံးပေါက်ကြားသွားမည်စိုး၍ Yiboကိုဖမ်းချုပ်နှိပ်စက်ပြီးဦးနှောက်ပျက်တဲ့ဆေးထိုးသွင်းခဲ့ခြင်းဖြစ်သည်။

သူ့မြေးလေးအန္တရာယ်ဖြစ်မယ်ဆိုတာကြိုသိခဲ့တဲ့ဝမ်ဖိုးဖိုးဟာ သေတမ်းစာပျောက်ရင် တော်ဝင်တံဆိပ်တုံးပိုင်တဲ့သူကသာ အမွေတွေရဲ့ပိုင်ရှင်ထပ်မံပြောကြားခဲ့၍ သူ့ဦးလေးက တံဆိပ်တုံးကိုရှာနေခြင်းဖြစ်သည်။

အချိန်ကြာမှ အဲ့ဒီတံဆိပ်တုံးဟာ ဆွဲကြိုးထဲမှာဆိုတာသိတဲ့အတွက် Yiboဆီကအတင်းလုယူဖို့ကြိုးစားရင်း Yiboက ရှောင်ကျန့်ကို ရူးနေတဲ့စိတ်နဲ့ပေးလိုက်မိခြင်းဖြစ်သည်။

တိုးတိုးတိတ်တိတ်ကြံစည်တာမို့ အိမ်ထိန်းဖန်ကလွဲ၍ တခြားအစေခံတွေမသိခဲ့ပေ။ အခုဆွဲကြိုးက ရှောင်ကျန့်ဆီမှာဆိုတာ အိမ်ထိန်းဖန်သိတဲ့အတွက် နီးစပ်အောင်အနားခေါ်ပြီး မကြာခင်လုယူဖို့ကြံထားခြင်းဖြစ်၏။

Mr.Thornဆိုတဲ့ရှေ့နေ့က သူကဝမ်ဖိုးဖိုးရဲ့သစ္စာရှိတဲ့လူတစ်ယောက်ပါ။ ဒါပေမယ့် အိမ်ထိန်းဖန်က ဗီလိန်နေရာကနေလုပ်ပြောပြီး ရှောင်ကျန့်ကိုအယုံသွင်းထားခြင်း။

_________________
_________________

. . . . . ကြယ်လေးလိုခွဲပေး . . . ကြယ်ပုံရအောင်ခွဲပေးနော် . . . . . . . . . . .

အိမ်တော်မှာတော့ Wang Yiboတစ်ယောက် အစေခံတွေကို ကြယ်ပုံပန်းသီးခွဲခိုင်းနေသည်။ အသဲပုံတောင်မနည်းရအောင်ခွဲရမည်ကို ကြယ်ပုံခွဲခိုင်းနေတော့ အစေခံတွေလည်း သူ့စိတ်တိုင်းကျကြိုးစားပေးနေကြ၏။

Snow Kiss(Completed)Where stories live. Discover now