Chapter 1

29K 1.2K 28
                                    

[[Zawgyi]]


ကြာနွယ်လေးများသည်နွေဦး၏လေညင်းနှင့်
အတူလိုက်ပါယိမ်းနွဲ့နေကြသည်
ပတ်ပတ်လည်သစ်ပင်တန်းများမှလည်း
သစ်ရွက်အချင်းချင်းတိုက်ခတ်လျက်တေးသီဆို
သံများထွက်ပေါ်နေသည်
နွေဉီး၏ဘုရင်မသည်အိပ်ပျော်နေဆဲဖြစ်သောပန်းပွင့်လေးများအားရောင်စုံဆေးချယ်လျက်ရှိသည်
တဖှိတ်ဖှိတ်တောက်ပနေသောလင်းရောင်ခြည်တို့သည်ဆောင်ကြငှာန်းသို့ဉီးတည်ကာတည်ကြည်ခန့်ညားသောအမျိုးသားအားရှာဖွေနေကြသည်
နွေဦးရောင်ခြည်ထင်ဟပ်ကာတောက်ပနေ
သောမျက်ဝန်းအစုံကိုရှုံ့လျက်စာအုပ်ဖတ်
နေရာမှခေါင်းမော့ပြီးသန့်ရှင်းလတ်ဆက်သော
လေအားLu Cangရူရှိုက်လိုက်သည်

ကန်ရေပြင်မှရောင်ပြန်ဟပ်မှုနှင့်အတူLu Cang
မျက်နှာထားသည်အလွန်ပင်တည်ငြိမ်လှသည်
ချောမောလှပသည်မဟုတ်ပေမဲ့လည်းသာမန်ထက်ထူးခြားစွာတည်ကြည်ခန့်ညားသောအသွင်အား ရင့်ကျက်သည့်အသွင်ကတစ်ကိုယ်လုံးလွှမ်းခြုံလျက်ရှိသည်
မြင်ရသူအဖို့အကြည့်မလွှဲနိုင်အောင်ကြည့်ကောင်းသောအသွင်သည်စိတ်မကောင်းစွာဧကရာဇ်တစ်ဉီးတည်းပိုင်ဆိုင်သည့်အရာဖြစ်နေခဲ့သည်
အခြွအေရံများအားအနားလာခွင့်မပြုသောဧကရာဇ်သည်စောင့်ကျပ်ဖို့ရာတောင်Xiao Guiziတစ်ယောက်တည်းကိုခွင့်ပြုထားသည်

နန်းတွင်းသို့ပြောင်းလာနေကတည်းက
ကြာပန်းဥယျာဉ်တော်၌စာဖတ်ကာအချိန်
ကုန်ဆုံးခြင်းသည်အကျင့်တစ်ခုဖြစ်လာခဲ့သည်

မနက်ပိုင်းညီလာခံအပြီးနှင့်စာလွှာများမဖတ်ရှုခင်
အချိန်စပ်ကြားတွင်Jingရောက်လာလေ့ရှိသည်
စစ်တပ်တွင်းမသွားသည့်အခါမျိုးတွင်JingဘေးနားLu Cangအဖော်ပြုပေးလေ့ရှိသည်
မည်သူ့ကိုမှအာရုံမထားလေ့ရှိသောJingသည်အခုလို
အလုပ်တာဝန်အရေးကိစ္စများပိကာနေမည်ဟုဘယ်သူမှတွေးထင်ထားမည်မဟုတ်
ပူပင်ကြောင့်ကျခြင်းကင်းသောအသွင်အမြဲဆောင်ထားသောJingသည်ယခုလိုမျိုးဖြစ်နေမည်ဟုLu Cangလည်းထင်မထားခဲ့သည်မှာအမှန်ပင်ဖြစ်သည်
ကြောက်ခမန်းလိလိတာဝန်တွေကိုထမ်းထားရသောအဖြစ်ကိုLu Cangသနားမိပေမဲ့လည်းအနှီလူယုတ်မာဒါမှငြိမ်မှာဟုတွေးမိပြန်သည်
အပြင်မှာထိုမျှတာဝန်တွေပိနေပြီဆိုပေမဲ့လည်းကန့်သတ်ချက်ဆိုတာမသိသောJingအဖို့ပင်ပန်းသွားတယ်ဆိုတာမရှိ
ညတိုင်းတွင်Lu Cangခန္ဓာကိုယ်အားချစ်လှစွာ
ထွေးပိုက်လေ့ရှိသည်
နန်းတွင်းမှမနေတော့ဘူး
လို့မခြိမ်းခြောက်လျှင်အရုဏ်တတ်ချိန်ထိပင်စခန်းဆက်နိုင်သည်

နှစ်စဉ်နှစ်တိုင်းနွေရာသီရောက်လျှင်Datongတိုင်းအနှံ့မှအစီရင်ခံစာများနှင့်Jingအလုပ်များနေတတ်သည်
ပြည်သူပြည်သားများအုပ်ချုပ်ရေးတွင်အလိုကျဖို့ကျသင့်တော်ရာသူများကိုသက်ဆိုင်ရာတိုင်းနယ်အသီးသီးသန့်ပို့ဆောင်ရွေးချယ်ပေးရသည်မှာJingတာဝန်တစ်ရပ်ပင်ဖြစ်သည်
JingမှAnhuiသို့သွားရန်အမိန့်ပေးသောအခါဖြစ်သွားသည့်Zhang Zi Dongမျက်နှာကိုအခုချိန်အထိမြင်ယောင်နေသေးသည်
အရှေ့အရပ်ဒေသအားစစ်မျက်နှာချဲ့သောကိစ္စရပ်စတင်ကတည်းကAnhuiဒေသသည်အန္တရာယ်အများဆုံးနေရာဖြစ်လာတာကြောင့်Zhang Zi Dongမျက်နှာလည်းအကြောက်တရားနှင့်ဖြုလျော်လာခဲ့သည်
မည်သူမျှနာမည်ဟခွင့်မရှိတော့သောနိုင်ငံတစ်နိုင်ငံ၏ရာဇဝင်ကလည်းအရှေ့အရပ်မှာပဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်
ကြည့်ရသည်မှာJingသည်Zhang Zi Dongအပေါ်လွန်ခဲ့သောအခါကဖြစ်ပွားခဲ့သည့်ပြဿနာအပေါ်ရန်ညိုးဖွဲ့နေပုံပေါ်သည်
နန်းတော်ပြင်ပကိစ္စရပ်ဆိုမှLu Cangမိတ်ဆြွေဖစ်သောLiu Zhong Tangသည်လည်းတာဝန်များထမ်းဆောင်ပြီး၍နေပြည်တော်သို့ပြန်ရောက်လာတော့မည်
ဤနှစ်ကောယမန်နှစ်ကောဆောင်းရာသီဆိုလျှင်Liu Zhong Tangသည်ဟန်ကျိုး၌တာဝန်ကျနေခဲ့သည်
ဧကရာဇ်၏အချစ်တော်မှန်းသိနေတာကိုပင်Lu Cangအပေါ်နှိမ့်ချဆက်ဆံတာမျိုးမရှိသူဖြစ်သည်
ကိစ္စထွေထွေထူးထူးမရှိလျှင်နန်းတွင်းသို့အဝင်ခံမည်မဟုတ်သောJingကြောင့်Liu
Zhong TangရှိရာတရားရုံးကိုသာLu Cangရန်ဖန်ရန်ခါသွားလည်လေ့ရှိသည်
ပြန်လာမည့်အချိန်မတန်သေးတာကြောင့်ဒီနေ့သွားလည်မည့်အကြံကိုပယ်ဖျက်လိုက်သည်
စစ်သူကြီးMu Yueကလည်းစစ်အရေးကိစ္စနဲ့Anhuiမှ
အခုထိပြန်မလာသေး.
တပ်မှူးDing Pengကလည်းဆွေမျိုးတွေဆီ
အလည်သွားသည်တာကြောင့်အတူအဖော်ပြုပေးမည့်သူLu Cangတွင်ကျန်မနေတော့
Xiang Wenကျပြန်တော့မနေ့ကမှသွားခဲ့သည့်
အတွက်ဒီနေ့ထက်သွားလို့မဖြစ်တာသိသည်
ခဏခဏသွားဖန်များလျှင်အစောင့်အကျပ်များပိုးတိုးလာမည်ကိုလည်းစိုးရိမ်ရသည်

Lu Cangခါးသက်စွာပင်ရယ်မိပြန်သည်

အခွင့်အရေးသည်အလွန်ပင်ကျဉ်းမြောင်း
လှသည်...
ဒီလောက်ကြီးမားလှသောနန်းတွင်းထဲ၌Jingကို
ကြောက်၍Lu Cangအနားတိုးရဲသူမရှိသလို
အကြည့်တောင်မရောက်ရဲကြဖြစ်နေသည်

ဘုရင်တံဆိပ်တော်အားLu Cangရုတ်တရက်
သတိရသွားသည်..
Jingသည်အစကတော့ထိုတံဆိပ်အားသုံး၍
ပထမအကြိမ်လိုထွက်ပြေးသွားမည်
စိုးနေပေမယ့်လည်းထိုတံဆိပ်ကြောင့်သာ
ပြန်ရှာတွေ့ခဲ့သည်ဆိုကာပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်သည်
ပေးတုန်းကလည်းအဆိပ်ပြင်းသောမြွတေစ်ကောင်ကဲ့သို့ကြောက်မက်ဖွယ်ကောင်းသည့်အသွင်နှင့်ချိုသာသောစကားများမှာကြားခဲ့သေးသည်

"Xiao Cang..ပြန်တော့ပေးလိုက်ပြီိ
စိတ်တိုင်းကျလျှောက်သုံးပြီးဖြစ်လာမဲ့အကျိုးဆက်တွေကိုကြိုတွေးထားနော်"

သို့ပေမဲ့လည်းတံဆိပ်တော်အားဘယ်နေရာမှာ
ဘယ်လိုသုံးရပါ့မလဲLu Cangသေချာမသိ
ဘယ်သွားသွားJingလိုက်ပါနေသည်အတွက်လိုမယ်လည်းမထင်။

အကြံအစည်တစ်ခုသည်ခေါင်းထဲရုတ်တရက်
ဝင်ရောက်လာပြီးနှုတ်ခမ်းထက်၌အမည်မဖော်
နိုင်သောအပြုံးတစ်ခုကဖြစ်တည်လာသည်

လည်စရာအဖော်ဘယ်သူမှမရှိပေမဲ့လည်းJing
ရှိနေတာပဲ...
ချက်ချင်းပင်Jingကိုရှာရန်အတွက်နန်းတွင်း
စာကြည့်ဆောင်သို့ဦးတည်လိုက်သည်

"Jing"

"Xiao Cang...အဖော်ပြုပေးမလို့လာတာလား"

အဖြေပြန်မရပဲတောက်ပသောအပြုံးတစ်ခုသာ
ရရှိလိုက်သည်။Lu Cang၏ထိုအမူအရာအား
မြင်လိုက်သည်နှင့်သတိကြီးကြီးထားသင့်ကြောင်းJingတပ်အပ်သိသည်

"ဒီတစ်ခါကောဘာလဲ..ဘာအကြံအစည်တွေကြံရွယ်နေတာလဲ"
လက်မှစာရွက်စာတမ်းတွေကိုဘေးချကာမေးထောက်လျက်ချိုသာစွာပြုံးလိုက်သည်
မသေဆုံးနိုင်သောချစ်ခြင်းတရားများအားပုံအောလျက်ကြယ်စင်တန်းကဲ့သို့တောက်ပသည့်မျက်ဝန်းအစုံပိုင်ရှင်အားကြည့်မိသည်

"ဒီမှာ"

ဘုရင့်တံဆိပ်တော်အားရှေ့ချပြလာသည်

"ဘာဖြစ်လို့လဲ"

တံဆိပ်တော်အားဘာကြောင့်ပြန်ပေးသလဲ
Jingစဉ်းစား၍မရ။

"ငါမလိုဘူး"

JingဘာမှမပြောပဲLu Cangစကားဆက်မည်ကို
စောင့်နေသလို
Lu Cangကလည်းခေါင်းမာစွာပင်Jing
မေးမည်ကိုစောင့်နေ၏

ဒီလိုကလေးဆန်သောကစားပွဲတွေ
တိုင်းမှာJingနိုင်လေ့မရှိ
ခေါင်းမာလှသောLu Cangကိုဘယ်သူကများနိုင်မှာတဲ့လဲ

အရှုံးအားဝန်ခံသည့်အနေနှင့်Jingသက်ပြင်းချလျက်

"ကောင်းပြီ...ဘာလို့မလိုတာလဲ"
ဒီလိုသေးငယ်သောအရာလေးမှာတောင်အောင်နိုင်သောကိုယ့်ကိုယ်ကိုအားသဘောကျလျက်ကျေနပ်စွာရယ်လာတာကြောင့်Jingလည်းမတတ်နိုင်ပဲလိုက်ပါရယ်မိပြန်သည်
ပျင်းရိဖွယ်ကောင်းသောနန်းတော်တွင်း၌ပျော်စရာများအားလိုက်ရှာနေရသည်ကိုJingနားလည်သည်မို့Lu Cangအားပျော်စေသောဘယ်အရာဖြစ်ဖြစ်လုပ်ဆောင်ပေးဖို့Jingအဆင်သင့်ဖြစ်နေသည်

"အင်း...ဘုရင်တစ်ယောက်လုံးရှိနေတာကို
ဘာလို့ဘုရင့်တံဆိပ်တော်ကလိုမှာလဲ..
ငါတစ်နေရာသွားချင်ရင်မင်းကိုခေါ်သွားလို့
ရတာပဲ...ဟုတ်တယ်မလား"

ပြောနေသည့်ဟန်လေးအားအနမ်းခြွချေင်လာ၍အနားသို့လာရန်Jingလက်ဟန်ပြလိုက်သည်

"ဘယ်လိုတောင်ကျွမ်းကျင်လိမ္မာတဲ့အဆိုတုံး"

ကလေးတစ်ယောက်အား
ချီးမွမ်းပြောဆိုသလိုပင်Lu Cangအား
စလိုသည့်အနေနှင့်သုံးနှုန်းလိုက်သည်

"ဘာပဲဖြစ်ဖြစ်...လာ..သွားရအောင်"

"ဟမ်...ဘယ်ကိုလဲ"

"နန်းတော်အပြင်ဘက်ပေါ့..မြို့ထဲလျှောက်
လည်ရအောင်...ဒါပေမဲ့....ပထမဆုံး.."

Jingအားခေါင်းအစခြေအဆုံးကြည့်လျက်
ပြုံးပြုံးကြီးလုပ်နေသည်

တစ်နာရီခန့်အကြာ,မြို့တော်၏ရှုပ်ထွေးသော
လမ်းတစ်နေရာ၌

မျက်လုံးများသည်အလွန်လှပတင့်တယ်သော
စုံတွဲတစ်တွဲဆီသို့ရောက်ရှိနေကြသည်
အမျိုးသားသည်တိကျသေသပ်သောမျက်ခုံးတစ်စုံနှင့်အလွန်ပင်
ခန့်ညားလှသည်
မြင်မားသောနှာခေါင်းရိုးသည်သေသပ်ပိပြားသောနှုတ်ခမ်းတို့နှင့်လိုက်ဖက်ညီနေသည်
လမ်းမထက်ရှိလူအများသည်ထိုခန့်ညားလှ
သောအမျိုးသားဆီမှမျက်လုံးမဖယ်နိုင်
လိုက်ကြည့်ကြပေမဲ့ဘေးနားမှအံဩသင့်ဖွယ်
ကောင်းလောက်အောင်ချောမောလှသော
အမျိုးသမီးထံမှအေးစက်သောအကြည့်က
ရောက်လာသည့်အတွက်အမြန်ပင်
အကြည့်ဖယ်လိုက်ရသည်

အမျိုးသမီးကိုယ်တိုင်ကလည်းနိုင်းဆစရာအဆို
များကိုကျော်လွန်၍ပင်လှပလွန်းသည်
မသေမသပ်ဆွဲချည်ထားသောဆံနွယ်
တွေကြောင့်ဆွဲဆောင်မှုရှိသောနှင်းတမျြှဖူဖွေးသည့်
လည်တိုင်လေးကိုမြင်နေရသည်
နီဆွေးသောနှူတ်ခမ်းအစုံကသွေးဆောင်ဖျာယောင်းနေသည့်အသွင်ကော့ညွှတ်နေကြပေမဲ့မျက်ဝန်းတို့ကသူမအမျိုးသားထံအကြည့်ရောက်လာသူများကိုစူးစိုက်ကြည့်လျက်ရှိသည်
ပန်းခက်များဖြင့်ပုံဖော်ထားသောအပြာနုရောင်ဝတ်ရုံနှင့်နန်းဆန်သောကိုယ်နေဟန်သည်သာမန်အတန်းအစားမဟုတ်ကြောင်းဖော်ပြနေသည်
သာမန်အမျိုးသမီးတွေထက်အရပ်ပိုမြင့်ပေ
မယ့်လည်းဘေးမှခန့်ညားသောအမျိုးသားနှင်ြ
ယှဉ်တွဲရပ်နေသည့်အတွက်ပန်းချီကားထဲမှာခုန်ဆင်းလာသောနတ်ဖက်သည့်စုံတွဲ
အလားပင်ထင်မှတ်ရသည်

ကောင်းကင်ဘုံမှကျဆင်းလာသောထိုစုံတွဲသည်
ဘုရင်Xuan Yuan Jingနှင့်အချစ်တော်
Marquis Lu Cangမှလွဲ၍အခြားတစ်ပါးသူမဖြစ်နိုင်ပါ။

ဒီနေ့မြို့တွင်း၌အလည်အပတ်သွားရန်Lu Cang
ဆုံးဖြတ်ခဲ့ပြီးJingအားပထမဆုံးတွေ့သည့်
နေ့ကဲ့သို့အမျိုးသမီးအဝတ်အစား
ဝတ်စေခဲ့သည်

မိန်းမလိုဝတ်ဆင်ခြင်းသည်Jingသဘောတွေ့သောအရာမဟုတ်ပေမဲ့လည်းထိုဝတ်စုံနှင့်
Lu Cangအားလူကြားထဲဖက်နိုင်နမ်းနိုင်မည်ကိုတွေး၍
လက်ခံခဲ့သည်

လူအုပ်ကြားထဲမှာဝိုင်းကြည့်ခြင်းခံနေရသည့်
အတွက်Lu Cangခါးကိုပိုင်ဆိုင်မှုပြသည့်အနေ
နှင့်ဆွဲဖက်ထားလိုက်သည်

"Jing"

Lu Cangကတော့အပျိုစင်လေးလိုပင်
ထိုအရာတွေအားကျင့်သားမရနိုင်သေး

Lu Cangကန့်ကွက်မှုအားမသိချင်ယောင်
ဆောင်လျက်ထိုခံညားသောအမျိုးသားသည်
သူ့အပိုင်ဖြစ်ကြောင်းJingကတော့ကြော်ငြာ
နေသည်

"လုပ်ချင်တယ်လို့ပြောတာမင်းနော်
အခုမှနောင်တမရနဲ့"

နားရွက်နားကပ်ပြီးတိုးတိုးလေးစကားဆိုသည့်အပြင်ရဲတွက်နေသောနားရွက်ပါးလေးကိုလျှာနှင့်ကလိဖို့ကိုလည်းမေ့လျော့မနေ
ထို့ကဲ့သို့အရာများနှင့်အံဝင်ခွံမကျဖြစ်နေသောLu Cangသည်တစ်ကိုယ်လုံးတောင့်တင်းနေတော့သည်
Jingလည်းLu Cangဖြစ်နေသည်အားကြည့်ရင်းမိန်းကလေးအဝတ်ဝတ်တာလည်းမဆိုးလှဟုမှတ်ယူထားလိုက်သည်

ဆုလာဒ်ကိုတော့သဘောတွေ့လှပေမဲ့နောက်နေ့အကျိုးရလဒ်ကတော့ခေါင်းကိုက်စရာတွေသာဖြစ်သည်
နောက်နေ့မနက်မှာတော့သခင်Luသည်
မိန်းကလေးတစ်ယောက်နှင့်မြို့ထဲပျော်ပါး
လျှောက်သွားနေသည်ဆိုသောအစီရင်ခံစာ
များသည်တောင်ပုံရာပုံရောက်ရှိလာတော့သည်
ထပ်ဖတ်ရမည့်အစီရင်ခံစာများသာတိုးလာတာသာအဖတ်တင်သည်

•••••••

Dali Siရုံးတော်ဧည့်သည်ဆောင်မှ
ရယ်သံများသည်အပြင်ဘက်သို့ပင်
လျံထွက်လျက်ရှိသည်...

"ညီအစ်ကိုတွေစတော့သူ့မျက်နှာ
ဘယ်လောက်တောင်နီရဲနေလဲဆိုတာ
ယုံမှာတောင်မဟုတ်ဘူး"

Liu Zhong Tanသည်HangzhouမှLu Cang
ညီအစ်ကိုတွေအကြောင်းအား
ပြောပြနေခြင်းဖြစ်သည်

Xiao Sangရဲ့မျက်နှာကနီရဲလာတယ်တဲ့လား
ကိုယ်တိုင်မြင်ရအောင်Hangzhouကိုတော့
တစ်ခါလောက်အလည်သွားသင့်နေပြီ
Jingစိတ်ကောင်းဝင်နေသောအချိန်တွင်တောင်းဆိုရမည်ဟုမှတ်ထားလိုက်သည်

နှစ်တိုင်းဆောင်းတွင်းအခါတွင်
Liu Zhong Tangသည်နန်းတော်ပြင်ပတာဝန်
များအားထမ်းဆောင်လေ့ရှိသည်
လွန်ခဲ့သောနှစ်နှစ်မှစ၍Hangzhou၌
တာဝန်ပေးခြင်းခံရသည်
သူတို့အစ်ကိုကြီး၏မိတ်ဆြွေဖစ်သည့်အတွက်လှိုက်လှိုက်လှဲလှဲကြိုဆိုကြပြီးသိပ်ပင်မကြာလိုက်Liu Zhong Tangနှင့်Lu Cangညီအစ်ကိုများသည်
မိတ်ဆွေများဖြစ်သွားကြသည်

Liu Zhong Tang၏ပြောပြချက်အရCao Xin
သည်ဒီနှစ်တွင်ဒုတိယကလေးယူရန်စိတ်ကူး
ထားသည်
Xiao Sangသည်လည်းXiao Yang
အဖေအနေနှင့်အဆင်ပြေနေသည်ဟုဆိုသည်
Xiao Sangနှင့်Chu Meiအားလည်းအချင်းချင်းရှက်သွေးဖြာနေမှုအပေါ်ညီအစ်ကို
များကစကြသည်ဟုပြောပြသည်

ညီအစ်ကိုတွေနှင့်တွေ့ခဲ့သောနောက်ဆုံးအကြိမ်
သည်အတိတ်မေ့ရာမှသတိပြန်ရလာသော
အချိန်ဖြစ်ပြီးခြောက်လခုနှစ်လခန့်ပဲရှိသေးပေမဲ့အလွန်ကြာပြီလို့Lu Cangခံစားနေရသည်

"Cao Xinသားကအရမ်းကိုကျန်းမာတယ်
သူ့အမည်ကဘာပါလိမ့်...အဖေ..အဖေ..လို့
ခေါ်တာလည်းချစ်စရာလေး"

"အင်း..Cao Jun..
နောက်ဆုံးအကြိမ်တွေ့တုန်းက
စကားစသင်နေတုန်းပဲရှိသေးတယ်..
အခုတော့ပြောတတ်နေပြီပေါ့.."

"ဟုတ်တယ်...အရမ်းဥာဏ်ကောင်းတဲ့ကလေး
လေး..အဲ့လိုကလေးမျိုးရတာCao Xinအရမ်း
ကံကောင်း..."

Lu Cangမျက်နှာအမူအရာပြောင်းလဲသွားသည်
မို့Liu Zhong Tangပြောလက်စစကားကို
ရပ်တန့်လိုက်သည်
Lu Cangမျက်လုံးထဲမှအရိပ်အယောင်ကို
Liu Zhong Tangနားလည်မိသည်

အခုအချိန်မှာပျော်ရွှင်နေပေမဲ့လည်းကိုယ့်သွေး
သားမရနိုင်တာတော့အမှန်ပင်ဖြစ်သည်
ဘုရင့်၏အချစ်တော်ဖြစ်ရသည့်အတွက်
ကိုယ်ပိုင်မိသားစုထူထောင်ရန်အခွင့်အရေးမရှိ
ကံကောင်းရန်တော့တစ်သက်လုံးအချစ်ခံသွားရမည်ဖြစ်ပေမဲ့ဘယ်သူကများမှန်းဆနိုင်မှာလဲ
ပျင်းရိ၍ပြစ်လိုက်လျင်လည်းထွက်သွားဖို့သာရှိသည်
ထိုကဲ့သို့ကံကြမ္မာမျိုးမကျရောက်လာဖို့Liu Zhong Tangဆုတောင်းမိသည်မှာအမှန်ပင်ဖြစ်သည်

"အာ..သခင်Lu..ဒီနှစ်ထဲစွန့်စားခန်း
တစ်ခုရှိခဲ့တယ်ဆို.."

Liu Zhong Tangခေါင်းစဉ်အားတခြား
လွှဲပြောလိုက်သည်
ကိုယ့်အပေါ်နားလည်ပေးသောမိတ်ဆွေတစ်ယောက်ရှိနေခြင်းသည်ကံကောင်းလှသည်ဟုLu Cangတွေးရင်းပြုံးမိပြန်သည်

"တစ်နှစ်လောက်ပျောက်သွားတဲ့
အကြောင်းအရာကိုပြောတာလား"

"ဟုတ်တယ်..သခင်Luရဲ့ရာဇဝင်မှာ
ဇာတ်လမ်းတစ်ပုဒ်တိုးလာတာပေါ့"

ထိုစကားနှင့်အတူနှစ်ယောက်သား
ရယ်မိပြန်သည်
Liu Zhong Tangမှဧကရာဇ်ထံတွင်အကွပ်မြတ်ခံလိုက်ရပြီလို့အားလုံးယုံကြည်နေကြချိန်၌နောက်တစ်လအကြာပြန်ရောက်လာသောLu Cangအကြောင်းပုံပြင်အားပြန်ပြောင်းပြောပြသည်
တာဝန်အရအပြင်ရောက်နေသဖြင့်ဘာမျှမသိလိုက်သောLiu Zhong tangအားXiang Wenနှင့်ပတ်သတ်၍ဖြစ်ပွားခဲ့သည်များကိုLu Cangလည်းပြန်ပြောပြလိုက်သည်
အကြောင်းကိစ္စများအားပြန်ပြောင်းပြောပြ
လို့ပြီးချိန်တွင်ရာသီဥတုသည်မည်းမှောင်လာသည်

"မိုးရွာတော့မယ်ထင်တယ်"

"အင်း...နွေတောင်ရောက်တော့မှာပဲကို"

"မနက်ဖြန်ကျကောင်းကင်ကြည်လင်ဖို့မျှော်လင့်
ရတာပဲ..အရှင်မင်းကြီးစစ်မြေပြင်ထွက်ရင်
ရာသီဥတုကပြဿနာဖြစ်လိမ့်မယ်"

ပြောရင်းတစ်စုံတစ်ရာအားသတိရသွားသလိုနှင့်Lu Cangဘက်လှည့်ပြီး

"မနက်ဖြန်စစ်မြေပြင်ကိုအရှင်မင်းကြီးနဲ့
အတူလိုက်သွားမှာလား"

အဝေးကအဖြူရောင်အရိပ်လျှောက်လှမ်းလာသည်ကိုLu Cangစူးစိုက်ကြည့်နေရင်းခေါင်းငြိမ့်ပြသည်

"အင်း..အမှန်တော့Mu Yueနဲ့အတူလိုက်ပါခွင့်
ကိုJingအရင်...အာ..အရှင်မင်းကြီးကို
အသနားခံစာတင်ခဲ့တာ"

"သခင်Luကစစ်သူကြီးလက်ထောက်ရာထူးမလား"

"နာမည်သာသာပဲရှိတာပါ...
နောက်ပြီးအရှင်မင်းကြီးကသူပါလိုက်ပါမယ်ဆိုပြီး
လိုက်လာတာ"

မိုးစက်များသည်လည်းကမ်းလှင့်နေသောခြောက်သွေ့နေသည့်ရင်ခွင်တွင်းသို့ကျဆင်းလာကြသည်

"မိုးရွာနေပြီ..နန်းတော်ကိုဘယ်လိုပြန်မှာလဲ
သခင်Lu"

Lu Cangပြန်ပြောခဲ့သောအကြောင်းအရာများအရခန္ဓာကိုယ်သည်အားနည်းနေဆဲဖြစ်မည်ဟုတွေးရင်းLiu Zhong Tangစိတ်ပူသွားသည်

"စိတ်ပူစရာမလိုပါဘူး"

ဝင်ပေါက်အားကြည့်ရန်Liu Zhong Tangအား
အချက်ပြလိုက်သည်

Lu Cangအားလာခေါ်ခြင်းဖြစ်ပြီး
ဝတ်နေကျအဖြူရောင်ဝတ်ရုံနဲ့အတူ
ဝင်ပေါက်၌Jingရပ်နေသည်
အမည်ဖော်ရန်ခက်ခဲသောခံစားချက်တွေနှင့်တည်ငြိမ်သောမျက်နှာပိုင်ရှင်သည်ပျော်ရွှင်နေတာလားစိတ်မချမ်းသာဖြစ်နေတာလားLu Cangမမှန်းဆနိုင်
ချောမောဆဲဖြစ်သောမျက်နှာထက်ရှိ
နှုတ်ခမ်းအစုံ၌လည်းLu Cangတစ်ယောက်
တည်းပိုင်သည့်အပြုံးအားဆင်မြန်းထားသည်

"အရှင်မင်းကြီး"

Liu Zhong Tangအမြန်ပင်ဒူးထောက်ကာ
ဂါဝရပြုသည်
Jingလည်းစကားပင်မဆိုပေမဲ့လက်ဝေ့ယမ်းကာထစေလိုက်သည်

Ding Pengနှင့်Mu Yueအပြင်စကားပြောရန်
အခြားမိတ်ဆွေများLu Cangလိုမည်ကို
သိပေမဲ့လည်းအခြားသူတွေနဲ့Lu Cangစကား
ပြောတိုင်းသဝန်တိုမိပြန်သည်။

"သခင်Lu..တရားရုံးကိုစစ်ဆေးနေကျအမှုကိစ္စ
တွေပြီးပြီလို့ထင်တယ်.."

အခြားသူများရှိသည့်အချိန်တိုင်းဧကရာဇ်ဆိုသောအရှိန်အဝါကိုလျော့ထားခြင်းမရှိ

"အရှင်မင်းကြီး..အခုလိုဂရုစိုက်တဲ့အတွက်
ဝမ်းမြောက်မိပါတယ်...အခုလေးတင်ပြီးပါပြီ"

ရိုကျိုးစွာပြန်ဖြေဖို့ဆန္ဒမရှိပေမဲ့လည်းဧကရာဇ်ပီပီစတင်သုံးနှုန်းလာသောJingကြောင့်ထို့နည်းတူပြန်ဖြေကြားလိုက်သည်
Jingကတော့ထုံးစံအတိုင်းဧကရာဇ်အပိုင်ပစ္စည်းအားမထိဖို့ရန်ခြိမ်းခြောက်လို့သည့်အနေနှင့်တမင်ပြောလိုက်ခြင်းဖြစ်သည်

"ဆရာLiu..စကားပြောလို့ကောင်းပါတယ်
နောက်တစ်ခါထပ်လာခဲ့ပါဦးမယ်"

"စောင့်မျှော်နေပါ့မယ်
သခင်Lu"

တအစ်ကိုကြီးတည်းအစ်ကိုကြီးနေကြတာ
မဟုတ်တဲ့အတွက်Liu Zhong Tangအပေါ်
မသာယာသည့်စိတ်ကအနည်းငယ်တော့
လျော့ပါးသွားသည်

တကိုယ်ကောင်းဆန်တယ်ပဲပြောပြော
Lu Cangနဲ့အခြားသူတွေရင်းရင်းနှီးနှီးဆက်ဆံ
သည်အားမနှစ်သက်လှ
Lu Cangနှင့်အနီးကပ်
ဆုံးသူသည်Jingတစ်ယောက်ပဲရှိရမည်

ဘယ်လက်ကိုLu Cangခါးတွင်နေရာယူလျက်
ရင်ခွင်တွင်းသို့ဆွဲသွင်းလိုက်ပြီး
Liu Zhong Tangအားသတိပေးအကြည့်
လွှတ်ထုတ်ရန်လည်းမမေ့လျော့

Lu Cangကတော့ရှက်သွေးဖျာလျက်Jing
အားမျက်စောင်းတွေလှိမ့်ထိုးတော့သည်

"ဘာလဲ"

နားမလည်ချင်ယောင်ဆောင်ကာ
ချိုသာစွာပင်ပြုံးပြီး

"မတတ်နိုင်ဘူးလေ..ထီးတစ်ချောင်းပဲယူလာတာ
အတူတူဆောင်းရမှာပေါ့..
လာကြိုတာတောင်ကျေးဇူးတင်ရမှာ..
နောက်မို့ဆိုမင်းမိုးမိပြီးအဖျားဝင်လိမ့်မယ်"

Jingကအခုတလောအကျင့်ရနေပြန်ပြီထင်တယ်
Lu Cangအားကလေးတစ်ယောက်လိုပင်
ဆက်ဆံနေပြန်သည်..အရင်တုန်းကကျ
မိန်းမတစ်ယောက်လို...နောက်ကောဘာတွေ
လာဦးမလဲ...အဘိုးအိုတစ်ယောက်လိုလား

သည်းထန်သောမိုးစက်တွေအောက်တွင်
ထီးတချောင်းတည်းနှင့်လူသားနှစ်ဦးသည်
အကြားအလပ်မရှိပူးကပ်နေကြသည်
နတ်များဖန်ဆင်းထားသကဲ့သို့သောပန်းချီကားသည်
မြင်လိုက်ရသောလူတိုင်းအား
အချစ်တွေနှင့်နွေးထွေးမှုတွေကိုခံစားမိစေသည်
တစ်ကယ်ကိုနတ်ဖတ်တဲ့စုံတွဲပါပဲ

နှစ်ယောက်သား၏နောက်ကျောပြင်အားကြည့်
ပြီးLiu Zhong Tangပြုံးမိသည်..
ထိုတော်ဝန်စုံတွဲအားကံကောင်းခြင်းတွေနှင့်
ပျော်ရွှင်မှုတွေသာရောက်ရှိလာပါစေဟု
ဆုတောင်းပေးနေမိသည်

"Jing..ငါ့ကိုမယုံဘူးမလား"

မျက်နှာမှာဆူပုတ်လျက်မျက်ရိုးနှစ်ခုကအတန်ငယ်ကွေးညွတ်နေကြသည်

"ဟမ်...ဘာလို့လဲ..ငါမင်းကိုအလုံးစုံယုံတာပေါ့"

"ဒါလေ..စိတ်ပျက်စရာကောင်းတဲ့ဟာ
ဘယ်နေရာသွားသွားလိုက်ကြိုနေတာ
ငါကလေးလေးမဟုတ်ဘူး.."

အသံမှာကျယ်လွန်းလို့အော်မယောင်ပင်
ဖြစ်သွားသည်

"အာ...ဘယ်သူကကလေးလေးလို့သတ်မှတ်
နေလို့လဲ..ကလေးလေးဆိုရင်ညတိုင်းအဲ့ဒီကိစ္စတွေငါလုပ်မလား"

ပိုပြီးမျက်နှာပြောင်တိုက်ကာရင်တွင်းဖြစ်သမျှထုတ်ပြောတတ်သူဖြစ်လာပေမဲ့လည်းအခုအချိန်ထိညစ်ညစ်စကားတွေဆိုရင်Lu Cangမခံနိုင်သေးဘူး

"မင်းကတော်တော့်ကိုစိတ်အနှောက်အယှက်ပေးတယ်"

"ကျေးဇူးပါ..ပြီးတော့မင်းကတကယ်ချစ်ဖို့
ကောင်းတယ်"

"မပြောတော့ဘူး...ဘာမှ"

••••••

နောက်တစ်နေ့မနက်ခင်းမှာတော့အရှေ့အရပ်
အားစစ်ချီမည့်စစ်သည်ရဲမက်များသည်အမိန့်သံကိုစောင့်ရင်း
နေရာတွင်အဆင့်သင့်ဖြစ်နေကြပြီ

ကောင်းကင်သည်မျှော်လင့်ထားသကဲ့သို့
ဖြစ်မလာပဲကြည်လင်သောကောင်းကင်တွင်
တိမ်မဲများကဖုံးကွယ်လျက်ရှိသည်

ရြေှ့ဖစ်အကြိုနိမိတ်များဖြစ်နေမလားဟုဆိုကာ
အားလုံး၏ရင်ထဲ၌စိုးရိပ်ပူပန်နေကြသည်

သို့ပေမဲ့ဧကရာဇ်ကတော့မပါဝင်

ကောင်းကင်မှနေရောင်အားခိုးယူထားသည်
ထင်ပါရဲ့။
မျက်နှာတစ်ခုလုံးတောက်ပနေပြီး
တောက်ပလွန်းလှသောဘုရင်၏မျက်နှာသည်
စိုးရိမ်ပူပန်နေကြသူများအားပျော်ရွှင်မှု
ကူးစက်စေသည်

စည်ရှစ်ကြိမ်တီးပြီးသည့်အခါတွင်အဆုံးအစမရှိသောစစ်တပ်ကြီးသည်လည်း
စတင်ချီတတ်ခဲ့ကြသည်
စစ်သူတွေအားဦးဆောင်သူမှာတော့
တိုင်းပြည်၏သူရဲကောင်းစစ်သူကြီးMu Yueပင်ဖြစ်သည်

နဂါးအသွင်စစ်ရထားဘေးတွင်တော့တပ်မှူးDing Peng
ကနေရာယူလျက်ရှိသည်
JingကLu Cangအားကာကွယ်စောင့်ရှောက်ရမည်ဟု
အမိန့်ပေးထားခဲ့သည်
ရထားလုံးအတွင်းမှာတော့ဘုရင်နှင့်သခင်Luလိုက်ပါစီးနင်းလာသည်
ပုံမှန်မဟုတ်သောရာသီဥတုကြောင့်မြင်းမစီးဘဲရထားလုံးအတွင်းဧကရာဇ်လိုက်ပါလာခြင်းသည်သင့်တော်သည်ဟုထင်မိပေမဲ့သခင်Luပါထိုင်နေခြင်းကတော့..

မြင်းစီးလို့မရအောင်တစ်ခုခုလုပ်ထားသည်ဟုဖြစ်မည်ဟုMu Yueနှင့်Ding Pengယူဆလိုက်ကြသည်
ပြုံးရွှင်နေသောဧကရာဇ်မျက်နှာတော်နှင့်ရှုံတွနေသောသခင်Lu အသွင်ကလည်းသူတို့ခန့်မှန်းထားတာမှန်နေကြောင်းဖော်ပြနေသည်
ကောင်းကင်ကိုသာကြည့်လျက်သာ
ထိုတော်ဝန်စုံတွဲပြဿနာတွေထပ်မဖန်တီးပါနဲ့
ဟုDing Pengဆုတောင်းမိတော့သည်..

••••••••

Hua Hua You Long Fanfiction 2(ဘာသာပြန်)Where stories live. Discover now